ခ်ယ္ဆီးအသင္းကို ေအဘရာမိုဗစ္ ပိုင္ဆုိင္ျပီးေနာက္ပိုင္း အဂၤလန္မွာ ဆုဖလားအႏုိင္ရမႈ အမ်ားဆံုးအသင္းဟာ ခ်ယ္ဆီးအသင္းျဖစ္သလို ကလပ္အသင္းဟာလည္း ပရီးမီးယားလိဂ္မွာေတာ့ လူမုန္းမ်ားတဲ့ ကလပ္အသင္းအျဖစ္ ရပ္တည္ခဲ့တာပါ။

အေျပာင္းအေရႊ႔ေတြမွာ ကစားသမားေကာင္းေတြကို ေခၚယူႏုိင္မႈအျပင္ မႏွစ္က ေႏြမွာ ကစားသမား ၄၁ ဦးထိ အငွားခ်ႏုိင္မႈေတြဟာ ခ်ယ္ဆီးရဲ႕ လူစာရင္းေတာင့္တင္းမႈေတြကို ျမင္သာေစခဲ့တယ္။ ဒါေပမယ့္လို႔ ဒီရာသီမွာ အေျပာင္းအေရႊ႔ ပိတ္ခံရရာက ခ်ယ္ဆီးအေပၚထားတဲ့ ျပိဳင္ဘက္ေတြရဲ႕ သေဘာထားဟာ ေျပာင္းလဲလာခဲ့ျပီျဖစ္တယ္လို႔ သိရပါတယ္။

ခ်ယ္ဆီးအသင္း ေနာက္ဆံုး ယွဥ္ျပိဳင္ထားတဲ့ ကာရာေဘာင္းပြဲမွာ ပြဲထြက္ကစားသမားမ်ားအနက္ ၁၀ ဦးဟာ ခ်ယ္ဆီးအသင္း အကယ္ဒမီထြက္ ကစားသမားေတြျဖစ္ပါတယ္။ ဒါ့အျပင္ တိုမိုရီ၊ ေမဆန္ေမာင့္နဲ႔ ေအဘရာဟမ္တို႔ဟာ ခ်ယ္ဆီးစီနီယာအသင္းအတြက္ အက်ိဳးၾကီးေတြ ျဖစ္ေနေစတာပါ။ ေအဘရာဟမ္ဟာ ျပိဳင္ပြဲစံု ေနာက္ဆံုး ၅ ပြဲမွာ ၇ ဂိုးထိ သြင္းယူထားတဲ့ တိုက္စစ္သမားျဖစ္ပါတယ္။

ကာရာေဘာင္းပြဲမွာ ကိုယ္တိုင္ တစ္ဂိုးသြင္းျပီး ႏွစ္ၾကိမ္ ဂိုးေထာက္ပံ့မႈ လုပ္ေပးႏုိင္ခဲ့တဲ့ ရိစ္ဂ်ိမ္း၊ ကြင္းလယ္မွာ ေျခစြမ္းျပခဲ့တဲ့ ၁၈ ႏွစ္သား ဘီလီတို႔ဟာ ခ်ယ္ဆီးထုတ္ကုန္ေတြျဖစ္တယ္။ ဒီကစားသမားေတြကိုေတာ့ ခ်ယ္ဆီးနဲ႔ အဂၤလန္ကြင္းလယ္လူေဟာင္း လမ္းပတ္က ကိုင္တြယ္ေနတာျဖစ္ျပီး ကလပ္အသင္းဟာ အဂၤလန္လိဂ္မွာ အႏုပ်ိဳဆံုး အသင္းတစ္သင္းအျဖစ္လည္း မွတ္တမ္းဝင္ပပါတယ္။

အတိတ္တုန္းက ေမာ္ရင္ညိဳနဲ႔ ေကာ္စတာလို မန္ေနဂ်ာ၊ ကစားသမားေတြကို ပိုင္ဆုိင္ခဲ့တဲ့ ခ်ယ္ဆီးဟာ ျပိဳင္ဘက္ေတြနဲ႔ ကေတာက္ကဆျဖစ္ခဲ့ျပီး အရည္အခ်င္းရွိေပမယ့္ လူမုန္းမ်ားခဲ့တာပါ။ လက္ရွိ ခ်ယ္ဆီးကေတာ့ လူငယ္အစုအဖြဲ႔ အသားေပးမႈ၊ ကိုယ္ပိုင္ အကယ္ဒမီထြက္ ကစားသမားေတြ သံုးစြဲမႈ၊ အဂၤလန္ရဲ႕ အထင္ကရ ကစားသမားေဟာင္းၾကီး ကိုင္တြယ္မႈေတြေၾကာင့္ ျပိဳင္ဘက္ေတြကိုယ္တိုင္က ႏွစ္သက္ျခင္းခံရတဲ့ အေနအထားကို ေျပာင္းလဲလာခဲ့တာျဖစ္တယ္။

ကာရာေဘာင္းပြဲအျပီးမွာေတာ့ မ်ားစြာေသာ ေဘာလံုးသံုးသပ္သူေတြနဲ႔ ေဘာလံုးပရိသတ္ေတြက လူငယ္မန္ေနဂ်ာ၊ လူငယ္ကစားသမားေတြနဲ႔ စုဖြဲ႔ထားတဲ့ ခ်ယ္ဆီးဟာ ေစာင့္ၾကည့္ဖို႔ေကာင္းတဲ့ အသင္းတသင္းျဖစ္ျပီး မန္ေနဂ်ာလမ္းပတ္က ဘယ္လို လူငယ္ေတြကို ဥေရာပေဘာလံုး စင္ျမင္ေပၚ တြန္းပို႔ႏုိင္မလဲဆိုတာက ေမးခြန္းထုတ္ခံလာရတာပဲျဖစ္ပါတယ္။

