ခ်ယ္ဆီးအသင္းတိုက္စစ္မွဴး ဂ်ရူးဟာ ကလပ္အသင္းရဲ႕ ဝါရင့္ကစားသမားျဖစ္ေပမယ့္ ျပိဳင္ပြဲစံု ေလးပြဲဆက္တိုက္ ေရြးခ်ယ္ခံရဖို႔ က်ဆံုးေနျပီး ေနာက္ဆံုးႏွစ္ပြဲမွာ အရန္စာရင္းမွာေတာ့ မပါခဲ့တာအတြက္ မန္ေနဂ်ာလမ္းပတ္က စကားေျပာမႈ လုပ္လာခဲ့ပါျပီ။

ဂ်ရူးဟာ ေနာက္ဆံုးယွဥ္ျပိဳင္ခဲ့တဲ့ လီဗာပူးနဲ႔ပြဲနဲ႔ ကာရာေဘာင္ပြဲေတြမွာ အရန္လူစာရင္းမွာေတာင္ မပါခဲ့ပါဘူး။ မ်ားစြာေသာ ေကာလဟာလ သတင္းေတြမွာေတာ့ သူဟာ မန္ေနဂ်ာေဟာင္း ကြန္တီရွိရာ အင္တာမီလန္ကို ေျပာင္းမယ္လို႔လည္း ေဖာ္ျပေနတာျဖစ္တယ္။ ဂ်ရူးဟာ ခ်ယ္ဆီးနဲ႔ ရာသီကုန္ထိပဲ စာခ်ဳပ္ရွိတာျဖစ္ျပီး ေႏြမွာ ထြက္ခြာသြားမွာျဖစ္တယ္။

မန္ေနဂ်ာလမ္းပတ္ဟာ လူငယ္ကစားသမားေတြ အသားေပးမႈနဲ႔အတူ ျပဳျပင္ေျပာင္းလဲေရး ကိစၥရပ္အသစ္ေတြကို စတင္လာခဲ့တာ အေတာ္ခရီးေပါက္ေနပါျပီ။ ဒါေပမယ့္လို႔ ေနာက္ပိုင္းပြဲေတြမွာ ဘတ္ရူဝါရီကို အရန္စာရင္းကေန ပြဲကစားခြင့္ေတြ ေပးေနျပီး ဂ်ရူးကို လူစာရင္းထဲ မထည့္တာက ကစားသမား ဖ်ားေနလို႔ျဖစ္ေၾကာင္း ေျပာပါတယ္။

လမ္းပတ္က “ ဂ်ရူးက ဖ်ားေနတာပါ။ ဒါေၾကာင့္ပဲ လီဗာပူးနဲ႔ပြဲမွာ သူ႔ကို လူစာရင္းကေန ထုတ္ခဲ့တာျဖစ္ျပီး အခုခ်ိန္ထိ ျပန္သက္သာလာဖို႔ အားယူေနရဆဲပါ။ ဘတ္ရႈဝါရီကေတာ့ ေလ့က်င့္ေရးမွာ အေကာင္းဆံုး လုပ္ထားျပီး သက္ေရာက္မႈေကာင္းေတြ ျပသထားႏုိင္ပပါတယ္။ သူက က်ေနာ္အတြက္ ကစားသမားေကာင္းပါ။ ေဘာလံုးကို ထိန္းေပးႏုိင္ျပီး ေလ့က်င့္ေရးမွာလည္း အေကာင္းဆံုး လုပ္ထားႏုိင္လုိ႔ က်ေနာ္တို႔အတြက္ အေရးပါပါတယ္ ” လို႔ ဆိုထားပါတယ္။

ဂ်ရူးဟာ လာမယ့္ပြဲေတြမွာ ေနရာျပန္ရလာမလားက ေစာင့့္ၾကည့္ရမွာျဖစ္ေပမယ့္ မၾကာခင္မွာ ခ်ယ္ဆီးဟာ ကစားသမားသစ္ေတြ ျပန္လည္ေခၚယူဖို႔ အေကာင္းျမင္ေနလို႔ ျပင္သစ္သား ကမၻာဖလားခ်န္ပီယံဟာ လန္ဒန္အသင္းနဲ႔ အနာဂတ္မရွိေတာ့တာ ျဖစ္ႏုိင္ေၾကာင္း မွတ္ခ်က္ေပးခံေနရတာျဖစ္ပါတယ္။

