စတမ်းဖိုဒ့်ဘရစ်ခ်ျမှာ ယူနိုက်တက်ဟာ ချယ်ဆီးကို အနိုင်ရပြီးနောက်တစ်ဆင့်ကို တက်သွားခဲ့ပါပြီ။ ယူနိုက်တက်အတွက် ဂိုးတွေကိုတော့ ဟာရဲရားနဲ့ ပေါ့ဘာတို့က သွင်းယူပေးခဲ့ပါတယ်။

ဆိုးရှားဟာ အက်ဖ်အေဖလား ချယ်ဆီးကို နိုင်တဲ့ပွဲ အပါအ၀င် ယူနိုက်တက်ကို ကိုင်တွယ်ခဲ့တဲ့ 13 ပွဲမှာ 11 ပွဲ အနိုင်ရလဒ် ရယူခဲ့ပါတယ်။ ဒါဟာဆိုရင် ဒီဇင်ဘာလမှာ အထုတ်မခံရခင်အထိ 24 ပွဲ မှာ 10 ပွဲသာ အနိုင်ရခဲ့တဲ့ မော်ရင်ညိုထက် လုံးဝ သာသွားတာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အက်ဖ်အေဖလားမှာ တတိယမြောက် အဝေးကွင်းပွဲအဖြစ်လည်ကောင်း၊ တတိယမြောက် ပရီးမီးယားလိဂ်ကလပ်နဲ့ တွေ့ဆုံမှုအဖြစ်လည်ကောင်း ကွာတားဖိုင်နယ်မှာ ဝုဗ်အသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အက်ဖ်အေဖလား ပြိုင်ပွဲတစ်လျှောက် ပွဲကြပ်တွေနဲ့ပဲ တွေ့ဆုံလာခဲ့တာဖြစ်ပြီး အဓိက ပြိုင်ဘက်က မန်စီးတီးတစ်သင်းပဲ ကျန်ရှိတော့တာပါ။ အက်ဖ်ဖလားသမိုင်းမှာ အခက်ခဲဆုံး ကျော်ဖြတ်မှုကို ရင်ဆိုင်လာရတဲ့ ယူနိုက်တက်ဟာ ဆုဖလားအတွက် ရေပန်းစားမှုမှာလည်း ဒုတိယနေရာကို ရောက်လာခဲ့ပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဂိုးသမား ဒီဂီယာကို ပရီးမီးယားလိဂ် သမိုင်းမှာ အကောင်းဆုံးလစာရရှိတဲ့ ကစားသမားအဖြစ် စာချုပ် ချုပ်ဆိုပါတော့မယ်။ ယူနိုက်တက် ပြင်ဆင်ထားတဲ့ 5 နှစ် သက်တမ်းတိုး စာချုပ်သစ်ဟာ ပေါင် သန်း 90 ကို ကျော်လွန်သည်ထိ တန်ကြေးရှိမယ်လို့ သိရပါတယ်။

တိုက်စစ်သမား ဆန်းချက် ရုန်းကန်နေရတဲ့အပေါ် ယူနိုက်တက် နည်းပြ ဆိုးရှားက ခရမ်းချဉ်သီး ဆော့ ketchup ပုလင်းထဲက ထုတ် မရတာနဲ့ ခိုင်းနှိုင်းသွားပါတယ်။ ‘တခါတလေ ပုလင်းထဲက ခရမ်းချဉ်ဆော့တွေ ဘယ်တော့မှ ထွက်မလာဘူး ထင်လို့ ရိုက်ထုတ်နေရတယ်.. ဒါပေမယ့် ဒါမျိုးက တကယ်ထွက်လာပြီလည်း ဆိုရော ဒလဟောပဲ’ လို့ ဆိုးရှားက တင်စားပြောဆိုသွားတာပါ။