လက်ရှိ ယူနိုက်တက် နည်းပြ ဆိုးရှားက အမြဲတမ်းမန်နေဂျာ ဖြစ်လာဖို့ ပိုချက်တီနို၊ ဇီဒန်း၊ ကွန်တီ စတဲ့ နာမည်ကျော် နည်းပြများကို ကျော်လွန်ကာ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ရီးရဲလ်မှ အသက် ၂၅ နှစ်အရွယ် ပြင်သစ်ခံစစ်မှူး ဗာရိန်းကို လာမယ့် နွေ အပြောင်းအရွှေ့ ထိပ်သီး ပစ်မှတ်အဖြစ် ချိန်ရွယ်လာပါတယ်။

ယူနိုက်တက်မှာ နေရာမရတဲ့ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်ကစားသမား ပါရဲရားက ပြီးခဲ့တဲ့လထဲမှာ ဆန်းတို့စ်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆွေးနွေးခဲ့ပေမယ့် ကံမကောင်းစွာပဲ ပြောင်းရွှေ့ဖို့ ပျက်ပြယ်ခဲ့ရတယ်လို့ သိရပါတယ်။

ယူနိုက်တက် ကွင်းလယ်လူ ဟာရဲရာဟာ ကလပ်အသင်းနဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ နီးစပ်နေပါပြီ။ ဟာရဲရာဟာ ရာသီကုန်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်ကုန်မှာဖြစ်ပြီး ကလပ်အသင်းဘက်က 5 နှစ်စာချုပ် တိုးနိုင်ဖို့ ပြင်ဆင်နေတယ်။ ယန်းကိုလည်း နောက်ထပ် တစ်နှစ် သက်တမ်းတိုးနိုင်ဖို့ ပြင်ဆင်နေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အသက် ၃၃နှစ်အရွယ် ၀ါရင့်ကစားသမားကြီး အက်ရှ်လေယန်းကို သက်တမ်းတိုး စာချုပ် တစ်နှစ် ကမ်းလှမ်းထားခဲ့ပြီး လာမယ့် ရက်ပိုင်းအတွင်းပဲ သဘောတူ လက်မှတ်ထိုးသွားဖွယ် ရှိကြောင်း စကိုင်းစပေါ့သတင်းမှာ ဖော်ပြထားပါတယ်။

ယူနိုက်တက်ဟာ ယန်းကို သက်တမ်းတိုးပေမယ့် ဝါရင့်ကစားသမား ဗလန်စီယာကိုတော့ ထွက်ခွာခွင့် ပေးသွားဖွယ် ရှိနေပါတယ်။

ယူနိုက်တက်ဟာ ဟာရဲရာနဲ့ ဂျူအန်မာတာတို့ကိုလည်း စာချုပ်သစ်တွေကိုယ်စီ ပို့ထားခဲ့ပြီဖြစ်ပါတယ်။ ဟာရဲရာကတော့ သဘောတူညီဖို့ နီးစပ်နေပေမယ့် မာတာရဲ့ အနာဂတ်က ရှင်းလင်းစွာ မသိရသေးပါဘူး။ စပိန်ကွင်းလယ်လူဟာ အိုထရတ်ဖိုဒ့်ကနေ မထွက်ခွာလိုပေမယ့် ကလပ်အသင်းရဲ့ 12 လ သက်တမ်းတိုး ကမ်းလှမ်းမှုကိုတော့ အလိုမရှိပဲ ကာလရှည် သက်တမ်းတိုးမှုကို ရလိုနေတာဖြစ်တယ်။

ယူနိုက်တက် လူငယ်တိုက်စစ်သမား နှစ်ယောက်ဖြစ်တဲ့ ရက်ဖို့ဒ်နဲ့ လင်ဂတ်တို့က ခြေစွမ်းတက်စေရန် အချင်းချင်း အပြိုင် စိန်ခေါ်မှုများ လျှို့ဝှက် ပြုလုပ်ထားတယ်လို့ လင်ဂတ်က ဖွင့်ဟသွားပါတယ်။ ၄င်းတို့ ပြိုင်ဆိုင်ထားကြတာက ဂိုးနဲ့ ဂိုးထောက်ပံ့မှု တွေ ဖြစ်ပြီး အရေအတွက်ကိုတော့ ထုတ်ဖော် မပြောလိုသေးကြောင်း လင်ဂတ်က ဆိုပါတယ်။

ပိုချက်တီနိုက ယူနိုက်တက်နည်းပြ ရာထူးအတွက် ဆိုးရှား အရန်အဖြစ် ပစ်မှတ်ထား ထားတာ ကောင်းမွန်တဲ့ ကိစ္စ ဖြစ်တယ်လို့ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ၀ိန်းရွန်းနီက မှတ်ချက်ပြုလိုက်ပါတယ်။