ဒီရာသီစတုန္းက ကိုစီရယ္နီ ထြက္ခြာသြားတဲ့ေနာက္ သူ႔ေနရာမွာ အစားဝင္မယ့္ အာဆင္နယ္အသင္းရဲ႕ အသင္းေခါင္းေဆာင္နဲ႔ လက္ေထာက္အသင္းေခါင္းေဆာင္တုိ႔ကို မန္ေနဂ်ာအမ္မရီက ေရြးခ်ယ္ေပးခဲ့ျပီျဖစ္ပါတယ္။

မႏွစ္ကလိုပဲ အမ္မရီဟာ အသင္းေခါင္းေဆာင္ အုပ္စုအေနနဲ႔ ကစားသမား ငါးေယာက္ သတ္မွတ္လိုေၾကာင္း ဖရန္႔ဖတ္နဲ႔ ယူ႐ိုပါလိဂ္ မတိုင္ခင္းတည္းက ေျပာဆိုခဲ့ေပမယ့္ ေရြးခ်ယ္မႈနဲ႔ ပက္သက္ျပီး အစီအစဥ္သစ္တစ္မ်ိဳးကို စတင္ထားခဲ့တာပါ။ အမ္မရီရဲ႕ အသင္းေခါင္းေဆာင္ ငါးေယာက္ စာရင္းမွာ ကစားသမား မ်ားစြာကို အႀကံျပဳထားၾကျပီး အသင္းသားေတြကိုယ္တိုင္ မဲေပးခြင့္ရခဲ့တာလို႔ သိရတယ္။

ဒီရက္ေတြထဲမွာ အာဆင္နယ္ရဲ႕ အသင္းေခါင္းေဆာင္တာဝန္ ေပးအပ္မယ့္သတင္းက ေရပန္းစားသတင္းျဖစ္လာေနျပီး အဆိုပါ ကိစၥနဲ႔ ပက္သက္လို႔ အာဆင္နယ္သတင္းေထာက္ David Ornstein က အတည္ျပဳေပးလာတာျဖစ္ပါတယ္။

David Ornstein ရဲ႕ ေဖာ္ျပမႈမွာ ” မန္ေနဂ်ာအူႏိုင္းအမ္မရီက ရွာခါကို အျမဲတမ္း အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ေပးခဲ့ျပီး ဒီမနက္ ေနာက္ဆံုး ဆံုးျဖတ္ခ်က္ မလုပ္ခင္မွာ ကလပ္အသင္း ကစားသမားေတြထံက အၾကံ ရယူခဲ့တယ္။ ရွာကာဟာ ဒီကေန႔မွာ အသက္ ၂၇ ႏွစ္ျပည့္ျပီျဖစ္ျပီး ဒီရာသီမွာ အာဆင္နယ္ကို ဦးေဆာင္ေနသူျဖစ္တယ္။ လက္ေထာက္ အသင္းေခါင္းေဆာင္ ရာထူးကို အတည္မျပဳရေသးေပမယ့္ လာကာဇက္တီနဲ႔ အူဘာမီယန္ ႏွစ္ဦးထဲက တစ္ဦးကို တာဝန္ေပးသြားမယ္ ” လို႔ ေဖာ္ျပခဲ့တာျဖစ္တယ္။

ရွာခါဟာ ပံုမွန္ပြဲထြက္ခြင့္ရမယ္ဆိုရင္ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူရမွာျဖစ္ျပီး အာဆင္နယ္ရဲ႕ ပြဲေန႔ ပရိုဂရမ္ေတြမွာ အတည္ျပဳ ပါဝင္ေပးမယ့္သူ ျဖစ္လာခဲ့ျပီျဖစ္တယ္။ သူမရွိရင္ေတာ့ တိုက္စစ္သမား ႏွစ္ဦးထဲက တစ္ဦးက တာဝန္ယူရမွာျဖစ္ျပီး ဒီဆံုးျဖတ္ခ်က္ဟာ အသင္းသားေတြရဲ႕ ဆႏၵကေန ထြက္ေပၚလာတာလို႔ ယူဆရပါတယ္။

UNICODE

ဒီရာသီစတုန်းက ကိုစီရယ်နီ ထွက်ခွာသွားတဲ့နောက် သူ့နေရာမှာ အစားဝင်မယ့် အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်နဲ့ လက်ထောက်အသင်းခေါင်းဆောင်တို့ကို မန်နေဂျာအမ်မရီက ရွေးချယ်ပေးခဲ့ပြီဖြစ်ပါတယ်။

မနှစ်ကလိုပဲ အမ်မရီဟာ အသင်းခေါင်းဆောင် အုပ်စုအနေနဲ့ ကစားသမား ငါးယောက် သတ်မှတ်လိုကြောင်း ဖရန့်ဖတ်နဲ့ ယူရိုပါလိဂ် မတိုင်ခင်းတည်းက ပြောဆိုခဲ့ပေမယ့် ရွေးချယ်မှုနဲ့ ပက်သက်ပြီး အစီအစဉ်သစ်တစ်မျိုးကို စတင်ထားခဲ့တာပါ။ အမ်မရီရဲ့ အသင်းခေါင်းဆောင် ငါးယောက် စာရင်းမှာ ကစားသမား များစွာကို အကြံပြုထားကြပြီး အသင်းသားတွေကိုယ်တိုင် မဲပေးခွင့်ရခဲ့တာလို့ သိရတယ်။

ဒီရက်တွေထဲမှာ အာဆင်နယ်ရဲ့ အသင်းခေါင်းဆောင်တာဝန် ပေးအပ်မယ့်သတင်းက ရေပန်းစားသတင်းဖြစ်လာနေပြီး အဆိုပါ ကိစ္စနဲ့ ပက်သက်လို့ အာဆင်နယ်သတင်းထောက် David Ornstein က အတည်ပြုပေးလာတာဖြစ်ပါတယ်။

David Ornstein ရဲ့ ဖော်ပြမှုမှာ ” မန်နေဂျာအူနိုင်းအမ်မရီက ရှာခါကို အမြဲတမ်း အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့ပြီး ဒီမနက် နောက်ဆုံး ဆုံးဖြတ်ချက် မလုပ်ခင်မှာ ကလပ်အသင်း ကစားသမားတွေထံက အကြံ ရယူခဲ့တယ်။ ရှာကာဟာ ဒီကနေ့မှာ အသက် ၂၇ နှစ်ပြည့်ပြီဖြစ်ပြီး ဒီရာသီမှာ အာဆင်နယ်ကို ဦးဆောင်နေသူဖြစ်တယ်။ လက်ထောက် အသင်းခေါင်းဆောင် ရာထူးကို အတည်မပြုရသေးပေမယ့် လာကာဇက်တီနဲ့ အူဘာမီယန် နှစ်ဦးထဲက တစ်ဦးကို တာဝန်ပေးသွားမယ် ” လို့ ဖော်ပြခဲ့တာဖြစ်တယ်။

ရှာခါဟာ ပုံမှန်ပွဲထွက်ခွင့်ရမယ်ဆိုရင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရမှာဖြစ်ပြီး အာဆင်နယ်ရဲ့ ပွဲနေ့ ပရိုဂရမ်တွေမှာ အတည်ပြု ပါဝင်ပေးမယ့်သူ ဖြစ်လာခဲ့ပြီဖြစ်တယ်။ သူမရှိရင်တော့ တိုက်စစ်သမား နှစ်ဦးထဲက တစ်ဦးက တာဝန်ယူရမှာဖြစ်ပြီး ဒီဆုံးဖြတ်ချက်ဟာ အသင်းသားတွေရဲ့ ဆန္ဒကနေ ထွက်ပေါ်လာတာလို့ ယူဆရပါတယ်။