အဂၤလန္လက္ေရြးစင္အသင္း နည္းျပအဖြဲ႔ဝင္ေတြကေတာ့ ဒီရာသီမွာ အာဆင္နယ္မန္ေနဂ်ာ အမ္မရီ ေျပာင္းလဲအသံုးျပဳမႈအရ ညာအစြန္ကစားသမားအျဖစ္ ေျပာင္းလဲအသံုးျပဳေနတဲ့ မစ္လန္ေနးကို ကြင္းလယ္သမားတစ္ဦးအျဖစ္ပဲ ရႈျမင္သြားမယ္လို႔ သိရပါတယ္။

မစ္လန္ေနးဟာ ေနရာသစ္မွာေတာ့ ရုန္းကန္ရမႈေတြ ရွိေနတာျဖစ္ျပီး ေနာက္ဆံုး ယွဥ္ျပိဳင္ကစားခဲ့တဲ့ အက္စတြန္ဗီလာနဲ႔ပြဲမွာ ႏွစ္ဝါတစ္နီနဲ႔ ထုတ္ပယ္ခံခဲ့ရသူျဖစ္တယ္။ အသက္ ၂၂ ႏွစ္အရြယ္ ကစားသမားဟာ ဘယ္လာရင္ မရွိခ်ိန္မွာ ညာအစြန္ေနရာကို တာဝန္ယူေနရသူျဖစ္ေပမယ့္ ဂန္းနားအကယ္ဒမီထြက္ ကစားသမားဟာ ခံစစ္ပိုင္း တာဝန္ေတြကို အေကာင္းဆံုး ရယူေပးႏုိင္ျခင္း မရွိပါဘူး။

မစ္လန္ေနးကေတာ့ သူ႔အေပၚ ေဝဖန္ပိုင္းျခားမႈေတြက တရားမွ်တျခင္း မရွိဘူးလို႔ ဆိုပါတယ္။ မန္ေနဂ်ာအလိုက် ညာအစြန္ေနာကေန ကစားေပးေနတာျဖစ္ေပမယ့္ အကယ္ဒမီမွာကတည္းက ကြင္းလယ္နဲ႔ တုိက္စစ္အားသန္ ကစားသမားအျဖစ္ ကစားခဲ့တာေၾကာင့္ ခံစစ္ကာကြယ္မႈေတြကို အသားေပး ေလ့က်င့္ခဲ့ရသူေတြလို စြမ္းေဆာင္ႏုိင္ျခင္း မရွိတာလို႔ ထုတ္ေဖာ္ေျပာဆိုထာားပါေသးတယ္။

The Athletic ကေန ထုတ္ေဖာ္မႈအရ အဂၤလန္နည္းျပအဖြဲ႔ဝင္ေတြက မစ္လန္ေနးကို ကြင္းလယ္ကစားသမားအျဖစ္ပဲ ျမင္သြားမွာျဖစ္ျပီး ညာအစြန္သမားတစ္ဦးအျဖစ္ သံုးသပ္မႈ လုပ္မွာ မဟုတ္ဘူးလို႔ သိရပါတယ္။ ဒါေၾကာင့္ အဂၤလန္အသင္းဟာ ညာအစြန္ေနရာအတြက္ မစ္လန္ေနးကို ထည့္စဥ္းစားမွာ မဟုတ္ပဲ အဆိုပါ ေနရာမွာ ကစားေနရမယ္ဆိုရင္ သူဟာ လက္ေရြးစင္အသင္းမွာ ေနရာရဖိုပလည္း မရွိတာျဖစ္တယ္။

မၾကာခင္မွာ ညာအစြန္လူ ဘယ္လာရင္ ျပန္ကစားလာႏုိင္မွာျဖစ္ျပီး မစ္လန္ေနးကို မန္ေနဂ်ာအမ္မရီက ကြင္းလယ္ကို ပို႔မလား (သို႔) ဘယ္လာရင္ရဲ႕ အရန္ေနရာမွပဲ ဆက္ထားမလားဆိုတာက စိတ္ဝင္စားစရာပါ။ မန္ေနဂ်ာအမ္မရီက ပြဲထြက္လူစာရင္းမွာ ကြင္းလယ္အတြက္ ေရြးခ်ယ္စရာေတြ မ်ားေနျခင္းေၾကာင့္ မစ္လန္ေနးဟာ ပံုမွန္ကစားခြင့္ရမယ့္ ေနရာတစ္ေနရာအတြက္ ညာအစြန္ေနရာကိုပဲ ဖိအားေပးရဖြယ္ရွိတယ္။ ဒါဆိုရင္ေတာ့ လက္ေရြးစင္ အနာဂတ္က ေမးခြန္းထုတ္စရာ ျဖစ္လာမယ္လို႔ ေဖာ္ျပခံေနရပါတယ္။

