ချယ်ဆီး လူငယ်ကစားသမား အိုဒွိုင်းဟာ အင်္ဂလန်ယူ-၂၁ အသင်းက သြစတြီးလျားကို အနိုင်ရတဲ့ပွဲမှာ တိုက်စစ်ပိုင်းခြေစွမ်းပြပြီး သွင်းဂိုး သွင်းယူနိုင်ခဲ့ခြင်းကြောင့် ဒီအပတ် ပရီးမီးယားလိဂ်ပွဲမှာ ချယ်ဆီးအတွက် ပွဲထွက်လူစာရင်းကနေ ပြန်ပါလာဖို့ သေချာနေပြီဖြစ်ပါတယ်။

အသက် ၁၈ နှစ်အရွယ် တိုက်စစ်သမားဟာ နိုင်ငံတကာသီတင်းပတ်အပြီး ယှဉ်ပြိုင်ကစားမယ့် နယူးကာဆယ်နဲ့ပွဲမှာ ပြန်ပါလာနိုင်တာက စီနီယာအချို့ ဒဏ်ရာရနေတဲ့ လမ်းပတ်အတွက် စိတ်ကျေနပ်စရာလည်း ဖြစ်လာခဲ့တယ်။ လမ်းပတ်ရဲ့အသင်းဟာ ဒီနောက်ပိုင်းမှာ ပုံမှန်နိုင်ပွဲတွေကို ပြန်ရယူလာပြီး လမ်းကြောင်းမှန်ပေါ် တက်လာခဲ့ပြီဖြစ်ပါတယ်။

ဒါပေမယ့်လို့ ကွင်းလယ်လူ ကန်တီ ပြင်သစ်အသင်းထံ သွားရောက်စဉ်မှာ ဒဏ်ရာရခဲ့သလို ခရစ်စတန်ဆန်ကလည်း ဒဏ်ရာရနေတယ်လို့ သိရတယ်။ ခရိုးအေးရှား ကွင်းလယ်လူ ကိုဗာဆစ်ကတော့ လက်ရွေးစင်တာဝန် ထမ်းဆောင်စဉ်မှာ ပြိုင်ဘက်အသင်းသားနဲ့ ထိခိုက်မိပြီး လူစားလဲခံခဲ့ရပါတယ်။

ခံစစ်မှူး ရူဒီဂါ ပြန်ကစားနိုင်ဖို့ စောင့်ကြည့်နေဆဲ အနေအထားဖြစ်ပြီး ပြန်သက်သာလာနေပြီဖြစ်တယ်။ ဒါပေမယ့်လို့ နယူးကာဆယ်နဲ့ပွဲမှာတော့ သူကော လော့တပ်ချိစ်ပါ ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။ အင်္ဂလန်အသင်းအတွက် မောင့် ကစားပေးနိုင်ခဲ့ပေမယ့် ဒုတိယပွဲမှာ ပွဲချိန်နည်းနည်းပဲ ရခဲ့ပြီး အေဘရာဟမ်ကလည်း ပါဝင်ကစားခွင့်တွေ ရခဲ့ကာ တိုမိုရီကတော့ ကစားခွင့် မရခဲ့ပါဘူး။

ကားမတော်တဆမှုကြောင့် ကွင်းလယ်လူ ဘာကလေ ပါဝင်နိုင်ခွင့်က မေးခွန်းထုတ်ခံထားရပေမယ့် သူပါဝင်ကစားဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိထားရပါတယ်။

Chelsea possible XI (4-3-3): Kepa, Azpilicueta, Tomori, Zouma, Alonso; Barkley, Jorginho, Mount; Willian, Abraham, Hudson-Odoi.

ZAWGYI

ခ်ယ္ဆီး လူငယ္ကစားသမား အိုဒိြဳင္းဟာ အဂၤလန္ယူ-၂၁ အသင္းက ၾသစၾတီးလ်ားကို အႏိုင္ရတဲ့ပြဲမွာ တိုက္စစ္ပိုင္းေျခစြမ္းျပျပီး သြင္းဂိုး သြင္းယူႏုိင္ခဲ့ျခင္းေၾကာင့္ ဒီအပတ္ ပရီးမီးယားလိဂ္ပြဲမွာ ခ်ယ္ဆီးအတြက္ ပြဲထြက္လူစာရင္းကေန ျပန္ပါလာဖို႔ ေသခ်ာေနျပီျဖစ္ပါတယ္။

အသက္ ၁၈ ႏွစ္အရြယ္ တိုက္စစ္သမားဟာ ႏုိင္ငံတကာသီတင္းပတ္အျပီး ယွဥ္ျပိဳင္ကစားမယ့္ နယူးကာဆယ္နဲ႔ပြဲမွာ ျပန္ပါလာႏုိင္တာက စီနီယာအခ်ိဳ႕ ဒဏ္ရာရေနတဲ့ လမ္းပတ္အတြက္ စိတ္ေက်နပ္စရာလည္း ျဖစ္လာခဲ့တယ္။ လမ္းပတ္ရဲ႕အသင္းဟာ ဒီေနာက္ပိုင္းမွာ ပံုမွန္ႏုိင္ပြဲေတြကို ျပန္ရယူလာျပီး လမ္းေၾကာင္းမွန္ေပၚ တက္လာခဲ့ျပီျဖစ္ပါတယ္။

ဒါေပမယ့္လို႔ ကြင္းလယ္လူ ကန္တီ ျပင္သစ္အသင္းထံ သြားေရာက္စဥ္မွာ ဒဏ္ရာရခဲ့သလို ခရစ္စတန္ဆန္ကလည္း ဒဏ္ရာရေနတယ္လို႔ သိရတယ္။ ခရိုးေအးရွား ကြင္းလယ္လူ ကိုဗာဆစ္ကေတာ့ လက္ေရြးစင္တာဝန္ ထမ္းေဆာင္စဥ္မွာ ျပိဳင္ဘက္အသင္းသားနဲ႔ ထိခိုက္မိျပီး လူစားလဲခံခဲ့ရပါတယ္။

ခံစစ္မွဴး ရူဒီဂါ ျပန္ကစားႏုိင္ဖို႔ ေစာင့္ၾကည့္ေနဆဲ အေနအထားျဖစ္ျပီး ျပန္သက္သာလာေနျပီျဖစ္တယ္။ ဒါေပမယ့္လို႔ နယူးကာဆယ္နဲ႔ပြဲမွာေတာ့ သူေကာ ေလာ့တပ္ခ်ိစ္ပါ ပါဝင္ႏုိင္ဦးမွာ မဟုတ္ပါဘူး။ အဂၤလန္အသင္းအတြက္ ေမာင့္ ကစားေပးႏုိင္ခဲ့ေပမယ့္ ဒုတိယပြဲမွာ ပြဲခ်ိန္နည္းနည္းပဲ ရခဲ့ျပီး ေအဘရာဟမ္ကလည္း ပါဝင္ကစားခြင့္ေတြ ရခဲ့ကာ တိုမိုရီကေတာ့ ကစားခြင့္ မရခဲ့ပါဘူး။

ကားမေတာ္တဆမႈေၾကာင့္ ကြင္းလယ္လူ ဘာကေလ ပါဝင္ႏုိင္ခြင့္က ေမးခြန္းထုတ္ခံထားရေပမယ့္ သူပါဝင္ကစားဖို႔ အဆင္သင့္ျဖစ္ေနတယ္လုိ႔ သိထားရပါတယ္။

Chelsea possible XI (4-3-3): Kepa, Azpilicueta, Tomori, Zouma, Alonso; Barkley, Jorginho, Mount; Willian, Abraham, Hudson-Odoi.