ရွက္ဖီးယူႏိုက္တက္ဟာ ဒီရာသီ ပရီးမီးယားလိဂ္ ၆ ပြဲအၿပီး အဆင့္ ၁၀ မွာ ရပ္တည္ေနတာ တန္းတက္ရာသီကို အထင္ႀကီးဖြယ္ စတင္ႏိုင္ခဲ့ေပမယ့္ ဘရာေမာလိန္းမွာ ဥေရာပ ခ်န္ပီယံေတြကို လက္ခံကစားရမယ့္ အခက္ခဲဆုံး စိန္ေခၚမႈႀကီး ရွိေနပါတယ္။

ဒီရာသီမွာ လီဗာပူးဟာ အဖြင့္ ၆ ပြဲကို ႏိုင္ၿပီး ထိပ္ဆုံးမွာ ငါးမွတ္အသာနဲ႔ ရပ္တည္ေနသလို ကလပ္အသင္းရဲ႕ ပရီးမီးယားလိဂ္သမုိင္းမွာ အေကာင္းဆံုး မွတ္တမ္းအျဖစ္ ၁၅ ပြဲဆက္အထိ အႏိုင္ရထားတာပါ။ ဒီလို အသင္းကို ရင္ဆိုင္ရမွာျဖစ္လို႔ ရွက္ဖီးမန္ေနဂ်ာ ခရစ္ဝိုင္ဒါက သတိေပးမႈၾကီး ထုတ္ျပန္ခဲ့ျပီျဖစ္ပါတယ္။

“က်ေနာ္တို႔ ကစားသမားေတြ အူေၾကာင္ေၾကာင္ ပုံစံေလးေတြနဲ႔ ျဖစ္ေနတာမ်ိဳး က်ေနာ္ မလိုခ်င္ဘူး။ ‘ က်ေနာ့္အတြက္ အက်ႌလဲၿပီး လက္မွတ္ေလးပါ ထိုးေပးႏိူင္မလား’ ဆိုၿပီး ေျပာတာမ်ိဴးေပါ့။ ” လို႔ ဝိုင္ဒါက ေျပာပါတယ္။

သူကပဲ ဆက္လက္ျပီး ” ကလပ္ႏွစ္ခုၾကား ကြာဟခ်က္က ႀကီးမားေပမယ့္ က်ေနာ္တို႔က ပရီးမီးယားလိဂ္မွာ တန္းတူ ကစားေနရတာ ျဖစ္ၿပီး အဲ့ကြာျခားခ်က္ကို က်ဥ္းေျမာင္းေစဖို႔ ႀကိဳးစားေနပါတယ္။ ဒါေၾကာင့္ ပြဲမတိုင္ခင္ က်ေနာ့္ကစားသမားေတြကို ေမးမယ္ဆိုရင္ သူတို႔က ၿပိဳင္ဖက္ကို တစ္ဦးခ်င္းစီ အေကာင္းဆုံး တိုက္ခိုက္ဖို႔ အလိုရွိေနမယ္လို႔ ထင္တယ္။ လီဗာပူးက က်ေနာ္တို႔ ကြင္းကိုလာၿပီး အလြယ္တကူ သံုးမွတ္ရလို႔ အရမ္းေက်းဇူးတင္ေနမွာကို က်ေနာ္ မလိုလားဘူး။ ” လို႔ ရွက္ဖီးယူႏိုက္တက္ နည္းျပ ခရစ္ဝိုင္ဒါက ဆိုပါတယ္။

ဒီရာသီမွာ ၁၇ ဂိုးရထားတဲ့ ကေလာ့ပ္ရဲ႕ အသင္းထက္ သြင္းဂိုးပိုမ်ားတဲ့အသင္းက မန္စီးတီးပဲရွိျပီး လီဗာပူးဟာ ရွက္ဖီးကို ဂိုးအမ်ားႀကီးရဖို႔ ၿခိမ္းေျခာက္ပါလိမ့္မယ္။ ရွက္ဖီးဟာ ဒီရာသီမွာ ဗဟိုခံစစ္ သုံး​ေယာက္သုံးၿပီး ကစားခဲ့ေပမယ့္ ဖာမီႏို၊ မာေနး၊ ဆာလက္တို႔ကို ထိန္းဖို႔ အကူေတြ လိုႏိုင္တာကို ဝိုင္ဒါက သိေနပါတယ္။

“ေနာက္တန္းသုံးေယာက္နဲ႔ မရႏိုင္ဘူး။ ေနာက္တန္း ၁၀ ​ေယာက္၊ ၁၁ ေယာက္ ေလာက္မွ ရမယ္။ ကြင္းထဲမွာ သူတို႔ ကစားတဲ့ပုံ၊ အရွိန္အဟုန္ နဲ႔ တိုက္စစ္ဆင္ပုံက က်ေနာ္တို႔ထက္ ပိုေကာင္းတဲ့ အသင္းေတြကိုေတာင္ ျပသနာျဖစ္ေစခဲ့တာပါ။ ဒါေၾကာင့္ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ သုံးႏွစ္အတြင္း သူတို႔လုပ္ခဲ့တဲ့ အရည္အေသြး ေတြအတိုင္း က်ေနာ္တို႔ကို မျပသဖို႔ ေမွ်ာ္လင့္ရတာပဲ။ ” လို႔ ေျပာဆိုခဲ့ပါတယ္။

