ပရီးမီးယားလိဂ် နာမည်ကျော် တိုက်စစ်သမားဟောင်း မိုက်ကယ်အိုဝင်ရဲ့ ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် သုံးသပ်ချက်တွေကို ပြန်လည်စုစည်း ဖော်ပြပေးလိုက်ပါတယ်။

ဖူဟမ် Vs မန်ချက်စတာယူနိုက်တက်/ (ဖေဖော်ဝါရီ ၉၊ စနေနေ့ည ၇း၀၀ နာရီ)

ယူနိုက်တက်ဟာ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ အဝေးကွင်း 5 ပွဲလုံးကို အနိုင်ရထားတယ်။ ဒီပွဲမှာလည်း ထပ်တိုးလာမယ်လို့ မျှော်လင့်တယ်။ ဖူလ်ဟမ်က နောက်ဆုံးကစားထားတဲ့ပွဲမှာ ဒုတိယပိုင်းမှာ လေးဂိုးပြန်သွင်းခဲ့ပေမယ့် အသွင်သစ်နဲ့ ယူနိုက်တက်ကို ယှဉ်ပြိုင်နိုင်ဖို့ ခက်ခဲတယ်။ ဆိုးရှား တာဝန်ယူပြီးနောက် ရမှတ်ရယူနိုင်စွမ်းမှာ ယူနိုက်တက်ဟာ အခြားအသင်းတွေထံ 4 မှတ်တောင် ပိုများပါတယ်။ နော်ဝေသားနဲ့ သူ့ရဲ့ တိုးတက်လာတဲ့ အသင်း ထပ်မံ အနိုင်ရသွားပါမယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ ဖူဟမ် 1 – 3 မန်ချက်စတာယူနိုက်တက်

ပဲလေ့စ် Vs ၀က်စ်ဟမ်း/ (ဖေဖော်ဝါရီ ၉၊ စနေနေ့ည ၉း၃၀ နာရီ)

ပဲလေ့စ်က ဇာဟာ မပါဘဲတောင် အနိုင်ယူနိုင်စွမ်း ရှိကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်က ဖူဟမ်နဲ့ပွဲမှာ ပြသခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အငှားခေါ်ထားတဲ့ ဘတ်ရှူဝါရီ ရှိလာတဲ့အပြင် ဘန်တီကီလည်း ပြန်လာနိုင်ပြီ ဖြစ်လို့ သူတို့ တိုက်စစ် အနေအထားက ပြန် အင်အားကောင်းလာပါပြီ။ ၀က်စ်ဟမ်းအသင်းဘက်မှာ အဓိက ကစားသမားတွေ ဒဏ်ရာရထားတာ ရှိပေမယ့်လို့ လီဗာပူးနဲ့ပွဲမှာ ခက်ခက်ခဲခဲ သရေ တစ်မှတ် အရယူနိုင်ခဲ့ပါတယ်။ ဒီတစ်ပတ် လန်ဒန်ဒါဘီမှာတော့ အိမ်ရှင်ပဲလေ့စ်ပဲ အနိုင်ရဖို့ များပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ ပဲလေ့စ် 2 – 1 ၀က်စ်ဟမ်း

ဟက်ဒါဖီး Vs အာဆင်နယ်/ (ဖေဖော်ဝါရီ ၉၊ စနေနေ့ည ၉း၃၀ နာရီ)

ဟက်ဒါဖီးဟာ နောက်ဆုံး 5 ပွဲဆက် ဂိုးသွင်းနိုင်ခြင်း မရှိဘူး။ သူတို့က ချန်ပီယံရှစ်အတွက်တောင် ပြင်ဆင်နေရမယ့် အသင်းဖြစ်တယ်။ 2018 ကနေစတင်လို့ ပရီးမီးယားလိဂ်မှာ ဘရိုက်တန်နဲ့ ဟက်ဒါဖီးတို့ကပဲ အာဆင်နယ်ထက် ပရီးမီးယားလိဂ် အဝေးကွင်း ရှူံးပွဲ ပိုများတာက လန်ဒန်အသင်းလို ကလပ်အသင်းအတွက် လုံလောက်ခြင်း မရှိဘူး။ အူနိုင်းအမ်မရီရဲ့ အသင်းက တိုက်စစ်မား အရည်အချင်းရှိပေမယ့် ခံစစ်ပိုင်း တွဲဘက်မှုတွေက တည်ငြိမ်မှု မရှိသလို ဒဏ်ရာပြဿနာတွေလည်း တိုးပွားလာတယ်။ ဒါပေမယ့်လည်း ဂန်းနားတို့ အနိုင်သုံးမှတ်ယူပြီး ဂျွန်စမစ်ကွင်းထဲက မထွက်လာနိုင်ခဲ့ရင် အံ့သြမိမှာပါပဲ။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ ဟက်ဒါဖီး 0 – 3 အာဆင်နယ်

လီဗာပူး Vs ဘုန်းမောက်/ (ဖေဖော်ဝါရီ ၉၊ စနေနေ့ည ၉း၃၀ နာရီ)

