လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္က ဗဟိုခံစစ္မွဴး ဂ်ိဳ၀ယ္ မာတစ္ကို ေခၚယူလိုက္တကာ လီဗာပူးကို ေရာက္တည္းက သူ ျပဳလုပ္ခဲ့တဲ့ ကစားသမားေခၚယူမႈေတြမွာ အေကာင္းဆံုးထဲ ပါ၀င္ေၾကာင္း ဖြင့္ဟေျပာဆိုလိုက္ပါတယ္။

ကင္မရြန္းလက္ေရြးစင္ ကစားသမားဟာ ဘြန္ဒစ္လီဂါကလပ္ ေရွာ္လ္ေကးကေန လီဗာပူးအသင္းထံ ၂၀၁၆ မွာ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ေရာက္ရွိခဲ့တာပါ။ မာတစ္ဟာ ျပီးခဲ့တဲ့ရာသီ ေတာက္ပခဲ့တဲ့ လီဗာပူးအသင္း ေအာင္ျမင္မႈေတြထဲ သိပ္ ခ်ီးက်ဴးခံရသူ မဟုတ္ပါဘူး။

ဒါေပမယ့္ ရာသီ အစမွာ စတုတၳ ဦးစားေပး ဗဟိုခံစစ္မွဴး အျဖစ္ ရွိခဲ့တဲ့ မာတစ္ဟာ ရာသီ သိမ္းခ်ိန္မွာေတာ့ ဗန္ဒိုက္ရဲ႕ အေကာင္းဆံုးတြဲဖက္ ပြဲထြက္ ခံစစ္မွဴး ျဖစ္လာခဲ့ပါတယ္။

မာတစ္ရဲ႕ ရင့္က်က္တည္ျငိမ္မႈအေၾကာင္းကို ေမးျမန္းရာမွာ ကေလာ့ပ္က – ” ဒါက ေဘာလံုးသမားေတြမွာ ျဖစ္တတ္ပါတယ္။ သူတို႔က လူသားေတြပဲ အသက္ၾကီးလာေလ ပို တည္ျငိမ္ ရင့္က်က္လာေလေပါ့။ စိန္ေခၚမႈေတြ မ်ားမ်ား ၾကံဳလာေလ ရင့္က်က္ ၾကီးျပင္းလာေလေပါ့။ ဂ်ိဳ၀ယ္ (မာတစ္)က လံုး၀ မယံုနုိင္စရာ ကိုယ္ပိုင္ အရည္အခ်င္းေတြနဲ႕ ကစားသမားပါ။ သူ ၁၈ နွစ္သားတည္းက ေရွာ္လ္ေကးမွာ ပါ၀င္ကစားေနျပီ .. ဒါက လြယ္တဲ့ကိစၥ မဟုတ္ဘူး။” လို႔ ေျဖၾကားခဲ့ပါတယ္။

” မ်ားျပားလွတဲ့ ေျပာင္းေရႊ႕ေၾကးေတြနဲ႕ ေဘာလံုးကမၻာမွာ မာတစ္ကို ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ က်ေနာ္ ရခဲ့တယ္ ဆိုတာ မယံုနိုင္ေလာက္ေအာင္ပဲ။ ဒါက က်ေနာ္တို႔ လုပ္ခဲ့တဲ့ ေခၚယူမႈေတြထဲ အေကာင္းဆံုးေတြထဲမွာ ပါပါတယ္။” လို႔ ကေလာ့ပ္က ဆိုပါတယ္။

ဒီရာသီ ပရီးမီးယားလိဂ္ ၆ ပြဲ ကစား ၆ ပြဲလံုး နုိင္ထားတဲ့ လီဗာပူးအသင္းမွာ မာတစ္က လံုး၀ အေရးပါတဲ့ အသင္းသား တစ္ဦး အျဖစ္ ပါ၀င္ထားျပီး ယခုခ်ိန္ထိ ၅ ပြဲ ပြဲထြက္ ပါ၀င္ထားတာပါ။

Myan News

UNICODE – လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ဗဟိုခံစစ်မှူး ဂျိုဝယ် မာတစ်ကို ခေါ်ယူလိုက်တကာ လီဗာပူးကို ရောက်တည်းက သူ ပြုလုပ်ခဲ့တဲ့ ကစားသမားခေါ်ယူမှုတွေမှာ အကောင်းဆုံးထဲ ပါဝင်ကြောင်း ဖွင့်ဟပြောဆိုလိုက်ပါတယ်။

ကင်မရွန်းလက်ရွေးစင် ကစားသမားဟာ ဘွန်ဒစ်လီဂါကလပ် ရှော်လ်ကေးကနေ လီဗာပူးအသင်းထံ ၂၀၁၆ မှာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ရောက်ရှိခဲ့တာပါ။ မာတစ်ဟာ ပြီးခဲ့တဲ့ရာသီ တောက်ပခဲ့တဲ့ လီဗာပူးအသင်း အောင်မြင်မှုတွေထဲ သိပ် ချီးကျူးခံရသူ မဟုတ်ပါဘူး။ ဒါပေမယ့် ရာသီ အစမှာ စတုတ္ထ ဦးစားပေး ဗဟိုခံစစ်မှူး အဖြစ် ရှိခဲ့တဲ့ မာတစ်ဟာ ရာသီ သိမ်းချိန်မှာတော့ ဗန်ဒိုက်ရဲ့ အကောင်းဆုံးတွဲဖက် ပွဲထွက် ခံစစ်မှူး ဖြစ်လာခဲ့ပါတယ်။

မာတစ်ရဲ့ ရင့်ကျက်တည်ငြိမ်မှုအကြောင်းကို မေးမြန်းရာမှာ ကလော့ပ်က – ” ဒါက ဘောလုံးသမားတွေမှာ ဖြစ်တတ်ပါတယ်။ သူတို့က လူသားတွေပဲ အသက်ကြီးလာလေ ပို တည်ငြိမ် ရင့်ကျက်လာလေပေါ့။ စိန်ခေါ်မှုတွေ များများ ကြုံလာလေ ရင့်ကျက် ကြီးပြင်းလာလေပေါ့။ ဂျိုဝယ် (မာတစ်)က လုံး၀ မယုံနိုင်စရာ ကိုယ်ပိုင် အရည်အချင်းတွေနဲ့ ကစားသမားပါ။ သူ ၁၈ နှစ်သားတည်းက ရှော်လ်ကေးမှာ ပါဝင်ကစားနေပြီ .. ဒါက လွယ်တဲ့ကိစ္စ မဟုတ်ဘူး။” လို့ ဖြေကြားခဲ့ပါတယ်။

” များပြားလှတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ ဘောလုံးကမ္ဘာမှာ မာတစ်ကို ပြောင်းရွှေ့ကြေး အလွတ်နဲ့ ကျနော် ရခဲ့တယ် ဆိုတာ မယုံနိုင်လောက်အောင်ပဲ။ ဒါက ကျနော်တို့ လုပ်ခဲ့တဲ့ ခေါ်ယူမှုတွေထဲ အကောင်းဆုံးတွေထဲမှာ ပါပါတယ်။” လို့ ကလော့ပ်က ဆိုပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် ၆ ပွဲ ကစား ၆ ပွဲလုံး နိုင်ထားတဲ့ လီဗာပူးအသင်းမှာ မာတစ်က လုံး၀ အရေးပါတဲ့ အသင်းသား တစ်ဦး အဖြစ် ပါဝင်ထားပြီး ယခုချိန်ထိ ၅ ပွဲ ပွဲထွက် ပါဝင်ထားတာပါ။

Myan News