UNICODE

ရှက်ဖီးယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ၆ ပွဲအပြီး အဆင့် ၁၀ မှာ ရပ်တည်နေတာ တန်းတက်ရာသီကို အထင်ကြီးဖွယ် စတင်နိုင်ခဲ့ပေမယ့် ဘရာမောလိန်းမှာ ဥရောပ ချန်ပီယံတွေကို လက်ခံကစားရမယ့် အခက်ခဲဆုံး စိန်ခေါ်မှုကြီး ရှိနေပါတယ်။

ဒီရာသီမှာ လီဗာပူးဟာ အဖွင့် ၆ ပွဲကို နိုင်ပြီး ထိပ်ဆုံးမှာ ငါးမှတ်အသာနဲ့ ရပ်တည်နေသလို ကလပ်အသင်းရဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံး မှတ်တမ်းအဖြစ် ၁၅ ပွဲဆက်အထိ အနိုင်ရထားတာပါ။ ဒီလို အသင်းကို ရင်ဆိုင်ရမှာဖြစ်လို့ ရှက်ဖီးမန်နေဂျာ ခရစ်ဝိုင်ဒါက သတိပေးမှုကြီး ထုတ်ပြန်ခဲ့ပြီဖြစ်ပါတယ်။

“ကျနော်တို့ ကစားသမားတွေ အူကြောင်ကြောင် ပုံစံလေးတွေနဲ့ ဖြစ်နေတာမျိုး ကျနော် မလိုချင်ဘူး။ ‘ ကျနော့်အတွက် အင်္ကျီလဲပြီး လက်မှတ်လေးပါ ထိုးပေးနိူင်မလား’ ဆိုပြီး ပြောတာမျိူးပေါ့။ ” လို့ ဝိုင်ဒါက ပြောပါတယ်။

သူကပဲ ဆက်လက်ပြီး ” ကလပ်နှစ်ခုကြား ကွာဟချက်က ကြီးမားပေမယ့် ကျနော်တို့က ပရီးမီးယားလိဂ်မှာ တန်းတူ ကစားနေရတာ ဖြစ်ပြီး အဲ့ကွာခြားချက်ကို ကျဉ်းမြောင်းစေဖို့ ကြိုးစားနေပါတယ်။ ဒါကြောင့် ပွဲမတိုင်ခင် ကျနော့်ကစားသမားတွေကို မေးမယ်ဆိုရင် သူတို့က ပြိုင်ဖက်ကို တစ်ဦးချင်းစီ အကောင်းဆုံး တိုက်ခိုက်ဖို့ အလိုရှိနေမယ်လို့ ထင်တယ်။ လီဗာပူးက ကျနော်တို့ ကွင်းကိုလာပြီး အလွယ်တကူ သုံးမှတ်ရလို့ အရမ်းကျေးဇူးတင်နေမှာကို ကျနော် မလိုလားဘူး။ ” လို့ ရှက်ဖီးယူနိုက်တက် နည်းပြ ခရစ်ဝိုင်ဒါက ဆိုပါတယ်။

ဒီရာသီမှာ ၁၇ ဂိုးရထားတဲ့ ကလော့ပ်ရဲ့ အသင်းထက် သွင်းဂိုးပိုများတဲ့အသင်းက မန်စီးတီးပဲရှိပြီး လီဗာပူးဟာ ရှက်ဖီးကို ဂိုးအများကြီးရဖို့ ခြိမ်းခြောက်ပါလိမ့်မယ်။ ရှက်ဖီးဟာ ဒီရာသီမှာ ဗဟိုခံစစ် သုံးယောက်သုံးပြီး ကစားခဲ့ပေမယ့် ဖာမီနို၊ မာနေး၊ ဆာလက်တို့ကို ထိန်းဖို့ အကူတွေ လိုနိုင်တာကို ဝိုင်ဒါက သိနေပါတယ်။

“နောက်တန်းသုံးယောက်နဲ့ မရနိုင်ဘူး။ နောက်တန်း ၁၀ ယောက်၊ ၁၁ ယောက် လောက်မှ ရမယ်။ ကွင်းထဲမှာ သူတို့ ကစားတဲ့ပုံ၊ အရှိန်အဟုန် နဲ့ တိုက်စစ်ဆင်ပုံက ကျနော်တို့ထက် ပိုကောင်းတဲ့ အသင်းတွေကိုတောင် ပြသနာဖြစ်စေခဲ့တာပါ။ ဒါကြောင့် လွန်ခဲ့တဲ့ နှစ်နှစ် သုံးနှစ်အတွင်း သူတို့လုပ်ခဲ့တဲ့ အရည်အသွေး တွေအတိုင်း ကျနော်တို့ကို မပြသဖို့ မျှော်လင့်ရတာပဲ။ ” လို့ ပြောဆိုခဲ့ပါတယ်။