လီဗာပူးဟာ မႏွစ္က ပရီးမီးယားလိဂ္ဖလားကို ကပ္သီးေလး လြဲေခ်ာ္ခဲ့ၿပီး အေကာင္းဆုံး အခြင့္အေရးကို လက္လႊတ္ခဲ့ရသလို ဒီရာသီမွာ ရာႏႈန္းျပည့္ ႏိုင္ပြဲဆက္ေနေပမယ့္ အမွတ္ေပးဖလားကို အႏုိင္ရမွာ မဟုတ္ဘူးလို႔ တိုက္စစ္မွဴးေဟာင္း ဒီေအာ့က ေျပာဆိုလိုက္ပါတယ္။

၂၀၁၈-၂၀၁၉ ရာသီမွာ လီဗာပူးဟာ မန္စီးတီးနဲ႔ တစ္မွတ္သာ ကြာဟခဲ့ျပီး အမွတ္ေပးပြဲ ၃၈ပြဲ မွာ ကေလာ့ပ္ရဲ႕ အသင္းဟာ တစ္ပြဲသာ ရႈံးနိမ့္ခဲ့ေပမယ့္ အမွတ္ေပးဖလားကို အႏုိင္မရခဲ့ပါဘူး။ လီဗာပူး ကစားသမား ဘဝအတြင္း ကံမေကာင္းခဲ့တဲ့အျပင္ စတီဗင္ဂ်ရတ္၊ ဂ်င္မီကာေရဂါတို႔နဲ႔ ရန္စရွိတ့ ဆီနီေဂါသားဟာ ယခင္ႏွစ္မ်ားစြာက အသင္းေဟာင္းကို ေဝဖန္ခဲ့ၿပီး ဒီရန္စကို ျပန္စတင္ခဲ့တာပါ။

“မႏွစ္က သူတို႔ လုပ္ခဲ့သလိုမ်ိဳး လုပ္ေနတာကို က်ေနာ္ မေတြ႕ရပါဘူး။ သူတို႔မွာ ဖလားေအာင္ျမင္ဖို႔ အခြင့္အေရး ရခဲ့ၿပီး လြဲေခ်ာ္ခဲ့တယ္။ ခရစၥမတ္ကာလအတြင္း ၇ မွတ္သာေနခဲ့ၿပီး အဆုံးသတ္မွာ စီးတီး ေအာင္ပြဲခံသြားတာက စိတ္ပ်က္စရာပါ။ အဂၤလန္မွာ သူတို႔ ေျပာသလိုပဲ သူတို႔ သီသီေလး လြဲေခ်ာ္ခဲ့တယ္လို႔ ထင္ပါတယ္။

တစ္ရာသီလုံး ရႈံးပြဲတစ္ပြဲပဲ ရွိရင္ ဖလားမရခဲ့ဘူးလို႔ ေျပာႏိုင္မွာမဟုတ္တာ ေသခ်ာတယ္။ ဒါ​ေၾကာင့္ သူတို႔ အလားတူ ရာသီမ်ိဳး ျဖစ္ၿပီး ခ်န္ပီယံေတြ ျဖစ္လာမယ္လို႔ ထင္ဖို႔ က်ေနာ့္ အတြက္ ခက္ခဲတယ္။ စီးတီးကပဲ ထပ္ၿပီး ႏိုင္သြားမွာပါ။ ” လို႔ သူက ေျပာဆိုခဲ့ပါတယ္။

လက္ရွိမွာ စီးတီးက ငါးမွတ္ေလ်ာ့ေနေပမယ့္ တစ္ရာသီ ခရီးက အေဝးႀကီး က်န္ပါေသးတယ္။ အနီေရာင္ မာေဆးဆိုဒ္ ကလပ္နဲ႔ ပတ္သက္ၿပီး အသက္ ၃၈ႏွစ္အ႐ြယ္ ဒိုင္ေအာ့ဖ္က အေကာင္း ေျပာေလ့မရွိသူပါ။ သူဟာ ၂၀၀၂ ကမာၻ႔ဖလား မတိုင္ခင္ ေပါင္ ၁၀ သန္းနဲ႔ သေဘာတူညီမႈ ရခဲ့တာ ျဖစ္ၿပီး ၇၉ ပြဲမွာ ၆ ဂိုးသာ ရရွိခဲ့ပါတယ္။

ဘာစီလိုနာ ဒါမွမဟုတ္ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းဖို႔ အခြင့္အေရးေတြ ရွိခဲ့ေပမယ့္ လီဗာပူးကို လာဖို႔ ဆံုးျဖတ္ခဲ့တာအတြက္ ေနာင္တရေနဆဲ ျဖစ္ေၾကာင္း အာဖရိက တစ္ႏွစ္တာ အေကာင္းဆုံး ကစားသမားဆု ႏွစ္ႀကိမ္ရ ကစားသမားက ဆိုပါတယ္။

” လီဗာပူးက က်ေနာ့္ကို မွန္မွန္ကန္ကန္ မဆက္ဆံခဲ့ဘူး။ က်ေနာ္က ပိုေကာင္းတာေတာင္ တခ်ိဳ႕ကစားသမားေတြကိူ က်ေနာ့္ထက္ ခ်စ္ခဲ့တယ္ဆိုတဲ့ အခ်က္ကို က်ေနာ္ ဘယ္ေတာ့မွ မဖံုးကြယ္ခဲ့ဘူး။ တစ္ခါတစ္ေလက သတင္းေထာက္ေတြက ကလပ္နဲ႔ အဝတ္လဲခန္းမွာ ဘာေတြျဖစ္တယ္ဆိုတာ သိမွာ မဟုတ္ဘူး။

က်ေနာ့္ကို အထင္မလြဲပါနဲ႔။ မာေနးဆီက ၾကားရသေလာက္ ကလပ္က အခုခ်ိန္မွာ ေကာင္းေကာင္းသြားေနတယ္လို႔ သိရတယ္။ ဒါေပမယ့္ က်ေနာ့္ကို ေဘးလူလို သေဘာထားခဲ့တာကိုေတာ့ က်ေနာ္ ခံစားရပါတယ္။ စိတ္ပ်က္စရာေကာင္းတာက ရီးရဲလ္နဲ႔ဘာစီလိုနာဟာ က်ေနာ့္ကို ေငြပိုေပးၿပီး ကမ္းလွမ္းခဲ့ေပမယ့္ က်ေနာ္ လီဗာပူးကိုပဲ သြားခ်င္ခဲ့ၿပီး အဆိုးဝါးဆုံး အဆုံးသတ္ခဲ့ရတာပဲ။ ” လို႔ ေျပာခဲ့ပါတယ္။

ဒိုင္ေအာ့ဖ္ဟာ ကနဦး အငွားအေနနဲ႔ ၂၀၀၄ မွာ လီဗာပူးကေန ေဘာ္လ္တန္ကို ထြက္ခြာခဲ့ၿပီး ဆန္းဒါးလန္း၊ ဘလက္ဘန္း၊ ရိန္းဂ်ား၊ ဒြန္ကတ္စတာနဲ႔ လိဒ္တို႔မွာလဲ ကစားခဲ့ကာ မေလးရွားကလပ္ Sabah FA မွာ ကစားသမား ဘဝကို အဆုံးသတ္ခဲ့တာ ျဖစ္ပါတယ္။

UNICODE

လီဗာပူးဟာ မနှစ်က ပရီးမီးယားလိဂ်ဖလားကို ကပ်သီးလေး လွဲချော်ခဲ့ပြီး အကောင်းဆုံး အခွင့်အရေးကို လက်လွှတ်ခဲ့ရသလို ဒီရာသီမှာ ရာနှုန်းပြည့် နိုင်ပွဲဆက်နေပေမယ့် အမှတ်ပေးဖလားကို အနိုင်ရမှာ မဟုတ်ဘူးလို့ တိုက်စစ်မှူးဟောင်း ဒီအော့က ပြောဆိုလိုက်ပါတယ်။

၂၀၁၈-၂၀၁၉ ရာသီမှာ လီဗာပူးဟာ မန်စီးတီးနဲ့ တစ်မှတ်သာ ကွာဟခဲ့ပြီး အမှတ်ပေးပွဲ ၃၈ပွဲ မှာ ကလော့ပ်ရဲ့ အသင်းဟာ တစ်ပွဲသာ ရှုံးနိမ့်ခဲ့ပေမယ့် အမှတ်ပေးဖလားကို အနိုင်မရခဲ့ပါဘူး။ လီဗာပူး ကစားသမား ဘဝအတွင်း ကံမကောင်းခဲ့တဲ့အပြင် စတီဗင်ဂျရတ်၊ ဂျင်မီကာရေဂါတို့နဲ့ ရန်စရှိတ့ ဆီနီဂေါသားဟာ ယခင်နှစ်များစွာက အသင်းဟောင်းကို ဝေဖန်ခဲ့ပြီး ဒီရန်စကို ပြန်စတင်ခဲ့တာပါ။

