လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္က ဒီတပတ္ ရွက္ဖီးယူနိုက္တက္နဲ႕ ပြဲၾကိဳ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္သြားျပီ ျဖစ္ျပီး မာေနး၊ အယ္လစ္ဆန္၊ အိုရီဂီတို႔ရဲ႕ ေနာက္ဆံုး ဒဏ္ရာ အေျခအေနမ်ားကိုလည္း သတင္းေပးခဲ့ပါတယ္။ မာေနးနဲ႕ အိုရီဂီတို႔ဟာ ရွက္ဖီးနဲ႕ ပြဲမတိုင္ခင္မွာပဲ ပံုမွန္ အေနအထား ျပန္ေရာက္ေနျပီ ျဖစ္ကာ ဂိုးသမား အယ္လစ္ဆန္ကလည္း တနဂၤေႏြတည္းက ထရိန္နင္မွာ ျပန္၀င္ေတာ့မွာ ျဖစ္ပါတယ္။

မာေနးဟာ ဒီစေန ရွက္ဖီးနဲ႕ပြဲမွာ ပါ၀င္ဖို႔ ၾကံ႕ခိုင္မႈ အျပည့္နဲ႕ အသင့္ ျဖစ္ေနပါျပီ။ ၄င္းက ျပီးခဲ့တဲ့ ခ်ယ္ဆီးနဲ႕ပြဲမွာ ေျခေထာက္ အနည္းငယ္ ထိခိုက္ခဲ့ျခင္း ျဖစ္ေပမယ့္ အရွင္းေပ်ာက္သြားျပီ ျဖစ္ပါတယ္။ ဒါ့အျပင္ အိုရီဂီကလည္း ဒဏ္ရာကေန သက္သာေနျပီ ျဖစ္တယ္လို႔ သိရပါတယ္။

” မာေနးနဲ႕ အိုရီဂီ နွစ္ေယာက္လံုး မေန႕က ထရိန္နင္ ျပန္ဆင္းေနျပီ။ သူတို႔ နွစ္ေယာက္လံုး ျပသႆနာ မရွိေတာ့ပါဘူး။” လို႔ ကေလာ့ပ္ က ဆိုပါတယ္။

” အယ္လစ္ဆန္ကလည္း လံုး၀ကို ျပန္ကစားနုိင္လု နီးနီး ရွိေနပါျပီ။ ဒါေပမယ့္ ကစားသင့္ မသင့္ ေနာက္ဆံုး စကားက ေဆးအဖြဲ႕ဆီက အေျပာကို ေစာင့္ရမွာပါ။ မနက္ျဖန္ ပြဲေတာ့ သူ ပါ၀င္နုိင္မွာ မဟုတ္ဘူး။ ဒါေပမယ့္ ဒီတနဂၤေႏြက စျပီး အသင္းနဲ႕အတူ ေလ့က်င့္မႈေတြ ျပဳလုပ္ေတာ့မွာပါ။ သူ ျပန္လာဖို႔ တကယ္ကို နီးပါျပီ။ ”

” က်ေနာ္ကလည္း ဆရာ၀န္ မဟုတ္ေတာ့ သတင္းရသမွ်ကို ျပန္ အသိေပးတာပါပဲ။ ျပီးခဲ့တဲ့ နွစ္ပတ္အတြင္းမွာ သူ သိသိသာသာ တိုးတက္ ေကာင္းမြန္လာတာပါ။ လံုး၀ ေသခ်ာ ထရိန္နင္ ဆင္းနုိင္ဖို႔ လံုေလာက္ေကာင္းမြန္မႈ ရေအာင္ စိတ္ရွည္ရွည္ က်ေန္ာတို႔ ေစာင့္ေနခဲ့တာ။” လို႔ ကေလာ့ပ္က ေျပာၾကားခဲ့ပါတယ္။