လီဗာပူးက လိဂ်ပွဲ 25 ပွဲ ကစားအပြီး ရမှတ် 62 မှတ် ရယူနိုင်ခဲ့တယ်။ 1997-98 ခုနှစ်မှာ 25 ပွဲ ကစားပြီး ရမှတ် 63 မှတ် ရယူနိုင်ခြင်းကပဲ အမြင့်ဆုံး ဖြစ်ခဲ့ဖူးတယ်။ ဒီရာသီမှာ ထူးချွန်တဲ့ ပုံစံတွေကို ပြသနိုင်ခဲ့ပေမယ့် လက်စတာနဲ့ ဝက်ဟမ်းတို့က ရမှတ်တွေ ခွဲဝေယူမှုတွေ ပြုလုပ်နိုင်ခဲ့တယ်။ လီဗာပူး အဲ့သည်ပွဲတွေကို အရေးမနိမ့်ခဲ့ပဲ ဒီရာသီမှာ ရှူံးပွဲ တစ်ပွဲပဲ ရှိထားပါတယ်။ ဘုန်းမောက်က အိမ်ကွင်းမှာ ချယ်ဆီးကို အနိုင်ကစားခဲ့ပေမယ့် သူတို့ရဲ့ နောက်ဆုံး အဝေးကွင်းပွဲ 7 ပွဲကို အရေးနိမ့်ထားတယ်။ ပွဲတိုင်းမှာ ပေးဂိုး 2 ဂိုးနဲ့ 2 ဂိုးအထက်ရှိလို့ ဒီပွဲမှာ လီဗာပူး ပြန်လည်အနိုင်ရမယ်လို့ မျှော်လင့်ပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ လီဗာပူး 2 – 0 ဘုန်းမောက်

ဆောက်သမ်တန် Vs ကားဒစ်/ (ဖေဖော်ဝါရီ ၉၊ စနေနေ့ည ၉း၃၀ နာရီ)

ခြေစွမ်းတက်နေတဲ့ ဆောက်သမ်တန်က နောက်ဆုံး ပရီးမီးယားလိဂ် ၅ ပွဲ ရှုံးပွဲ မရှိသေးပါဘူး။ အပြာရောင် ကားဒစ်အသင်းနဲ့ တွေ့တဲ့ ဒီတစ်ကြိမ်မှာလည်း ၆ ပွဲမြောက် ဖြစ်သွားနိုင်ပါတယ်။ ဆောက်သမ်တန်တွေက နည်းပြ Hasenhuttl လက်ထက်မှာ တက်ရိပတ်ပြနေပါတယ်။ ကားဒစ်ကတော့ ပြီးခဲ့တဲ့အပတ်က ဘုန်းမောက်မှာ စိတ်ခံစားမှုတွေကြားက အနိုင် ၃ မှတ် ရယူနိုင်ခဲ့ပါတယ်။ ဒီပွဲကတော့ အိမ်ရှင်တွေ ပွဲပါ။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ ဆောက်သမ်တန် 1 – 0 ကားဒစ်

ဝက်ဖို့ Vs အဲဗာတန်/ (ဖေဖော်ဝါရီ ၉၊ စနေနေ့ည ၉း၃၀ နာရီ)

မာကိုဆေးဗားရဲ့ အသင်းဟောင်းဆီ ပထမဆုံး အကြိမ် ပြန်လာတဲ့ပွဲ ဖြစ်ပါတယ်။ အဲဗာတန်မန်နေဂျာ ဆေးဗားအပြင် ရစ်ချာလီဆန်ကလည်း အသင်းဟောင်း ၀က်ဖို့နဲ့ ပြန်ဆုံမှာပါ။ သူတို့ နှစ်ယောက်လုံးအတွက်တော့ ပျော်စရာ အပြန်လမ်း မဖြစ်နိုင်ပါဘူး။ အဲဗာတန်က မန်စီးတီးနဲ့ ခက်ခဲတဲ့ပွဲ ကြားရက်မှာ ကစားထားရပါတယ်။ ၀က်ဖို့က ပြီးခဲ့တဲ့အပတ် ဘရိုက်တန်နဲ့ပွဲမှာ ဂိုးကန်ချက်တွေ မပြုလုပ်နိုင်ခဲ့တာ သတိပြုမိခဲ့ပြီ ထင်ပါတယ်။ အိမ်ရှင်တွေအနေနဲ့ မိသားစုဝင်ဟောင်းတွေကို ပြန်လည် ကြိုဆိုရင်း အမှတ်ပြည့် ယူသွားမှာပါ။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ ၀က်ဖို့ 2 – 1 အဲဗာတန်

ဘရိုက်တန် Vs ဘန်လေ/ (ဖေဖော်ဝါရီ ၁၀၊ တနင်္ဂနွေနေ့ မနက် ၁၂း၀၀ နာရီ)

