ကာရာေဘာင္းပြဲမွာ အေကာင္းဆံုးကစားသမားဆုရတဲ့ထိ အီလီယာ့ ေျခစြမ္းျပခဲ့တာေၾကာင့္ ကလပ္အသင္း ပရိသတ္ေတြ ႏွစ္သက္မငေတြ ရွိၾကမွာပါ။ ဒါေပမယ့္လို႔ လီဗာပူးအတြက္ကေတာ့ ဒါဟာ ညိႏိႈင္းမႈမွာ အၾကပ္ရိုက္စရာ ျဖစ္လာခဲ့ပါတယ္။

လီဗာပူးဟာ ဒီေႏြမွာ ဖူလ္ဟမ္အသင္းကေန ဆယ္ေက်ာ္သက္ ကစားသမားေလးကို ေခၚယူခဲ့ေပမယ့္ ေျပာင္းေရႊ႔ေၾကးး သေဘာတူညီမႈ မရေသးပါဘူး။ လီဗာပူးဟာ ဖူလ္ဟမ္ကို အကယ္ဒမီေၾကး ေပးရမွာျဖစ္ျပီး အဆိုပါကိစၥ ညိႏိႈင္းမႈ လုပ္ရမွာျဖစ္တယ္။ ဖူလ္ဟမ္ရဲ႕ စေကာလာရွစ္ကို ျငင္းဆန္ျပီး ငယ္ဘဝတည္းက အားေပးခဲ့တဲ့ လီဗာပူးကို အီလီယာ့ ကူးေျပာင္းလာခဲ့တာျဖစ္တယ္။

ရီးရဲလ္မက္ဒရစ္၊ ပီအက္ဂ်ီလို အသင္းေတြကလည္း ကမ္းလွမ္းခဲ့ေပမယ့္ ကစားသမားရဲ႕ ဆႏၵေၾကာင့္ လီဗာပူးက ေခၚယူႏုိင္ခဲ့တာျဖစ္ျပီး တရားဝင္ လက္မွတ္ထိုးမႈက ေနာက္ႏွစ္ ဧပရယ္လမွာ ကစားသမား အသက္ ၁၇ ႏွစ္ျပည့္မွ လုပ္ႏုိင္မွာပါ။ ဖူလ္ဟမ္အသင္းသမိုင္းမွာ အသက္ ၁၅ ႏွစ္နဲ႔ စီနီယာအဆင့္ကို ပြဲထြက္ခြင့္ရခဲ့တဲ့ ကစားသမားေလးဟာ မႏွစ္တုန္းကလည္း ပရီးမီးယားလိဂ္ပြဲ ႏွစ္ပြဲ ကစားခြင့္ရခဲ့ပါတယ္။

လီဗာပူးဘက္က အီလီယာ့အတြက္ တန္ဖိုးတစ္ရပ္ကို ပေရာ္ဖက္ရွင္နယ္ ေဘာလံုးသမားမ်ား ေကာ္မတီက ခ်မွတ္တဲ့ ႏႈန္းအတိုင္း ေပးေခ်ရမွာျဖစ္တယ္။ ဖူလ္ဟမ္ဘက္ကေတာ့ ေျခစြမ္းေကာင္းေတြ ျပေနတဲ့ အဂၤလန္ဆယ္ေက်ာ္သက္ေလးအတြက္ ျမင့္မားတဲ့ ပမာဏကို ေတာင္းခံလိုေနပါတယ္။ ၾကားလာရတဲ့ သတင္းအရ လီဗာပူးက ေပါင္ ၇ သန္း ေပးရမယ္လို႔ သိထားရျပီး ဆယ္ေက်ာ္သက္တစ္ဦးအတြက္ အေတာ္မ်ားတဲ့ ပမာဏလည္း ျဖစ္လာပါမယ္။

၂၀၁၆ ခုႏွစ္တုန္းက လီဗာပူးဟာ ဘန္ေလကေန ဒန္နီအင့္ကို ေခၚယူခဲ့ဖူးျပီး ပေရာ္ဖက္ရွင္နယ္ ေဘာလံုးသမားမ်ား ေကာ္မတီက ေပါင္ ၆.၅ သန္း ေပးေခ်ဖို႔ ခ်မွတ္ဖူးပါတယ္။ အသက္ ၂၃ ႏွစ္မျပည့္ခင္ အသင္းေျပာင္းခဲ့တဲ့ အင့္ကို မိခင္ကလပ္အား ေလ်ာ္ေၾကးအျဖစ္ လီဗာပူးက ေပးေဆာင္ခဲ့ရတာျဖစ္ျပီး အီလီယာ့အတြက္ကေတာ့ ပိုမ်ားတဲ့ ပမာဏ ေပးရမယ္လို႔ သိရတာပါ။

