မန္ေနဂ်ာလမ္းပတ္ လက္ေအာက္မွာ ပံုမွန္ေနရာမရဘူးဆိုရင္ေတာင္ ပူလာဆစ္အေနနဲ႔ လန္ဒန္ကလပ္ကေန ထြက္ခြာဖို႔ မစဥ္းစားသင့္ေၾကာင္း ကလပ္အသင္း ကြင္းလယ္ကစားသမားေဟာင္း Craig Burley က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ခ်ယ္ဆီးေတာင္ပံတိုက္စစ္သမားဟာ ကလပ္အသင္းမွာ ေနရာမရျဖစ္ေနျပီး ပံုမွန္ပြဲထြက္ခြင့္အတြက္ ရုန္းကန္ေနရသူပါ။ အေမရိကန္ လက္ေရြးစင္ဟာ ၾသဂုတ္လ ၃၁ ရက္ေန႔မွာ ရွက္ဖီးအသင္းနဲ႔ပြဲအတြင္း ပါဝင္ကစားခဲ့တဲ့ေနာက္ပိုင္း ပရီးမီးယားလိဂ္ပြဲ လံုးဝ မကစားထားရဘူး။

ဒါေၾကာင့္ သူ႔ရဲ႕ အနာဂတ္က ေမးခြန္ထုတ္စရာ ျဖစ္လာေနခဲ့ျပီး Craig Burley ကေတာ့ ရာသီကုန္ထိ အေနအထားေတြကို စိတ္ရွည္ရွည္ ေစာင့္ဖို႔ တိုက္တြန္းလာတာျဖစ္တယ္။

“ ပူလာဆစ္အေနနဲ႔ ဇန္နဝါရီမွာ ထြက္ခြာဖို႔ မစဥ္းစားသင့္ဘူး။ ရာသီအကုန္မွပဲ အားလံုးကိုျပန္ျပီး စဥ္းစားသင့္တယ္။ အေျပာင္းအေရႊ႔ ပိတ္ခံရတာ ကင္းသြားခ်ိန္နဲ႔ မန္ေနဂ်ာရဲ႕ အနာဂတ္က ေသခ်ာသြားခ်ိန္မွာေပါ့။ ရာသီကုန္ထိ ေစာင့္ျပီးမွပဲ ဒီအသင္းနဲ႔ ဒီမန္ေနဂ်ာလက္ေအာက္မွာ ကိုယ္ရဲ႕အေျခအေန ဘယ္လိုလဲဆိုတာ စဥ္းစားသင့္ပါတယ္။

မန္ေနဂ်ာက ဘယ္လိုဦးတည္ေနတယ္၊ မန္ေနဂ်ာက ကလပ္မွာ ကာလရွည္ ဆက္ရွိမယ့္သူလား၊ လက္မွတ္ထိုးမႈေတြ လုပ္ဦးမွာလား၊ ကိုယ္နဲ႔ ပက္သက္ျပီး ဘယ္လိုအျမင္ရွိလဲ။ ဒါေတြကို စဥ္းစားရမယ္။ ရာသီကုန္ရင္ သူက ပြဲ ၃၀ ေလာက္ ကစားရတာျဖစ္ႏုိင္ပါတယ္။ ဒီအေျခအေနမွာေတာ့ အဲ့လို မဟုတ္ေပမယ့္လို႔ေပါ့ ဒီေတာ့ ဇန္နဝါရီမွာေတာ့ သူအသင္းကေန ထြက္မသြားသင့္ပါဘူး။ ” လို႔ သူက ဆိုခဲ့တာျဖစ္တယ္။

ခ်ယ္ဆီးမွာ ဝါရင့္တိုက္စစ္သမားေတြျဖစ္တဲ့ ဝီလီယမ္၊ ပတ္ဒရို၊ လူငယ္ေတာင္ပံသမား အိုဒိြဳင္းတို႔ ရွိေနေသးျပီး ပူလာဆစ္အေနနဲ႔ နယ္ေျမသစ္မွာ အသားက်ဖို႔ အခ်ိန္ယူေနရာတာလည္း ျဖစ္ပါတယ္။

