ယူနိုက်တက်က ဂျူဗင်တပ်မှ အသက် ၂၅နှစ်အရွယ် တိုက်စစ်သမား ဒိုင်ဘားလားကို အလိုရှိနေပြီး လာမယ့်နွေမှာ ကမ်းလှမ်းမှု ပြုလုပ်ရန် ကြိုးစားမှာ ဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေး တစိတ်တဒေသ အဖြစ် တိုက်စစ်မှူး လူကာကူကိုလည်း အလိုက်ပေး ထည့်သွင်းသွားဖွယ် ရှိနေပါတယ်။

တော့တင်ဟမ် စပါးနည်းပြ ပိုချက်တီနိုကို အမြဲတမ်း အသင်းမန်နေဂျာ အဖြစ် ခန့်အပ်ဖို့အတွက် မန်ချက်စတာ ယူနိုက်တက်က လျော်ကြေး ပေါင် ၃၄ သန်း ပေးချေရမှာ ဖြစ်သော်လည်း နောက်ဆုတ်သွားဖို့ မရှိပေး လျော်ကြေးပေး ခေါ်ယူဖို့ လိုလားနေပါတယ်။

နာပိုလီမှာ ပျော်ရွှင်နေပြီး လက်ရှိ ကလပ်အသင်း အကြောင်းပဲ အာရုံစိုက်နေတယ်လို့ ခံစစ်မှူး ကူလီဘိုင်လေက ဆိုလိုက်ပေမယ့် ယူနိုက်တက်ကတော့ ၄င်းတို့ရဲ့ ဦးစားပေး ပစ်မှတ် ကစားသမားအတွက် ပေါင် သန်း ၉၀ (ယူရို ၁၀၂ သန်း) တန်ကြေးရှိ ကမ်းလှမ်းမှု ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။

တိုက်စစ်သမားတွေ ဖြစ်တဲ့ မာရှယ်နဲ့ လင်ဂတ်တို့ သီတင်းပတ် အနည်းငယ် အနားယူရမှာ ဖြစ်လို့ အက်ဖ်အေပွဲစဉ် ချယ်ဆီးနဲ့ တွေ့ရမယ့် ယူနိုက်တက်အသင်းမှာ မပါဝင်နိုင်ပါဘူး။ လန်ဒန်သို့ ထွက်ခွာသွားတဲ့ လူစာရင်းမှာတော့ လူငယ်ကစားသမား တာဟစ်ချောင် လိုက်ပါသွားပါတယ်။

လန်ဒန်သို့ ထွက်ခွာသွားသော ယူနိုက်တက်အသင်း လူစာရင်း

Goalkeepers: De Gea, Romero, Grant

Defenders: Dalot, Young, Smalling, Shaw, Lindelof, Bailly

Midfielders: Matic, Pereira, McTominay, Fred, Pogba, Herrera

Attackers: Lukaku, Chong, Rashford, Sanchez, Mata

ချယ်ဆီးနဲ့ ယူနိုက်တက်တို စတန်းဖို့ဘရစ်ခ်ျမှာ ရင်ဆိုင်ကြမယ့် အဆိုပါ အက်ဖ်အေဖလား ပွဲစဉ်က ဖေဖော်ဝါရီ ၁၉ ရက် (အင်္ဂါနေ့) မနက် မြန်မာစံတော်ချိန် ၂ နာရီမှာ ယှဉ်ပြိုင်ကစားကြမှာပါ။

ချယ်ဆီးတိုက်စစ်မှူး ဂျီရူးက ပရီးမီးယားလိဂ်မှာယူနိုက်တက်က အမှတ်တွေ လျော့ဦးမှာ သေချာတယ်လို့ ပြောကြားလိုက်ပြီး ၄င်းတို့ အသင်း အဆင့် ၄ အတွင်းဝင်မယ်လို့ မျှော်လင့်နေပါတယ်။