အယ္လစ္ဆန္ မပါ၀င္နုိင္ေသးခ်ိန္မွာ အရန္ ဂိုးသမား အက္ဒရီယန္က ေကာင္းစြာ ျဖည့္ဆည္းေပးေနျပီး clean sheet နည္းပါးတာက လြဲလို႔ အသင္း နုိင္ပြဲရေအာင္ လက္စြမ္းျပ ကာကြယ္မႈေတြ ျပဳလုပ္ေပးထားပါတယ္။

Myan News

UNICODE – လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ဒီတပတ် ရှက်ဖီးယူနိုက်တက်နဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားပြီ ဖြစ်ပြီး မာနေး၊ အယ်လစ်ဆန်၊ အိုရီဂီတို့ရဲ့ နောက်ဆုံး ဒဏ်ရာ အခြေအနေများကိုလည်း သတင်းပေးခဲ့ပါတယ်။ မာနေးနဲ့ အိုရီဂီတို့ဟာ ရှက်ဖီးနဲ့ ပွဲမတိုင်ခင်မှာပဲ ပုံမှန် အနေအထား ပြန်ရောက်နေပြီ ဖြစ်ကာ ဂိုးသမား အယ်လစ်ဆန်ကလည်း တနင်္ဂနွေတည်းက ထရိန်နင်မှာ ပြန်ဝင်တော့မှာ ဖြစ်ပါတယ်။

မာနေးဟာ ဒီစနေ ရှက်ဖီးနဲ့ပွဲမှာ ပါဝင်ဖို့ ကြံ့ခိုင်မှု အပြည့်နဲ့ အသင့် ဖြစ်နေပါပြီ။ ၎င်းက ပြီးခဲ့တဲ့ ချယ်ဆီးနဲ့ပွဲမှာ ခြေထောက် အနည်းငယ် ထိခိုက်ခဲ့ခြင်း ဖြစ်ပေမယ့် အရှင်းပျောက်သွားပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အိုရီဂီကလည်း ဒဏ်ရာကနေ သက်သာနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

” မာနေးနဲ့ အိုရီဂီ နှစ်ယောက်လုံး မနေ့က ထရိန်နင် ပြန်ဆင်းနေပြီ။ သူတို့ နှစ်ယောက်လုံး ပြသဿနာ မရှိတော့ပါဘူး။” လို့ ကလော့ပ် က ဆိုပါတယ်။

” အယ်လစ်ဆန်ကလည်း လုံးဝကို ပြန်ကစားနိုင်လု နီးနီး ရှိနေပါပြီ။ ဒါပေမယ့် ကစားသင့် မသင့် နောက်ဆုံး စကားက ဆေးအဖွဲ့ဆီက အပြောကို စောင့်ရမှာပါ။ မနက်ဖြန် ပွဲတော့ သူ ပါဝင်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီတနင်္ဂနွေက စပြီး အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ်တော့မှာပါ။ သူ ပြန်လာဖို့ တကယ်ကို နီးပါပြီ။ ”

” ကျနော်ကလည်း ဆရာဝန် မဟုတ်တော့ သတင်းရသမျှကို ပြန် အသိပေးတာပါပဲ။ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းမှာ သူ သိသိသာသာ တိုးတက် ကောင်းမွန်လာတာပါ။ လုံး၀ သေချာ ထရိန်နင် ဆင်းနိုင်ဖို့ လုံလောက်ကောင်းမွန်မှု ရအောင် စိတ်ရှည်ရှည် ကျနေ်ာတို့ စောင့်နေခဲ့တာ။” လို့ ကလော့ပ်က ပြောကြားခဲ့ပါတယ်။

အယ်လစ်ဆန် မပါဝင်နိုင်သေးချိန်မှာ အရန် ဂိုးသမား အက်ဒရီယန်က ကောင်းစွာ ဖြည့်ဆည်းပေးနေပြီး clean sheet နည်းပါးတာက လွဲလို့ အသင်း နိုင်ပွဲရအောင် လက်စွမ်းပြ ကာကွယ်မှုတွေ ပြုလုပ်ပေးထားပါတယ်။

Myan News