လီဗာပူးအသင္းဘက္က ျပန္လည္ေခၚယူဖို႔ စိတ္ဝင္စားျခင္းကို ခံေနရတဲ့ေနာက္ ဘာစီလိုနာတိုက္စစ္မွဴး ဆြာရက္စ္ကလည္း ပရီးမီးယားလိဂ္ကလပ္ကို ျပန္လာလိုေနတယ္လုိ႔ သတင္းေတြ ထြက္ေပၚလာပါျပီ။

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီကို ဆိုးရြားစြာ စတင္ေနတဲ့ ဘာစီလိုနာဟာ ျပိဳင္ပြဲစံု ၇ ပြဲမွာ သံုးပြဲပဲ အႏုိင္ရထားတာပါ။ ဆြာရက္စ္ဟာ မက္ဆီနဲ႔ တြဲဘက္ျပီး ဘာစီလိုနာရဲ႕ အေကာင္းဆံုး တိုက္စစ္သမားတစ္ဦးအျဖစ္ ဆက္ရွိေနေပမယ့္ ဒီရာသီစတင္ကတည္းက အဖြင့္ပြဲစဥ္ေတြကို ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ေနရတာပါ။

စပိန္သတင္းေတြမွာေတာ့ ဥရုေဂြးတိုက္စစ္သမားဟာ ဘာစီလိုနာမွာ ဦးစားေပးမခံရျဖစ္ေနတဲ့ အေနအထားနဲ႔ သူ႔အေပၚ ဆက္ဆံမႈေတြကို မေပ်ာ္မရႊင္ျဖစ္ေနတယ္လို႔ ေဖာ္ျပေနၾကျပီး ထြက္ခြာဖို႔ပါ စဥ္းစားေနတယ္လို႔ ဆိုတယ္။ တစ္ခ်ိန္တည္းမွာပဲ ဆြာရက္စ္ရဲ႕ အသင္းေဟာင္းလည္းျဖစ္တဲ့ လီဗာပူးဘက္က အသက္ ၃၂ ႏွစ္အရြယ္ တိုက္စစ္သမားကို ကလပ္အသင္းထံ ျပန္ေခၚဖို႔ စိတ္ဝင္စားလာေနတယ္လို႔လည္း ေဖာ္ျပေနခဲ့တယ္။

ဆြာရက္စ္နဲ႔ ဘာစီလိုနာၾကား စာခ်ဳပ္ဟာ ၂၀၂၁ ေဘာလံုးရာသီအကုန္မွာ ကုန္ဆံုးမွာျဖစ္ျပီး စာခ်ဳပ္မွာေတာ့ ေျပာင္းေရႊ႔ေၾကးက အကန္႔အသတ္ တစ္ခုနဲ႔ ပါဝင္ေနဆဲလို႔ သိရတယ္။ လီဗာပူးဟာ တိုက္စစ္သမားေတြျဖစ္တဲ့ ဆာလက္၊ ဖာမင္ႏို၊ မာေနးတို႔အျပင္ ေနာက္ထပ္ ထိပ္တန္းတိုက္စစ္သမားတစ္ဦးကို ရွာေဖြေနေပမယ့္ ပြဲကစားခြင့္ နည္းပါးမယ့္အေပၚ လက္ခံေပးႏုိင္မယ့္ ကစားသမားမ်ိဳး မရပဲျဖစ္ေနတာပါ။

မန္ေနဂ်ာေဟာင္း ဒယ္ဂလစ္လက္ထက္က ပထမဆံုးေခၚယူမႈအျဖစ္ ဆြာရက္စ္ကို ေအဂ်က္ကေန ေခၚယူခဲ့တာျဖစ္ျပီး ၂၀၁၄-၂၀၁၅ ေဘာလံုးရာသီမွာ ဘာစီလိုနာကို မေျပာင္းခင္ထိ သူဟာ လီဗာပူးမွာ သံုးႏွစ္ခြဲၾကာ ကစားခဲ့တာျဖစ္တယ္။ လီဗာပူးကစားသမားဘဝ ၁၃၃ ပြဲမွာ ဆြာရက္စ္ဟာ သြင္းဂိုး ၈၂ ဂိုးထိ သြင္းယူႏုိင္ခဲ့သူျဖစ္တယ္။