ဘရိုက်တန်က ပရီးမီးယားလိဂ် နောက်ဆုံး အိမ်ကွင်း ၃ ပွဲ ဆက် ဂိုး မသွင်းနိုင် ဖြစ်နေတာပါ .. ဒါပေမယ့် ၀က်ဖို့နဲ့ ရင်ဆိုင်စဉ်က ကန်ချက် ၂၄ ကြိမ်တောင် ရှိခဲ့ပြီး ဂိုးမရှိ သရေကျခဲ့တယ်။ ဒီပွဲမှာတော့ ဘန်လေဆီက တစ်မှတ်တော့ သူတို့ ယူမှာပါ။ ဂိုးအနည်းနဲ့ သရေပဲ ဖြစ်ဖို့ ရှိပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ ဘရိုက်တန် 1 – 1 ဘန်လေ

စပါး Vs လက်စတာ/ (ဖေဖော်ဝါရီ ၁၀၊ တနင်္ဂနွေနေ့ည ၈း၀၀ နာရီ)

လက်စတာက စီးတီးနဲ့ လီဗာပူးတို့ထံက ရမှတ်တေ ခွဲဝေယူထားနိုင်ခဲ့တယ်။ ဒါပေမယ့် စပါးက အမှတ်ပေးစိန်ခေါ်နိုင်မှုကို ဆက်လက်ထိန်းသိမ်းပြီး မြေခွေးတွေနဲ့ ယှဉ်ပြိုင်ကစားရာမှာ ရမှတ် 3 မှတ် ရယူနိုင်မယ်လို့ ထင်ပါတယ်။ စပါးက ဒဏ်ရာပြဿနာတွေကို ကိုင်တွယ်နိုင်စွမ်းရှိခဲ့ပြီး ပိုချက်တီနိုရဲ့ အသင်းက ဆုဖလား စိန်ခေါ်ဖို့ ရမှတ်တွေကို ဆက်လက် စုဆောင်းနိုင်ရပါမယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ စပါး 2 – 1 လက်စတာ

မန်စီးတီး Vs ချယ်ဆီး/ (ဖေဖော်ဝါရီ ၁၀၊ တနင်္ဂနွေနေ့ည ၁၀း၃၀ နာရီ)

မန်စီးတီးက ၂၀၁၉ ထဲ ပရီးမီးယားလိဂ် ၁၀ ပွဲမှာ ၉ ပွဲ နိုင်ထားကာ ၃၆ ဂိုး သွင်းထားတာပါ။ ချယ်ဆီးကလည်း ဘုန်းမောက်ကို ရှုံးခဲ့ပြီးနောက် ဟက်ဒါဖီးကို ဂိုးပြတ်သွင်းကာ သူတို့ အစွယ်ကို ထုတ်ပြထားပါတယ်။ စီးတီးနဲ့ပွဲက ဒီရာသီ ထိပ်သီး ၄သင်း အတွင်း ၀င်ချင်နေတဲ့ ချယ်ဆီးအတွက် ကြီးမားတဲ့ စမ်းသပ်မှု တစ်ခု ဖြစ်ပါတယ်။ ချယ်ဆီးက အီတီဟက်မှာ ခံစစ်အထိုင် ပိတ်ကစားနေမှာတော့ မဟုတ်ပါဘူး။ ဒီပွဲက အရည်အချင်းရှိ အသင်းကြီး နှစ်သင်း ဖျော်ဖြေမှုအပြည့် ကစားတဲ့ပွဲ ဖြစ်ပါလိမ့်မယ်.. ဒါက နောက်လ လိဂ်ဖလားဗိုလ်လုပွဲမှာ ဆုံကြမယ့် နှစ်သင်းရဲ့ ခြေသွေးပွဲလည်း ဖြစ်ပါမယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ မန်စီးတီး 2 – 1 ချယ်ဆီး

ဝုဗ် Vs နယူးကာဆယ်/ (ဖေဖော်ဝါရီ ၁၀၊ တနင်္လာနေ့မနက် ၂း၃၀ နာရီ)

ဝုဗ်က နောက်ဆုံး ပရီးမီးယားလိဂ် ၃ ပွဲလုံး ပြိုင်ဘက်အသင်းတွေဘက် ၃ ဂိုးချည်း သွင်းထားခဲ့တယ်။ နယူးကာဆယ်ကလည်း ဒီတလော ပွဲစဉ်တွေမှာ သူတို့ စုဖွဲ့မှု ပုံစံကောင်းတွေ ပြန်လည် ပြသနေပါတယ်။ ၀ုဗ်က ဒီရာသီ ထိပ်သီး ၆သင်း နောက် အဆင့် ၁ နေရာမှာ ရှိဖို့ ရေပန်း အစားဆုံး အသင်း ဖြစ်နေတာပါ။ ဒါဟာ ဒီရာသီမှ တန်းတက်လာတဲ့ အသင်းဖို့ သိပ်ကောင်းတဲ့ ဘောလုံးရာသီ ပိုင်ဆိုင်နေ တာပဲဖြစ်ပါတယ်။ သူတို့ပဲ နယူးကာဆယ်ဆီက အမှတ်ယူသွားမယ် ထင်ပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ ၀ုဗ် 1 – 0 နယူးကာဆယ်