မန္ယူဟာ ကလပ္အသင္းမွာ တိုက္စစ္မွဴး ျပတ္လွပ္တဲ့ ျပသနာျဖစ္ေနမႈေၾကာင့္ ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ လိုင္ယြန္အသင္းရဲ႕ တိုက္စစ္မႉး မူဆာဒမ္ဘီလီကို ေခၚယူဖို႔ စိတ္ဝင္စားလာေနေၾကာင္း ေဖာ္ျပမႈေတြ ထြက္ေပၚလာေနပါတယ္။

မန္ယူအသင္းဟာ အေျပာင္းအေရႊ႕ ပိတ္သြားေပမယ့္ လုိင္ယြန္ၾကယ္ပြင့္ တုိက္စစ္မွဴး မိုဆာ ဒမ္ဘီလီကုိ ဆက္လက္ ေစာင့္ၾကည့္ေနဆဲ ျဖစ္ပါတယ္။ မန္ယူအသင္းစိတ္ဝင္စားေနတဲ့ ဒမ္ဘီလီဟာ လိုင္ယြန္အသင္းမွာ ေျခစြမ္းေကာင္းမြန္ျခင္းကလည္း အေရးေပၚ ေခၚယူမႈအတြက္ ကလပ္အသင္း တာဝန္ရွိသူေတြကို စိတ္ဝင္စားေစတာျဖစ္တယ္။

မန္ယူဟာ တိုက္စစ္မွဴး လူကာကူကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၇၄ သန္းနဲ႔ အင္တာမီလန္အသင္းထံ ေရာင္းခ်ခဲ႔သလို ေတာင္ပံတိုက္စစ္မွဴး ဆန္းခ်က္ကိုလည္း အင္တာမီလန္အသင္းထံ အငွားခ်ခဲ႔ေပမယ့္ တိုက္စစ္မွဴးသစ္ ျပန္ေခၚခဲ့တာ မရွိပါဘူး။ လက္ရွိမွာ ရပ္ဖိုဒ့္၊ မာရွယ္နဲ႔ ဂ်ိမ္းတိုပဲ အဓိက တိုက္စစ္သမားေတြအေနနဲ႔ က်န္ခဲ့တာျဖစ္ျပီး ဂရင္းဝုဒ္ကိုပါ သံုးေနရတဲ့ အေနအထားလည္း ျဖစ္ပါတယ္။

လိုင္ယြန္ တိုက္စစ္သမား မိုဆာ ဒမ္ဘီလီဟာ ဥေရာပမွာ အေကာင္းဆံုး ေက်ာနံပါတ္ ၉ တိုက္စစ္မွဴးေတြထဲက တစ္ဦး ျဖစ္လာႏုိင္ေျခရွိသူျဖစ္ၿပီး ျပင္သစ္ကလပ္အသင္းအတြက္ သြင္းဂိုးေတြ ဆက္တုိက္သြင္းယူေပးေနသူျဖစ္ပါတယ္။ ဒါေၾကာင့္လည္း မန္ယူဘက္က ကစားသမားကို လိုအပ္မယ္ဆိုရင္ မွန္ကန္တဲ့ ကမ္းလွမ္းမႈေတြ လုပ္ရဖို႔ ရွိေနပါတယ္။

အရင္လတုန္းကပဲ လုိင္ယြန္အားကစားဒါရိုက္တာ ဂ်ဴနင္ဟုိ က မန္ယူအသင္းရဲ႕ ၾကိဳးစားမႈေတြ အေပၚ သတိေပးမႈ ဆန္တဲ့ စကားမ်ိဳး ထုတ္ေဖာ္ ေျပာလိုက္ျပီး ဒမ္ဘီလီရဲ႕အနာဂတ္ကို လုိင္ယြန္အသင္းက အစီအစဥ္ဆြဲေနတယ္လို႔ အသိေပးခဲ့ပါတယ္။

” က်ေနာ္တို႔မွာ ရွိေနတဲ့ ကစားသမားေတြနဲ႔ပတ္သက္ၿပီး စိတ္ေက်နပ္မိပါတယ္။ က်ေန္ာတို႔က အခု အသင္းမွာ တည္ေဆာက္ရမွာပါ။ ကစားသမားေတြ ေရာင္းခ်ဖို႔ မလုိအပ္ပါဘူး။ အသင္းသားေတြ အားလံုးကို က်ေနာ္တို႔နဲ႔ ေနေစခ်င္ပါတယ္။ တကယ္လို႔ မိုဆာဒမ္ဘီလီသာ ထြက္ခြာမယ္ဆုိရင္ က်ေန္ာတုိ႔ကို အမ်ားႀကီး ထိခုိက္ေစမွာပါ” လို႔ ဂ်ဴနင္ဟိုက ေျပာၾကားထားပါတယ္။