UNICODE

လီဗာပူးအသင်းဘက်က ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားခြင်းကို ခံနေရတဲ့နောက် ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်စ်ကလည်း ပရီးမီးယားလိဂ်ကလပ်ကို ပြန်လာလိုနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါပြီ။

၂၀၁၉-၂၀၂၀ ဘောလုံးရာသီကို ဆိုးရွားစွာ စတင်နေတဲ့ ဘာစီလိုနာဟာ ပြိုင်ပွဲစုံ ၇ ပွဲမှာ သုံးပွဲပဲ အနိုင်ရထားတာပါ။ ဆွာရက်စ်ဟာ မက်ဆီနဲ့ တွဲဘက်ပြီး ဘာစီလိုနာရဲ့ အကောင်းဆုံး တိုက်စစ်သမားတစ်ဦးအဖြစ် ဆက်ရှိနေပေမယ့် ဒီရာသီစတင်ကတည်းက အဖွင့်ပွဲစဉ်တွေကို ဒဏ်ရာကြောင့် လွဲချော်နေရတာပါ။

စပိန်သတင်းတွေမှာတော့ ဥရုဂွေးတိုက်စစ်သမားဟာ ဘာစီလိုနာမှာ ဦးစားပေးမခံရဖြစ်နေတဲ့ အနေအထားနဲ့ သူ့အပေါ် ဆက်ဆံမှုတွေကို မပျော်မရွှင်ဖြစ်နေတယ်လို့ ဖော်ပြနေကြပြီး ထွက်ခွာဖို့ပါ စဉ်းစားနေတယ်လို့ ဆိုတယ်။ တစ်ချိန်တည်းမှာပဲ ဆွာရက်စ်ရဲ့ အသင်းဟောင်းလည်းဖြစ်တဲ့ လီဗာပူးဘက်က အသက် ၃၂ နှစ်အရွယ် တိုက်စစ်သမားကို ကလပ်အသင်းထံ ပြန်ခေါ်ဖို့ စိတ်ဝင်စားလာနေတယ်လို့လည်း ဖော်ပြနေခဲ့တယ်။

ဆွာရက်စ်နဲ့ ဘာစီလိုနာကြား စာချုပ်ဟာ ၂၀၂၁ ဘောလုံးရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်မှာတော့ ပြောင်းရွှေ့ကြေးက အကန့်အသတ် တစ်ခုနဲ့ ပါဝင်နေဆဲလို့ သိရတယ်။ လီဗာပူးဟာ တိုက်စစ်သမားတွေဖြစ်တဲ့ ဆာလက်၊ ဖာမင်နို၊ မာနေးတို့အပြင် နောက်ထပ် ထိပ်တန်းတိုက်စစ်သမားတစ်ဦးကို ရှာဖွေနေပေမယ့် ပွဲကစားခွင့် နည်းပါးမယ့်အပေါ် လက်ခံပေးနိုင်မယ့် ကစားသမားမျိုး မရပဲဖြစ်နေတာပါ။

မန်နေဂျာဟောင်း ဒယ်ဂလစ်လက်ထက်က ပထမဆုံးခေါ်ယူမှုအဖြစ် ဆွာရက်စ်ကို အေဂျက်ကနေ ခေါ်ယူခဲ့တာဖြစ်ပြီး ၂၀၁၄-၂၀၁၅ ဘောလုံးရာသီမှာ ဘာစီလိုနာကို မပြောင်းခင်ထိ သူဟာ လီဗာပူးမှာ သုံးနှစ်ခွဲကြာ ကစားခဲ့တာဖြစ်တယ်။ လီဗာပူးကစားသမားဘဝ ၁၃၃ ပွဲမှာ ဆွာရက်စ်ဟာ သွင်းဂိုး ၈၂ ဂိုးထိ သွင်းယူနိုင်ခဲ့သူဖြစ်တယ်။