ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် ပေါမာဆန်ရဲ့ သုံးသပ်ချက်တွေများ စုစည်း ဖော်ပြပေးလိုက်ပါတယ်။

ဖူဟမ် Vs မန်ချက်စတာယူနိုက်တက်/ (ဖေဖော်ဝါရီ ၉၊ စနေနေ့ည ၇း၀၀ နာရီ)

ယူနိုက်တက် အနိုင်ကလွဲပြီး အခြားရလဒ် မမြင်ဘူး။ ဖူလ်ဟမ်အတွက်တော့ သူတို့က သိပ်များလွန်းတယ်။ ဖူလ်ဟမ်က ဂိုးတော့ သွင်းနိုင်လိမ့်မယ်။ ပွဲမှာ သွင်းဂိုးတွေတော့ များပါလိမ့်မယ်။ ဒါပေမယ့် ယူနိုက်တက်အတွက် နောက်ထပ် အနိုင်သုံးမှတ်ပါပဲ။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ ဖူဟမ် 1-3 မန်ချက်စတာယူနိုက်တက်

ပဲလေ့စ် Vs ၀က်စ်ဟမ်း/ (ဖေဖော်ဝါရီ ၉၊ စနေနေ့ည ၉း၃၀ နာရီ)

ဝက်စ်ဟမ်းဆီကနေ ဘာရနိုင်မလဲဆိုတာ ဘယ်တော့မှ အတိအကျ ကြိုမသိနိုင်ပါဘူး.. ဒီပွဲက ပွဲကြီးပွဲကောင်းတော့ မဖြစ်နိုင်ဘူး။ လီဗာပူးနဲ့ပွဲကို ကြည့်ရင်း သူတို့ဟာ လိဂ်ဝမ်းအောက်ခြေက ၀င်ဘယ်တန်လို အသင်းငယ်ကို အက်ဖ်အေဖလား ပွဲစဉ်မှာ ဘယ်လို လေးဂိုး ခွင့်ပြုခဲ့လဲ တွေးတောင် မရဘူး။ တခါတလေ လုံးဝ အခြား တစ်သင်းလို ဖြစ်ဖြစ်သွားတတ်တဲ့ ၀က်စ်ဟမ်းနဲ့ ပတ်သတ်ပြီး မေးခွန်းထုတ်စရာတွေ ရှိနေပါတယ်။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ ပဲလေ့စ် 1-0 ၀က်စ်ဟမ်း

ဟက်ဒါဖီး Vs အာဆင်နယ်/ (ဖေဖော်ဝါရီ ၉၊ စနေနေ့ည ၉း၃၀ နာရီ)

အာဆင်နယ်ကိုပဲ ရွေးရပါမယ်။ ဒါပေမယ့် အာဆင်နယ်ရဲ့ ခံစစ်ကြောင့် သူတိုပ အရေးနိမ့်ခဲ့ရင်လည်း မအံ့သြပါဘူး။ သူတို့ရဲ့ ခံစစ်က မကောင်းပါဘူး။ ဟက်ဒါဖီးက အားလုံးကို ထည့်ပြီး ကစားဖို့လိုတယ်။ သရေဆိုတာက ကောင်းမွန်တဲ့ ရလဒ်ဖြစ်စေနိုင်ပေမယ့် အဲ့သည်လို ဖြစ်လာမှာ မဟုတ်ပါဘူး။ အဝေးကွင်းကိုလာပြီး သရေပဲယူဖို့က အာဆင်နယ်အတွက် အဓိပ္ပာယ်မရှိဘူး။ အာဆင်နယ်က နိုင်ပွဲတွေရဖို့ လိုနေပြီ အနိုင်ရလိုတယ်ဆိုရင် အစွမ်းကုန် ကြိုးစားဖို့ လိုတယ်။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ ဟက်ဒါဖီး 0-2 အာဆင်နယ်

လီဗာပူး Vs ဘုန်းမောက်/ (ဖေဖော်ဝါရီ ၉၊ စနေနေ့ည ၉း၃၀ နာရီ)