ကာရာေဘာင္းပြဲမွာ အသက္ ၁၆ ႏွစ္ ၁၇၄ ရက္နဲ႔တင္ ပြဲထြက္ခြင့္ရခဲ့တဲ့ အီလီယာ့ဟာ ထိပ္တန္းေျခစြမ္းနဲ႔ အလားအလာေတြကို ျပသခဲ့ျပီး လီဗာပူးအသင္းကေတာ့ သူ႔ကို အမ်ားၾကီး ေမွ်ာ္လင့္ေနတာပဲ ျဖစ္ပါတယ္။

UNICODE

ကာရာဘောင်းပွဲမှာ အကောင်းဆုံးကစားသမားဆုရတဲ့ထိ အီလီယာ့ ခြေစွမ်းပြခဲ့တာကြောင့် ကလပ်အသင်း ပရိသတ်တွေ နှစ်သက်မငတွေ ရှိကြမှာပါ။ ဒါပေမယ့်လို့ လီဗာပူးအတွက်ကတော့ ဒါဟာ ညိနှိုင်းမှုမှာ အကြပ်ရိုက်စရာ ဖြစ်လာခဲ့ပါတယ်။

လီဗာပူးဟာ ဒီနွေမှာ ဖူလ်ဟမ်အသင်းကနေ ဆယ်ကျော်သက် ကစားသမားလေးကို ခေါ်ယူခဲ့ပေမယ့် ပြောင်းရွှေ့ကြေးး သဘောတူညီမှု မရသေးပါဘူး။ လီဗာပူးဟာ ဖူလ်ဟမ်ကို အကယ်ဒမီကြေး ပေးရမှာဖြစ်ပြီး အဆိုပါကိစ္စ ညိနှိုင်းမှု လုပ်ရမှာဖြစ်တယ်။ ဖူလ်ဟမ်ရဲ့ စကောလာရှစ်ကို ငြင်းဆန်ပြီး ငယ်ဘဝတည်းက အားပေးခဲ့တဲ့ လီဗာပူးကို အီလီယာ့ ကူးပြောင်းလာခဲ့တာဖြစ်တယ်။

ရီးရဲလ်မက်ဒရစ်၊ ပီအက်ဂျီလို အသင်းတွေကလည်း ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားရဲ့ ဆန္ဒကြောင့် လီဗာပူးက ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး တရားဝင် လက်မှတ်ထိုးမှုက နောက်နှစ် ဧပရယ်လမှာ ကစားသမား အသက် ၁၇ နှစ်ပြည့်မှ လုပ်နိုင်မှာပါ။ ဖူလ်ဟမ်အသင်းသမိုင်းမှာ အသက် ၁၅ နှစ်နဲ့ စီနီယာအဆင့်ကို ပွဲထွက်ခွင့်ရခဲ့တဲ့ ကစားသမားလေးဟာ မနှစ်တုန်းကလည်း ပရီးမီးယားလိဂ်ပွဲ နှစ်ပွဲ ကစားခွင့်ရခဲ့ပါတယ်။

လီဗာပူးဘက်က အီလီယာ့အတွက် တန်ဖိုးတစ်ရပ်ကို ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ ကော်မတီက ချမှတ်တဲ့ နှုန်းအတိုင်း ပေးချေရမှာဖြစ်တယ်။ ဖူလ်ဟမ်ဘက်ကတော့ ခြေစွမ်းကောင်းတွေ ပြနေတဲ့ အင်္ဂလန်ဆယ်ကျော်သက်လေးအတွက် မြင့်မားတဲ့ ပမာဏကို တောင်းခံလိုနေပါတယ်။ ကြားလာရတဲ့ သတင်းအရ လီဗာပူးက ပေါင် ၇ သန်း ပေးရမယ်လို့ သိထားရပြီး ဆယ်ကျော်သက်တစ်ဦးအတွက် အတော်များတဲ့ ပမာဏလည်း ဖြစ်လာပါမယ်။

၂၀၁၆ ခုနှစ်တုန်းက လီဗာပူးဟာ ဘန်လေကနေ ဒန်နီအင့်ကို ခေါ်ယူခဲ့ဖူးပြီး ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ ကော်မတီက ပေါင် ၆.၅ သန်း ပေးချေဖို့ ချမှတ်ဖူးပါတယ်။ အသက် ၂၃ နှစ်မပြည့်ခင် အသင်းပြောင်းခဲ့တဲ့ အင့်ကို မိခင်ကလပ်အား လျော်ကြေးအဖြစ် လီဗာပူးက ပေးဆောင်ခဲ့ရတာဖြစ်ပြီး အီလီယာ့အတွက်ကတော့ ပိုများတဲ့ ပမာဏ ပေးရမယ်လို့ သိရတာပါ။

ကာရာဘောင်းပွဲမှာ အသက် ၁၆ နှစ် ၁၇၄ ရက်နဲ့တင် ပွဲထွက်ခွင့်ရခဲ့တဲ့ အီလီယာ့ဟာ ထိပ်တန်းခြေစွမ်းနဲ့ အလားအလာတွေကို ပြသခဲ့ပြီး လီဗာပူးအသင်းကတော့ သူ့ကို အများကြီး မျှော်လင့်နေတာပဲ ဖြစ်ပါတယ်။