UNICODE

ချယ်ဆီးအသင်းတိုက်စစ်မှူး ဂျရူးဟာ ကလပ်အသင်းရဲ့ ဝါရင့်ကစားသမားဖြစ်ပေမယ့် ပြိုင်ပွဲစုံ လေးပွဲဆက်တိုက် ရွေးချယ်ခံရဖို့ ကျဆုံးနေပြီး နောက်ဆုံးနှစ်ပွဲမှာ အရန်စာရင်းမှာတော့ မပါခဲ့တာအတွက် မန်နေဂျာလမ်းပတ်က စကားပြောမှု လုပ်လာခဲ့ပါပြီ။

ဂျရူးဟာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ လီဗာပူးနဲ့ပွဲနဲ့ ကာရာဘောင်ပွဲတွေမှာ အရန်လူစာရင်းမှာတောင် မပါခဲ့ပါဘူး။ များစွာသော ကောလဟာလ သတင်းတွေမှာတော့ သူဟာ မန်နေဂျာဟောင်း ကွန်တီရှိရာ အင်တာမီလန်ကို ပြောင်းမယ်လို့လည်း ဖော်ပြနေတာဖြစ်တယ်။ ဂျရူးဟာ ချယ်ဆီးနဲ့ ရာသီကုန်ထိပဲ စာချုပ်ရှိတာဖြစ်ပြီး နွေမှာ ထွက်ခွာသွားမှာဖြစ်တယ်။

မန်နေဂျာလမ်းပတ်ဟာ လူငယ်ကစားသမားတွေ အသားပေးမှုနဲ့အတူ ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်အသစ်တွေကို စတင်လာခဲ့တာ အတော်ခရီးပေါက်နေပါပြီ။ ဒါပေမယ့်လို့ နောက်ပိုင်းပွဲတွေမှာ ဘတ်ရူဝါရီကို အရန်စာရင်းကနေ ပွဲကစားခွင့်တွေ ပေးနေပြီး ဂျရူးကို လူစာရင်းထဲ မထည့်တာက ကစားသမား ဖျားနေလို့ဖြစ်ကြောင်း ပြောပါတယ်။

လမ်းပတ်က “ ဂျရူးက ဖျားနေတာပါ။ ဒါကြောင့်ပဲ လီဗာပူးနဲ့ပွဲမှာ သူ့ကို လူစာရင်းကနေ ထုတ်ခဲ့တာဖြစ်ပြီး အခုချိန်ထိ ပြန်သက်သာလာဖို့ အားယူနေရဆဲပါ။ ဘတ်ရှုဝါရီကတော့ လေ့ကျင့်ရေးမှာ အကောင်းဆုံး လုပ်ထားပြီး သက်ရောက်မှုကောင်းတွေ ပြသထားနိုင်ပပါတယ်။ သူက ကျနော်အတွက် ကစားသမားကောင်းပါ။ ဘောလုံးကို ထိန်းပေးနိုင်ပြီး လေ့ကျင့်ရေးမှာလည်း အကောင်းဆုံး လုပ်ထားနိုင်လို့ ကျနော်တို့အတွက် အရေးပါပါတယ် ” လို့ ဆိုထားပါတယ်။

ဂျရူးဟာ လာမယ့်ပွဲတွေမှာ နေရာပြန်ရလာမလားက စောင့်ကြည့်ရမှာဖြစ်ပေမယ့် မကြာခင်မှာ ချယ်ဆီးဟာ ကစားသမားသစ်တွေ ပြန်လည်ခေါ်ယူဖို့ အကောင်းမြင်နေလို့ ပြင်သစ်သား ကမ္ဘာဖလားချန်ပီယံဟာ လန်ဒန်အသင်းနဲ့ အနာဂတ်မရှိတော့တာ ဖြစ်နိုင်ကြောင်း မှတ်ချက်ပေးခံနေရတာဖြစ်ပါတယ်။