“မနှစ်က သူတို့ လုပ်ခဲ့သလိုမျိုး လုပ်နေတာကို ကျနော် မတွေ့ရပါဘူး။ သူတို့မှာ ဖလားအောင်မြင်ဖို့ အခွင့်အရေး ရခဲ့ပြီး လွဲချော်ခဲ့တယ်။ ခရစ္စမတ်ကာလအတွင်း ၇ မှတ်သာနေခဲ့ပြီး အဆုံးသတ်မှာ စီးတီး အောင်ပွဲခံသွားတာက စိတ်ပျက်စရာပါ။ အင်္ဂလန်မှာ သူတို့ ပြောသလိုပဲ သူတို့ သီသီလေး လွဲချော်ခဲ့တယ်လို့ ထင်ပါတယ်။

တစ်ရာသီလုံး ရှုံးပွဲတစ်ပွဲပဲ ရှိရင် ဖလားမရခဲ့ဘူးလို့ ပြောနိုင်မှာမဟုတ်တာ သေချာတယ်။ ဒါကြောင့် သူတို့ အလားတူ ရာသီမျိုး ဖြစ်ပြီး ချန်ပီယံတွေ ဖြစ်လာမယ်လို့ ထင်ဖို့ ကျနော့် အတွက် ခက်ခဲတယ်။ စီးတီးကပဲ ထပ်ပြီး နိုင်သွားမှာပါ။ ” လို့ သူက ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာ စီးတီးက ငါးမှတ်လျော့နေပေမယ့် တစ်ရာသီ ခရီးက အဝေးကြီး ကျန်ပါသေးတယ်။ အနီရောင် မာဆေးဆိုဒ် ကလပ်နဲ့ ပတ်သက်ပြီး အသက် ၃၈နှစ်အရွယ် ဒိုင်အော့ဖ်က အကောင်း ပြောလေ့မရှိသူပါ။ သူဟာ ၂၀၀၂ ကမ္ဘာ့ဖလား မတိုင်ခင် ပေါင် ၁၀ သန်းနဲ့ သဘောတူညီမှု ရခဲ့တာ ဖြစ်ပြီး ၇၉ ပွဲမှာ ၆ ဂိုးသာ ရရှိခဲ့ပါတယ်။

ဘာစီလိုနာ ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ်ကို ပြောင်းဖို့ အခွင့်အရေးတွေ ရှိခဲ့ပေမယ့် လီဗာပူးကို လာဖို့ ဆုံးဖြတ်ခဲ့တာအတွက် နောင်တရနေဆဲ ဖြစ်ကြောင်း အာဖရိက တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု နှစ်ကြိမ်ရ ကစားသမားက ဆိုပါတယ်။

” လီဗာပူးက ကျနော့်ကို မှန်မှန်ကန်ကန် မဆက်ဆံခဲ့ဘူး။ ကျနော်က ပိုကောင်းတာတောင် တချို့ကစားသမားတွေကိူ ကျနော့်ထက် ချစ်ခဲ့တယ်ဆိုတဲ့ အချက်ကို ကျနော် ဘယ်တော့မှ မဖုံးကွယ်ခဲ့ဘူး။ တစ်ခါတစ်လေက သတင်းထောက်တွေက ကလပ်နဲ့ အဝတ်လဲခန်းမှာ ဘာတွေဖြစ်တယ်ဆိုတာ သိမှာ မဟုတ်ဘူး။

ကျနော့်ကို အထင်မလွဲပါနဲ့။ မာနေးဆီက ကြားရသလောက် ကလပ်က အခုချိန်မှာ ကောင်းကောင်းသွားနေတယ်လို့ သိရတယ်။ ဒါပေမယ့် ကျနော့်ကို ဘေးလူလို သဘောထားခဲ့တာကိုတော့ ကျနော် ခံစားရပါတယ်။ စိတ်ပျက်စရာကောင်းတာက ရီးရဲလ်နဲ့ဘာစီလိုနာဟာ ကျနော့်ကို ငွေပိုပေးပြီး ကမ်းလှမ်းခဲ့ပေမယ့် ကျနော် လီဗာပူးကိုပဲ သွားချင်ခဲ့ပြီး အဆိုးဝါးဆုံး အဆုံးသတ်ခဲ့ရတာပဲ။ ” လို့ ပြောခဲ့ပါတယ်။

ဒိုင်အော့ဖ်ဟာ ကနဦး အငှားအနေနဲ့ ၂၀၀၄ မှာ လီဗာပူးကနေ ဘော်လ်တန်ကို ထွက်ခွာခဲ့ပြီး ဆန်းဒါးလန်း၊ ဘလက်ဘန်း၊ ရိန်းဂျား၊ ဒွန်ကတ်စတာနဲ့ လိဒ်တို့မှာလဲ ကစားခဲ့ကာ မလေးရှားကလပ် Sabah FA မှာ ကစားသမား ဘဝကို အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။