UNICODE

ချယ်ဆီးအသင်းကို အေဘရာမိုဗစ် ပိုင်ဆိုင်ပြီးနောက်ပိုင်း အင်္ဂလန်မှာ ဆုဖလားအနိုင်ရမှု အများဆုံးအသင်းဟာ ချယ်ဆီးအသင်းဖြစ်သလို ကလပ်အသင်းဟာလည်း ပရီးမီးယားလိဂ်မှာတော့ လူမုန်းများတဲ့ ကလပ်အသင်းအဖြစ် ရပ်တည်ခဲ့တာပါ။

အပြောင်းအရွှေ့တွေမှာ ကစားသမားကောင်းတွေကို ခေါ်ယူနိုင်မှုအပြင် မနှစ်က နွေမှာ ကစားသမား ၄၁ ဦးထိ အငှားချနိုင်မှုတွေဟာ ချယ်ဆီးရဲ့ လူစာရင်းတောင့်တင်းမှုတွေကို မြင်သာစေခဲ့တယ်။ ဒါပေမယ့်လို့ ဒီရာသီမှာ အပြောင်းအရွှေ့ ပိတ်ခံရရာက ချယ်ဆီးအပေါ်ထားတဲ့ ပြိုင်ဘက်တွေရဲ့ သဘောထားဟာ ပြောင်းလဲလာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

ချယ်ဆီးအသင်း နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ကာရာဘောင်းပွဲမှာ ပွဲထွက်ကစားသမားများအနက် ၁၀ ဦးဟာ ချယ်ဆီးအသင်း အကယ်ဒမီထွက် ကစားသမားတွေဖြစ်ပါတယ်။ ဒါ့အပြင် တိုမိုရီ၊ မေဆန်မောင့်နဲ့ အေဘရာဟမ်တို့ဟာ ချယ်ဆီးစီနီယာအသင်းအတွက် အကျိုးကြီးတွေ ဖြစ်နေစေတာပါ။ အေဘရာဟမ်ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၇ ဂိုးထိ သွင်းယူထားတဲ့ တိုက်စစ်သမားဖြစ်ပါတယ်။

ကာရာဘောင်းပွဲမှာ ကိုယ်တိုင် တစ်ဂိုးသွင်းပြီး နှစ်ကြိမ် ဂိုးထောက်ပံ့မှု လုပ်ပေးနိုင်ခဲ့တဲ့ ရိစ်ဂျိမ်း၊ ကွင်းလယ်မှာ ခြေစွမ်းပြခဲ့တဲ့ ၁၈ နှစ်သား ဘီလီတို့ဟာ ချယ်ဆီးထုတ်ကုန်တွေဖြစ်တယ်။ ဒီကစားသမားတွေကိုတော့ ချယ်ဆီးနဲ့ အင်္ဂလန်ကွင်းလယ်လူဟောင်း လမ်းပတ်က ကိုင်တွယ်နေတာဖြစ်ပြီး ကလပ်အသင်းဟာ အင်္ဂလန်လိဂ်မှာ အနုပျိုဆုံး အသင်းတစ်သင်းအဖြစ်လည်း မှတ်တမ်းဝင်ပပါတယ်။

အတိတ်တုန်းက မော်ရင်ညိုနဲ့ ကော်စတာလို မန်နေဂျာ၊ ကစားသမားတွေကို ပိုင်ဆိုင်ခဲ့တဲ့ ချယ်ဆီးဟာ ပြိုင်ဘက်တွေနဲ့ ကတောက်ကဆဖြစ်ခဲ့ပြီး အရည်အချင်းရှိပေမယ့် လူမုန်းများခဲ့တာပါ။ လက်ရှိ ချယ်ဆီးကတော့ လူငယ်အစုအဖွဲ့ အသားပေးမှု၊ ကိုယ်ပိုင် အကယ်ဒမီထွက် ကစားသမားတွေ သုံးစွဲမှု၊ အင်္ဂလန်ရဲ့ အထင်ကရ ကစားသမားဟောင်းကြီး ကိုင်တွယ်မှုတွေကြောင့် ပြိုင်ဘက်တွေကိုယ်တိုင်က နှစ်သက်ခြင်းခံရတဲ့ အနေအထားကို ပြောင်းလဲလာခဲ့တာဖြစ်တယ်။

ကာရာဘောင်းပွဲအပြီးမှာတော့ များစွာသော ဘောလုံးသုံးသပ်သူတွေနဲ့ ဘောလုံးပရိသတ်တွေက လူငယ်မန်နေဂျာ၊ လူငယ်ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ ချယ်ဆီးဟာ စောင့်ကြည့်ဖို့ကောင်းတဲ့ အသင်းတသင်းဖြစ်ပြီး မန်နေဂျာလမ်းပတ်က ဘယ်လို လူငယ်တွေကို ဥရောပဘောလုံး စင်မြင်ပေါ် တွန်းပို့နိုင်မလဲဆိုတာက မေးခွန်းထုတ်ခံလာရတာပဲဖြစ်ပါတယ်။