UNIOCDE

မန်ယူဟာ ကလပ်အသင်းမှာ တိုက်စစ်မှူး ပြတ်လှပ်တဲ့ ပြသနာဖြစ်နေမှုကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ လိုင်ယွန်အသင်းရဲ့ တိုက်စစ်မှူး မူဆာဒမ်ဘီလီကို ခေါ်ယူဖို့ စိတ်ဝင်စားလာနေကြောင်း ဖော်ပြမှုတွေ ထွက်ပေါ်လာနေပါတယ်။

မန်ယူအသင်းဟာ အပြောင်းအရွှေ့ ပိတ်သွားပေမယ့် လိုင်ယွန်ကြယ်ပွင့် တိုက်စစ်မှူး မိုဆာ ဒမ်ဘီလီကို ဆက်လက် စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။ မန်ယူအသင်းစိတ်ဝင်စားနေတဲ့ ဒမ်ဘီလီဟာ လိုင်ယွန်အသင်းမှာ ခြေစွမ်းကောင်းမွန်ခြင်းကလည်း အရေးပေါ် ခေါ်ယူမှုအတွက် ကလပ်အသင်း တာဝန်ရှိသူတွေကို စိတ်ဝင်စားစေတာဖြစ်တယ်။

မန်ယူဟာ တိုက်စစ်မှူး လူကာကူကို ပြောင်းရွှေ့ကြေး ပေါင် ၇၄ သန်းနဲ့ အင်တာမီလန်အသင်းထံ ရောင်းချခဲ့သလို တောင်ပံတိုက်စစ်မှူး ဆန်းချက်ကိုလည်း အင်တာမီလန်အသင်းထံ အငှားချခဲ့ပေမယ့် တိုက်စစ်မှူးသစ် ပြန်ခေါ်ခဲ့တာ မရှိပါဘူး။ လက်ရှိမှာ ရပ်ဖိုဒ့်၊ မာရှယ်နဲ့ ဂျိမ်းတိုပဲ အဓိက တိုက်စစ်သမားတွေအနေနဲ့ ကျန်ခဲ့တာဖြစ်ပြီး ဂရင်းဝုဒ်ကိုပါ သုံးနေရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။

လိုင်ယွန် တိုက်စစ်သမား မိုဆာ ဒမ်ဘီလီဟာ ဥရောပမှာ အကောင်းဆုံး ကျောနံပါတ် ၉ တိုက်စစ်မှူးတွေထဲက တစ်ဦး ဖြစ်လာနိုင်ခြေရှိသူဖြစ်ပြီး ပြင်သစ်ကလပ်အသင်းအတွက် သွင်းဂိုးတွေ ဆက်တိုက်သွင်းယူပေးနေသူဖြစ်ပါတယ်။ ဒါကြောင့်လည်း မန်ယူဘက်က ကစားသမားကို လိုအပ်မယ်ဆိုရင် မှန်ကန်တဲ့ ကမ်းလှမ်းမှုတွေ လုပ်ရဖို့ ရှိနေပါတယ်။

အရင်လတုန်းကပဲ လိုင်ယွန်အားကစားဒါရိုက်တာ ဂျူနင်ဟို က မန်ယူအသင်းရဲ့ ကြိုးစားမှုတွေ အပေါ် သတိပေးမှု ဆန်တဲ့ စကားမျိုး ထုတ်ဖော် ပြောလိုက်ပြီး ဒမ်ဘီလီရဲ့အနာဂတ်ကို လိုင်ယွန်အသင်းက အစီအစဉ်ဆွဲနေတယ်လို့ အသိပေးခဲ့ပါတယ်။

” ကျနော်တို့မှာ ရှိနေတဲ့ ကစားသမားတွေနဲ့ပတ်သက်ပြီး စိတ်ကျေနပ်မိပါတယ်။ ကျနေ်ာတို့က အခု အသင်းမှာ တည်ဆောက်ရမှာပါ။ ကစားသမားတွေ ရောင်းချဖို့ မလိုအပ်ပါဘူး။ အသင်းသားတွေ အားလုံးကို ကျနော်တို့နဲ့ နေစေချင်ပါတယ်။ တကယ်လို့ မိုဆာဒမ်ဘီလီသာ ထွက်ခွာမယ်ဆိုရင် ကျနေ်ာတို့ကို အများကြီး ထိခိုက်စေမှာပါ” လို့ ဂျူနင်ဟိုက ပြောကြားထားပါတယ်။