ချယ်ဆီးဂိုးသမားဟောင်းကြီး ရှာဝါဇာက စိတ်ဓာတ်လှုံ့ဆော်မှုပိုင်း လိုအပ်မှုတွေ ရှိနေတာဟာ ကစားသမားတွေရဲ့ ပြဿနာ မဟုတ်ဘဲ နာမည်ကြီ ကစားသမားတွေကို စီမံခန့်ခွဲ ကိုင်တွယ်ဖို့က ဆာရီရဲ့ တာဝန်ထဲ ပါတယ်လို့ နည်းပြဖြစ်သူကို သတိပေးစကား ဆိုလိုက်ပါတယ်။

ချယ်ဆီးအသင်းဟာ တိုက်စစ်မှူး ဟီဂူအင်ကို လာမယ့်နွေမှာ သဘောတူထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၃၆ သန်းထက် လျော့နည်းတဲ့ ပမာဏနဲ့ ၀ယ်ယူနိုင်ဖို့ ယုံကြည်မှု ရှိနေပါတယ်။ ဟီဂူအင်က ချယ်ဆီးအတွက် ၄ ပွဲ ကစားပြီး ၂ ဂိုး သွင်းယူပေးထားပါတယ်။

ချယ်ဆီးကွင်းလယ် ကစားသမား ကန်တေဟာ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖွယ် ရှိနေပြီး ဘာစီလိုနာထက် ရီးရဲလ်မက်ဒရစ်သို့ သွားလို နေကြောင်း စပိန်သတင်းများမှာ ဖော်ပြနေပါတယ်။ ကန်တေက ဆာရီရဲ့ လက်ထက်မှာ နေရာပြောင်းကစားကာ ရုန်းကန်နေရပါတယ်။ ကန်တေကို ပီအက်စ်ဂျီကလည်း ကာလရှည် စောင့်ကြည့် စိတ်ဝင်စားနေပြီး ဘိုင်ယန်မြူးနစ်ဘက်ကလည်း ခေါ်ယူလိုနေပါတယ်။

ချယ်ဆီးအသင်းက ဖရန့်ဘတ်တိုက်စစ်မှူး လူကာဂျိုဗစ်ကို ယူရို ၄၅ သန်းနဲ့ ခေါ်ယူဖို့ အသင့်ပြင်ဆင်နေပါတယ်။ ဂျိုဗစ်က ဒီရာသီ ပြိုင်ပွဲစုံ ၁၉ ဂိုး သွင်းထားပြီး ခြေစွမ်းပြနေတာပါ။ အသက် ၂၁ အရွယ် ဆားဘီးယားသားက ဘင်ဖီကာမှ ဖရန့်ဘတ်မှာ အငှား ကစားနေပါတယ်။

ပြင်သစ်ကွင်းလယ်သမား ဘာကာယိုကိုက မိခင်ကလပ် ချယ်ဆီးအသင်းက သူ့ကို အလိုမရှိတော့ဘူး ခံစားခဲ့ရလို့ အသင်းကနေ ထွက်ခွာဖြစ် ခဲ့တာ ဖြစ်ကြောင်း အီတလီအားကစားသတင်းဌာန တစ်ခုနဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။ ကွန်တီရဲ့ အသင်းမှာ နေရာမရခဲ့တဲ့ ဘာကာယိုကိုက ဒီရာသီ မီလန်မှာ ကစားရင်း ပုံစံကောင်းတွေ ပြသနေပြီ ဖြစ်ပါတယ်။

ချယ်ဆီးတိုက်စစ်မှူး အိုလီဗာာ ဂျီရူးရဲ့ လက်ရှိ စာချုပ်က ရာသီကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး အသင်းဘက်က သက်တမ်းတိုး ကမ်းလှမ်းမှု ပြုလုပ်မထားသေးပါဘူး။ ဂျီရူးကတော့ ချယ်ဆီးအသင်းမှာသာ ဆက်နေလိုပြီး အသင်းဘက်က ကမ်းလှမ်းမှုကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေဆဲပါ။