ခ်ယ္ဆီး လူငယ္ကစားသမား ရစ္စီဂ်ိမ္းစ္ဟာ ကာလရွည္ ဒဏ္ရာကေန ေပ်ာက္ကင္းသက္သာ လာျပီးေနာက္ ျပီးခဲ့တဲ့ ၾကားရက္က ဂရင္စဘီနဲ႕ ကာရာေဘာင္းဖလား ပြဲမွာ ပါ၀င္ကစားခဲ့ျပီး ေျခစြမ္းလည္း ျပနိုင္ခဲ့ပါတယ္။

ဂ်ိမ္းစ္က လူငယ္ကစားသမား တစ္ေယာက္ အေနနဲ႕ ၄င္း စံထား နမူနာယူရတဲ့ ခ်ယ္ဆီး ကစားသမား သံုးဦး ရွိေၾကာင္း ဖြင့္ဟ ေျပာဆိုခဲ့ပါတယ္။

အသက္ ၁၉ နွစ္သားသာ ရွိေသးတဲ့ အဂၤလန္သား ခံစစ္မွဴး ဂ်ိမ္းစ္ဟာ စတန္းဖို႔ဘရစ္ခ်္မွာ အနာဂတ္အိပ္မက္ၾကီးေတြ ရွိေနျပီး ဆက္လက္ ေတာက္ပမယ့္ အလားအလာေကာင္းေတြ ပိုင္ဆိုင္ထားပါတယ္။ အသက္ ၁၂ နွစ္သားတည္းက ခ်ယ္ဆီး ေရာက္ေနတဲ့ ဂ်ိမ္းစ္က အသင္းၾကီးနဲ႕ ပထမဆံုး ပြဲထြက္ကစားခြင့္ရခ်ိန္မွာတင္ ဂိုးပါသြင္းခဲ့သူပါ။

ဂ်ိမ္းစ္ စံနမူထား အားက်ခဲ့ရတဲ့ ကစားသမားေတြကေတာ့ လက္ရွိ နည္းျပ လမ္းပတ္နဲ႕အတူ အသင္းေဖာ္ေဟာင္းေတြ ျဖစ္တဲ့ ဒေရာ့ဘာနဲ႕ တယ္ရီတို႔ ျဖစ္ျပီး လက္ရွိ အသင္းေခါင္းေဆာင္ အပီလီကြီတာကိုလည္း စံထားရေၾကာင္း ေျပာဆိုထားပါတယ္။

” က်ေနာ္ ငယ္တည္းက ဒီကလပ္အသင္းကို အားေပးခဲ့တာ ျဖစ္ျပီး အခုထိလည္း အားေပးဆဲပါ။ ဒေရာ့ဘာ တယ္ရီ လမ္းပတ္တို႔ကို ၾကည့္ရင္ ၾကီးျပင္းလာရတာပါ။ သူတို႔က အသင္းမွာ အဓိက ေခါင္းေဆာင္ သံုးဦးပါပဲ။ က်ေနာ္ ငယ္တုန္းက သူတို႔ သံုးေယာက္ကပဲ အသင္းကို အဓိက ေမာင္းနွင္သူေတြ ျဖစ္ခဲ့တာ ျမင္ခဲ့ရတယ္။ သူတို႔အားလံုးက ေအာင္နိုင္သူေတြပဲ.. ဒါေၾကာင့္လည္း ဆုဖလားေတြ ရယူနိုင္ခဲ့တာေပါ့။”

” က်ေနာ္က ကြီတာအပါအ၀င္ေပါ့ အျခား စီနီယာ ကစားသမားေတြထံကေန ေန႔စဥ္ သင္ယူေနရဆဲပါ.. ဒီလို အဆင့္မ်ိဳး အရင္ က မကစားဖူးဘူးေလ။ သူတို႔ကပဲ က်ေန္ာ့ကို ဟိုနား ဒီနား စသျဖင့္ အၾကံျပဳေပးၾကတယ္။ ေနရာယူတာ ေဘာလံုးက တျခားအသင္း ေျခထဲမွာ ဆိုရင္ ဘယ္လို လုပ္ရမယ္ စသျဖင့္ အေသးအမႊားေတြက အစပါ။ ” လို႔ ၄င္းက ဖြင့္ဟခဲ့ပါတယ္။