ဘုန်းမောက်က အဝေးကွင်းညံ့လို့ ဒီပွဲကို လီဗာပူးက နိုင်ပါလိမ့်မယ်။ ဒါပေမယ့် အဝေးအသင်းရဲ့ ကစားတဲ့ နည်းလမ်းတွေက လီဗာပူအတွက်လည်း အန္တရာယ်ကြီးပါတယ်။ သူတို့က ပဲလေစ့်လိုပါပဲ ချိုးဖောက်ဖို့ရာ လျှင်မြန်တဲ့ ကစားဟန်ရှိတယ်။ အဲ့တာက လီဗာပူးကို ရုန်းကန်စေပါလိမ့်မယ်။ လီဗာပူးက ပထမ မိနစ် 20 လောက်မှာ လွှမ်းမိုးနိုင်ဖို့ သိပ်ကို အရေးကြီးပါတယ်။ ဒီတော့ ပွဲကြီးတစ်ပွဲ ဖြစ်လာပါမယ်။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ လီဗာပူး 2-0 ဘုန်းမောက်

ဆောက်သမ်တန် Vs ကားဒစ်/ (ဖေဖော်ဝါရီ ၉၊ စနေနေ့ည ၉း၃၀ နာရီ)

ကားဒစ်က ဆောက်သမ်တန်ကို ခက်ခဲအောင် လုပ်ပါလိမ့်မယ်။ ပြီးခဲ့တဲ့ အပတ် ဘုန်းမောက်ကို နိုင်ခဲ့တာက နိုင်ပွဲကြီးပါ။ ဒါပေမယ့် ဆောက်သမ်တန်ကတော့ ကျသွားစရာ မရှိဘူး ကျနော် ထင်တယ်။ သူတို့ပဲ အနိုင်ရမှာပါ။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ ဆောက်သမ်တန် 2-0 ကားဒစ်

ဝက်ဖို့ Vs အဲဗာတန်/ (ဖေဖော်ဝါရီ ၉၊ စနေနေ့ည ၉း၃၀ နာရီ)

ဒီပွဲမှာတော့ ၀က်ဖို့ကိုသာ မြင်မိတာပဲ.. အဲဗာတန် နိုင်စရာ မတွေ့မိဘူး။ အခုက သူတို့ ဒုက္ခများနေတဲ့ ကာလပါ။ ၀က်ဖို့ကလည်း အသင်းကြီးတစ်သင်းလို ကစားတတ်တာ ဖြစ်လို့ သူတို့က သိပ်တောင့်တင်းတဲ့အသင်းပါ။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ ၀က်ဖို့ 2-1 အဲဗာတန်

ဘရိုက်တန် Vs ဘန်လေ/ (ဖေဖော်ဝါရီ ၁၀၊ တနင်္ဂနွေနေ့ မနက် ၁၂း၀၀ နာရီ)

ဒီပွဲက ဘရိုက်တန်အတွက် ပွဲကြီးပါ။ ပြီးခဲ့တဲ့ ကြားရက် အက်ဖ်အေဖလား ပွဲစဉ် ၀က်စ်ဘရွန်းနဲ့ပွဲမှာ ကစားသမား အတော်များများ အနားပေးထားခဲ့ပါတယ်။ ဒါက သူတို့ အတွက် ပွဲအသစ်တစ်ခုကို အင်ပြည့် အားပြည့် ရင်ဆိုင်ဖို့ ပြင်ဆင်ထားတယ်။ ဘန်လေကတော့ မူလဘူတ ဘန်လေ အသင်းပါပဲ။ ရင်ဆိုင်ရ အနိုင်ယူရ ခက်ခဲတဲ့ အသင်းပါ။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ ဘရိုက်တန် 0-0 ဘန်လေ

စပါး Vs လက်စတာ/ (ဖေဖော်ဝါရီ ၁၀၊ တနင်္ဂနွေနေ့ည ၈း၀၀ နာရီ)

အသင်းကြီးတွေနဲ့ ရင်ဆိုင်ရမှာ အကောင်းဆုံး ယှဉ်ပြိုင်ထားနိုင်တဲ့ လက်စတာလို အသင်းက စပါးအတွက်တော့ ခက်ခဲတဲ့ပွဲ ဖြစ်လာစေမှာပါ။ လက်စတာက ဗာဒီနဲ့အတူ ကောင်တာတိုက်စစ် ကစားနိုင်စွမ်းရှိပြီး မတ်ဒီဆန်နဲ့ ဂရေးတို့ကလည်း ထောက်ပံ့ပေးနိုင်တယ်။ ခက်ခဲတဲ့ စမ်းသပ်မှုဖြစ်ရင်တောင် စပါးက သူတို့အတွက် အရေးကြီးဆုံးဖြစ်တဲ့ နိုင်ပွဲကို ဆက်ပြီး ရသွားပါလိမ့်မယ်။ ဒီပွဲမှာ 6-0 လို ရလဒ်နဲ့ ဂိုးပြတ်ဖို့တော့ မရှိပါဘူး။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ စပါး 2-1 လက်စတာ