UNICODE

မန်နေဂျာလမ်းပတ် လက်အောက်မှာ ပုံမှန်နေရာမရဘူးဆိုရင်တောင် ပူလာဆစ်အနေနဲ့ လန်ဒန်ကလပ်ကနေ ထွက်ခွာဖို့ မစဉ်းစားသင့်ကြောင်း ကလပ်အသင်း ကွင်းလယ်ကစားသမားဟောင်း Craig Burley က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ချယ်ဆီးတောင်ပံတိုက်စစ်သမားဟာ ကလပ်အသင်းမှာ နေရာမရဖြစ်နေပြီး ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရသူပါ။ အမေရိကန် လက်ရွေးစင်ဟာ သြဂုတ်လ ၃၁ ရက်နေ့မှာ ရှက်ဖီးအသင်းနဲ့ပွဲအတွင်း ပါဝင်ကစားခဲ့တဲ့နောက်ပိုင်း ပရီးမီးယားလိဂ်ပွဲ လုံးဝ မကစားထားရဘူး။

ဒါကြောင့် သူ့ရဲ့ အနာဂတ်က မေးခွန်ထုတ်စရာ ဖြစ်လာနေခဲ့ပြီး Craig Burley ကတော့ ရာသီကုန်ထိ အနေအထားတွေကို စိတ်ရှည်ရှည် စောင့်ဖို့ တိုက်တွန်းလာတာဖြစ်တယ်။

“ ပူလာဆစ်အနေနဲ့ ဇန်နဝါရီမှာ ထွက်ခွာဖို့ မစဉ်းစားသင့်ဘူး။ ရာသီအကုန်မှပဲ အားလုံးကိုပြန်ပြီး စဉ်းစားသင့်တယ်။ အပြောင်းအရွှေ့ ပိတ်ခံရတာ ကင်းသွားချိန်နဲ့ မန်နေဂျာရဲ့ အနာဂတ်က သေချာသွားချိန်မှာပေါ့။ ရာသီကုန်ထိ စောင့်ပြီးမှပဲ ဒီအသင်းနဲ့ ဒီမန်နေဂျာလက်အောက်မှာ ကိုယ်ရဲ့အခြေအနေ ဘယ်လိုလဲဆိုတာ စဉ်းစားသင့်ပါတယ်။

မန်နေဂျာက ဘယ်လိုဦးတည်နေတယ်၊ မန်နေဂျာက ကလပ်မှာ ကာလရှည် ဆက်ရှိမယ့်သူလား၊ လက်မှတ်ထိုးမှုတွေ လုပ်ဦးမှာလား၊ ကိုယ်နဲ့ ပက်သက်ပြီး ဘယ်လိုအမြင်ရှိလဲ။ ဒါတွေကို စဉ်းစားရမယ်။ ရာသီကုန်ရင် သူက ပွဲ ၃၀ လောက် ကစားရတာဖြစ်နိုင်ပါတယ်။ ဒီအခြေအနေမှာတော့ အဲ့လို မဟုတ်ပေမယ့်လို့ပေါ့ ဒီတော့ ဇန်နဝါရီမှာတော့ သူအသင်းကနေ ထွက်မသွားသင့်ပါဘူး။ ” လို့ သူက ဆိုခဲ့တာဖြစ်တယ်။

ချယ်ဆီးမှာ ဝါရင့်တိုက်စစ်သမားတွေဖြစ်တဲ့ ဝီလီယမ်၊ ပတ်ဒရို၊ လူငယ်တောင်ပံသမား အိုဒွိုင်းတို့ ရှိနေသေးပြီး ပူလာဆစ်အနေနဲ့ နယ်မြေသစ်မှာ အသားကျဖို့ အချိန်ယူနေရာတာလည်း ဖြစ်ပါတယ်။