Myan News

UNICODE – ချယ်ဆီး လူငယ်ကစားသမား ရစ်စီဂျိမ်းစ်ဟာ ကာလရှည် ဒဏ်ရာကနေ ပျောက်ကင်းသက်သာ လာပြီးနောက် ပြီးခဲ့တဲ့ ကြားရက်က ဂရင်စဘီနဲ့ ကာရာဘောင်းဖလား ပွဲမှာ ပါဝင်ကစားခဲ့ပြီး ခြေစွမ်းလည်း ပြနိုင်ခဲ့ပါတယ်။

ဂျိမ်းစ်က လူငယ်ကစားသမား တစ်ယောက် အနေနဲ့ ၎င်း စံထား နမူနာယူရတဲ့ ချယ်ဆီး ကစားသမား သုံးဦး ရှိကြောင်း ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။

အသက် ၁၉ နှစ်သားသာ ရှိသေးတဲ့ အင်္ဂလန်သား ခံစစ်မှူး ဂျိမ်းစ်ဟာ စတန်းဖို့ဘရစ်ချ်မှာ အနာဂတ်အိပ်မက်ကြီးတွေ ရှိနေပြီး ဆက်လက် တောက်ပမယ့် အလားအလာကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။ အသက် ၁၂ နှစ်သားတည်းက ချယ်ဆီး ရောက်နေတဲ့ ဂျိမ်းစ်က အသင်းကြီးနဲ့ ပထမဆုံး ပွဲထွက်ကစားခွင့်ရချိန်မှာတင် ဂိုးပါသွင်းခဲ့သူပါ။

ဂျိမ်းစ် စံနမူထား အားကျခဲ့ရတဲ့ ကစားသမားတွေကတော့ လက်ရှိ နည်းပြ လမ်းပတ်နဲ့အတူ အသင်းဖော်ဟောင်းတွေ ဖြစ်တဲ့ ဒရော့ဘာနဲ့ တယ်ရီတို့ ဖြစ်ပြီး လက်ရှိ အသင်းခေါင်းဆောင် အပီလီကွီတာကိုလည်း စံထားရကြောင်း ပြောဆိုထားပါတယ်။

” ကျနော် ငယ်တည်းက ဒီကလပ်အသင်းကို အားပေးခဲ့တာ ဖြစ်ပြီး အခုထိလည်း အားပေးဆဲပါ။ ဒရော့ဘာ တယ်ရီ လမ်းပတ်တို့ကို ကြည့်ရင် ကြီးပြင်းလာရတာပါ။ သူတို့က အသင်းမှာ အဓိက ခေါင်းဆောင် သုံးဦးပါပဲ။ ကျနော် ငယ်တုန်းက သူတို့ သုံးယောက်ကပဲ အသင်းကို အဓိက မောင်းနှင်သူတွေ ဖြစ်ခဲ့တာ မြင်ခဲ့ရတယ်။ သူတို့အားလုံးက အောင်နိုင်သူတွေပဲ.. ဒါကြောင့်လည်း ဆုဖလားတွေ ရယူနိုင်ခဲ့တာပေါ့။”

” ကျနော်က ကွီတာအပါအဝင်ပေါ့ အခြား စီနီယာ ကစားသမားတွေထံကနေ နေ့စဉ် သင်ယူနေရဆဲပါ.. ဒီလို အဆင့်မျိုး အရင် က မကစားဖူးဘူးလေ။ သူတို့ကပဲ ကျနေ်ာ့ကို ဟိုနား ဒီနား စသဖြင့် အကြံပြုပေးကြတယ်။ နေရာယူတာ ဘောလုံးက တခြားအသင်း ခြေထဲမှာ ဆိုရင် ဘယ်လို လုပ်ရမယ် စသဖြင့် အသေးအမွှားတွေက အစပါ။ ” လို့ ၎င်းက ဖွင့်ဟခဲ့ပါတယ်။

Myan News