လီဗာပူးမန္ေန်ာ ယာင္ကေလာ့ပ္က မီလ္နာကို သက္တမ္းတိုးဖို႔ ကလပ္အသင္းဘက္က ၾကိဳးစားေနတယ္လုိ႔ ထုတ္ေျပာခဲ့ျခင္း မရွိေပမယ့္ သူ႔ကို အသင္းမွာ ႏွစ္အနည္းငယ္ ဆက္ရွိေနေစခ်င္တယ္လုိ႔ ေျပာဆိုလာခဲ့ျပီျဖစ္ပါတယ္။

ဒီေႏြမွာ လီဗာပူးနဲ႔ စာခ်ဳပ္ကုန္ေတာ့မယ့္ မီလ္နာဟာ Bosman စည္းမ်ဥ္းအရ ဇန္နဝါရီမွာပဲ အျခားေသာ ကလပ္ေတြနဲ႔ စကားေျပာခြင့္ရေတာ့မွာျဖစ္ပါတယ္။ ကေလာ့ပ္ကေတာ့ မီလ္နာကို ႏွစ္သက္သူျဖစ္ျပီး အသက္ ၃၃ ႏွစ္အရြယ္ ကစားသမားကို ေနရာစံုသံုးႏုိင္မႈအရ ဆက္ထိန္းထားဖို႔ အလိုရွိေနတာပါ။

ယာဂင္ကေလာ့ပ္က “ မီလ္နာက က်ေနာ္တုိ႔အတြက္ အရမ္းပဲ အေရးပါပါတယ္။ သူက တကယ္ကို ပေရာ္ဖက္ရွင္နယ္ပါ။ အေလးအနက္ထားျပီး လုပ္ေဆာင္တတ္ေပမယ့္ သူက ေပ်ာ္ေပ်ာ္ေနတတ္သူပါ။ ကာရာေဘာင္းပြဲမွာ ကေလးငါးေယာက္နဲ႔ စီနီယာ ေျခာက္ေယာက္ ကစားခဲ့တယ္။ မီလ္နာမရွိရင္ အဲ့သည္ပြဲကို ႏုိင္ဖို႔ မရွိပါဘူး။ သူက အသင္းရဲ႕ စံျပကစားသမားျဖစ္ပါတယ္။

သူ႔ကို အသင္းမွာ ႏွစ္အနည္းငယ္ ဆက္ရွိေစခ်င္ပါတယ္။ ဒါေပမယ့္ စာခ်ဳပ္သစ္ကိစၥနဲ႔ ပက္သက္လို႔ အဲ့သည္အေၾကာင္း ေျပာေနတာ မရွိသလို မီလ္နာနဲ႔လည္း ေျပာေနတာ မရွိပါဘူး ” လို႔ ဆိုခဲ့တာျဖစ္တယ္။

၂၀၁၅ ခုႏွစ္မွာ မန္စီးတီးကေန လီဗာပူးကို အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ ေရာက္လာခဲ့တဲ့ မီလ္နာဟာ အဝတ္လဲခန္းမွာေတာ့ ဟန္ဒါဆန္နည္းတူ ေခါင္းေဆာင္တစ္ဦးျဖစ္ျပီး သူတို႔ႏွစ္ဦးကပဲ အသင္းကို အဓိက ဦးေဆာင္ေနတာပါ။ မီလ္နာဟာ စီနီယာအသင္းသားေတြတင္မကပဲ လူငယ္ကစားသမားေတြ စံနမႈနာယူရသူလည္းျဖစ္ျပီး သူ႔ကို စာခ်ဳပ္သစ္ေပးဖို႔ေတာ့ ပရိသတ္ေတြဘက္က ေမွ်ာ္လင့္ေနၾကတာပဲ ျဖစ္ပါတယ္။

UNICODE

လီဗာပူးမန်နျော ယာင်ကလော့ပ်က မီလ်နာကို သက်တမ်းတိုးဖို့ ကလပ်အသင်းဘက်က ကြိုးစားနေတယ်လို့ ထုတ်ပြောခဲ့ခြင်း မရှိပေမယ့် သူ့ကို အသင်းမှာ နှစ်အနည်းငယ် ဆက်ရှိနေစေချင်တယ်လို့ ပြောဆိုလာခဲ့ပြီဖြစ်ပါတယ်။

ဒီနွေမှာ လီဗာပူးနဲ့ စာချုပ်ကုန်တော့မယ့် မီလ်နာဟာ Bosman စည်းမျဉ်းအရ ဇန်နဝါရီမှာပဲ အခြားသော ကလပ်တွေနဲ့ စကားပြောခွင့်ရတော့မှာဖြစ်ပါတယ်။ ကလော့ပ်ကတော့ မီလ်နာကို နှစ်သက်သူဖြစ်ပြီး အသက် ၃၃ နှစ်အရွယ် ကစားသမားကို နေရာစုံသုံးနိုင်မှုအရ ဆက်ထိန်းထားဖို့ အလိုရှိနေတာပါ။

ယာဂင်ကလော့ပ်က “ မီလ်နာက ကျနော်တို့အတွက် အရမ်းပဲ အရေးပါပါတယ်။ သူက တကယ်ကို ပရော်ဖက်ရှင်နယ်ပါ။ အလေးအနက်ထားပြီး လုပ်ဆောင်တတ်ပေမယ့် သူက ပျော်ပျော်နေတတ်သူပါ။ ကာရာဘောင်းပွဲမှာ ကလေးငါးယောက်နဲ့ စီနီယာ ခြောက်ယောက် ကစားခဲ့တယ်။ မီလ်နာမရှိရင် အဲ့သည်ပွဲကို နိုင်ဖို့ မရှိပါဘူး။ သူက အသင်းရဲ့ စံပြကစားသမားဖြစ်ပါတယ်။

သူ့ကို အသင်းမှာ နှစ်အနည်းငယ် ဆက်ရှိစေချင်ပါတယ်။ ဒါပေမယ့် စာချုပ်သစ်ကိစ္စနဲ့ ပက်သက်လို့ အဲ့သည်အကြောင်း ပြောနေတာ မရှိသလို မီလ်နာနဲ့လည်း ပြောနေတာ မရှိပါဘူး ” လို့ ဆိုခဲ့တာဖြစ်တယ်။

၂၀၁၅ ခုနှစ်မှာ မန်စီးတီးကနေ လီဗာပူးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာခဲ့တဲ့ မီလ်နာဟာ အဝတ်လဲခန်းမှာတော့ ဟန်ဒါဆန်နည်းတူ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး သူတို့နှစ်ဦးကပဲ အသင်းကို အဓိက ဦးဆောင်နေတာပါ။ မီလ်နာဟာ စီနီယာအသင်းသားတွေတင်မကပဲ လူငယ်ကစားသမားတွေ စံနမှုနာယူရသူလည်းဖြစ်ပြီး သူ့ကို စာချုပ်သစ်ပေးဖို့တော့ ပရိသတ်တွေဘက်က မျှော်လင့်နေကြတာပဲ ဖြစ်ပါတယ်။