မန်စီးတီး Vs ချယ်ဆီး/ (ဖေဖော်ဝါရီ ၁၀၊ တနင်္ဂနွေနေ့ည ၁၀း၃၀ နာရီ)

ချယ်ဆီးအသင်းရဲ့ ခံစစ်နဲ့ သူတို့ရဲ့ ပေးမှု၊ ရွေ့လျားမှုတွေက မန်စီးတီးကို တိတ်ဆိတ်သွားအောင် ထိန်းချုပ်နိုင်မယ်လို့ မထင်ပဲ မန်စီးတီးပဲ အနိုင်ရသွားမှာပါ။ မားကိုစ့် အလွန်ဆိုက ကွင်းလယ်တိုက်စစ်သမား တစ်ဦးလို တိုက်စစ်လိုက်ပါတတ်သလို လူးဝစ်ကလည်း ကောင်းရင် အရမ်းကောင်းပြီး မကောင်းရင် လုံးဝ မကောင်းဘူး။ ဒီပွဲမှာ ချယ်ဆီးက ရလဒ်တစ်ခုခု ရခဲ့မယ်ဆိုရင် ကျနော် သိပ်ကို အံ့သြမိပါလိမ့်မယ်။

မန်စီးတီးက မနှစ်ကနဲ့ အတူညီပဲ အားနည်းချက်တွေ ရှိနေတယ်။ အရင်အပတ်က အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားပြီး သရေကျချိန်မှာ သူတို့က သက်သောင့်သက်သာနဲ့ ပိုကောင်းတဲ့ အသင်းဖြစ်နေပေမယ့် အရင်ခြေစွမ်းတွေလောက် လုံလောက်အောင် မကောင်းပါဘူး။ ချယ်ဆီးက အာဆင်နယ်ထက် ပိုကောင်းတာက စီးတီးအတွက် ခက်ခဲစေမှာပါ။ ဒါပေမယ့် ဘုန်းမောက်နဲ့ပွဲမှာလို ဂိုးသွင်းဖို့ မအောင်မြင်ခဲ့ရင် သူတို့ ပွဲကို ပြန်လာနိုင်မယ် မထင်ပါဘူး။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ မန်စီးတီး 3-1 ချယ်ဆီး

ဝုဗ် Vs နယူးကာဆယ်/ (ဖေဖော်ဝါရီ ၁၀၊ တနင်္လာနေ့မနက် ၂း၃၀ နာရီ)

ရာဖေးဘင်နီတက်ဇ်က နည်းဗျူဟာပိုင်း သိပ်ကောင်းတဲ့နည်းပြပါ.. သူက ဖိအားတွေ အောက်မှာ ရှိကောင်း ရှိနေမယ်.. ဒါပေမယ့် ပရီးမီးယားလိဂ်မှာ အကောင်းဆုံး နည်းပြလို့တောင် ဆိုနိုင်ပါတယ်။ မန်စီးတီးလို အသင်းနဲ့ ရင်ဆိုင်ရမှာ အမှတ်ရအောင် ယူခဲ့တာကို ကြည့်ပါ။ ဒါကြောင့် သူတို့လို အသင်းက အနိုင်ယူရ ခက်ပါတယ်။ ၀ုဗ်ကလည်း ခက်ခဲတဲ့ အသင်း ဖြစ်ပါတယ်။ အိမ်ကွင်းမှာ ပြီးခဲ့တဲ့ အပတ်က ဇယားအောက်ခြေက ဟက်ဒါဖီးကို ရှုံးလိုက်တဲ့ အတွက် ဒီပွဲကို သူတို့လည်း ခက်ခက်ခဲခဲ ကစားပါလိမ့်မယ်။ ဒီတော့ ဒီပွဲက သူတင် ကိုယ်တင် အကြိတ်အနယ် ရှိမှာပါ။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ ၀ုဗ် 1-1 နယူးကာဆယ်