UNICODE

အင်္ဂလန်လက်ရွေးစင်အသင်း နည်းပြအဖွဲ့ဝင်တွေကတော့ ဒီရာသီမှာ အာဆင်နယ်မန်နေဂျာ အမ်မရီ ပြောင်းလဲအသုံးပြုမှုအရ ညာအစွန်ကစားသမားအဖြစ် ပြောင်းလဲအသုံးပြုနေတဲ့ မစ်လန်နေးကို ကွင်းလယ်သမားတစ်ဦးအဖြစ်ပဲ ရှုမြင်သွားမယ်လို့ သိရပါတယ်။

မစ်လန်နေးဟာ နေရာသစ်မှာတော့ ရုန်းကန်ရမှုတွေ ရှိနေတာဖြစ်ပြီး နောက်ဆုံး ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်စတွန်ဗီလာနဲ့ပွဲမှာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရသူဖြစ်တယ်။ အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ဘယ်လာရင် မရှိချိန်မှာ ညာအစွန်နေရာကို တာဝန်ယူနေရသူဖြစ်ပေမယ့် ဂန်းနားအကယ်ဒမီထွက် ကစားသမားဟာ ခံစစ်ပိုင်း တာဝန်တွေကို အကောင်းဆုံး ရယူပေးနိုင်ခြင်း မရှိပါဘူး။

မစ်လန်နေးကတော့ သူ့အပေါ် ဝေဖန်ပိုင်းခြားမှုတွေက တရားမျှတခြင်း မရှိဘူးလို့ ဆိုပါတယ်။ မန်နေဂျာအလိုကျ ညာအစွန်နောကနေ ကစားပေးနေတာဖြစ်ပေမယ့် အကယ်ဒမီမှာကတည်းက ကွင်းလယ်နဲ့ တိုက်စစ်အားသန် ကစားသမားအဖြစ် ကစားခဲ့တာကြောင့် ခံစစ်ကာကွယ်မှုတွေကို အသားပေး လေ့ကျင့်ခဲ့ရသူတွေလို စွမ်းဆောင်နိုင်ခြင်း မရှိတာလို့ ထုတ်ဖော်ပြောဆိုထာားပါသေးတယ်။

The Athletic ကနေ ထုတ်ဖော်မှုအရ အင်္ဂလန်နည်းပြအဖွဲ့ဝင်တွေက မစ်လန်နေးကို ကွင်းလယ်ကစားသမားအဖြစ်ပဲ မြင်သွားမှာဖြစ်ပြီး ညာအစွန်သမားတစ်ဦးအဖြစ် သုံးသပ်မှု လုပ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒါကြောင့် အင်္ဂလန်အသင်းဟာ ညာအစွန်နေရာအတွက် မစ်လန်နေးကို ထည့်စဉ်းစားမှာ မဟုတ်ပဲ အဆိုပါ နေရာမှာ ကစားနေရမယ်ဆိုရင် သူဟာ လက်ရွေးစင်အသင်းမှာ နေရာရဖိုပလည်း မရှိတာဖြစ်တယ်။

မကြာခင်မှာ ညာအစွန်လူ ဘယ်လာရင် ပြန်ကစားလာနိုင်မှာဖြစ်ပြီး မစ်လန်နေးကို မန်နေဂျာအမ်မရီက ကွင်းလယ်ကို ပို့မလား (သို့) ဘယ်လာရင်ရဲ့ အရန်နေရာမှပဲ ဆက်ထားမလားဆိုတာက စိတ်ဝင်စားစရာပါ။ မန်နေဂျာအမ်မရီက ပွဲထွက်လူစာရင်းမှာ ကွင်းလယ်အတွက် ရွေးချယ်စရာတွေ များနေခြင်းကြောင့် မစ်လန်နေးဟာ ပုံမှန်ကစားခွင့်ရမယ့် နေရာတစ်နေရာအတွက် ညာအစွန်နေရာကိုပဲ ဖိအားပေးရဖွယ်ရှိတယ်။ ဒါဆိုရင်တော့ လက်ရွေးစင် အနာဂတ်က မေးခွန်းထုတ်စရာ ဖြစ်လာမယ်လို့ ဖော်ပြခံနေရပါတယ်။