ချယ်ဆီး တိုက်စစ်သမားဟောင်း ဆက်တန်ကတော့ မန်နေဂျာဆာရီရဲ့ ချယ်ဆီးအနာဂတ်က အဆုံးသတ်သွားပြီလို့ ထုတ်ဖော်ပြောဆိုပါတယ်။ ကလပ်ကို ကိုင်တွယ်တဲ့ တစ်ရာသီ မပြည့်ခင်မှာပဲ အသင်းတွင်း စည်းလုံးမှုတွေ မတည်ဆောက်နိုင်တဲ့ ဆာရီဟာ ရာသီကုန်မှာ ထုတ်ခံရမယ်လို့ ရေပန်းစားမှုနှုန်း မြင့်တက်နေပါတယ်။

ချယ်ဆီးအသင်းရဲ့ ဒီရာသီအောင်မြင်မှုက လာမယ့် ၉ ရက်အတွင်းမှာပဲ အဆုံးအဖြတ် ဖြစ်သွားမယ်လို့ ခံစစ်မှူး ကွီတာက ဆိုလိုက်ပါတယ်။ ချယ်ဆီးက လာမယ့် တနင်္ဂနွေမှာ မန်စီးတီးနဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲ ကစားရမှာ ဖြစ်ပြီး အဲဒီနောက်မှာ မယ်လ်မိုနဲ့ ယူရိုပါလိဂ် ဒုတိယအကျော့ ကစားရမှာ ဖြစ်ပါတယ်။

အသင်းရဲ့ လတ်တလော ရလဒ်ဆိုးများနဲ့ မတည်ငြိမ်မှုများကြောင့် ချယ်ဆီး အကြီးတန်း တာဝန်ရှိသူတွေက ဆာရီရဲ့ နည်းပြရာထူး အပေါ် ဆွေးနွေးသုံးသပ်မှုများ ပြုလုပ်နေပြီလို့ သိရပါတယ်။ ချယ်ဆီးဟာ အိမ်ကွင်းမှာ ယူနိုက်တက်ကို ရှုံးပြီး အက်ဖ်အေဖလား ပြိုင်ပွဲမှ ထွက်လိုက်ရတာက ဆာရီနဲ့ နည်းပြရာထူး စိုးရိမ်ရေမှတ် ပိုမိုမြင့်တက်လာခဲ့တာပါ။

ချယ်ဆီးအသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားလာပေမယ့်လည်း ဖရန့်ဖတ် တိုက်စစ်သမား ဂျိုဗစ်ကို ခေါ်ယူဖို့ အလေးသာမှုမှာ ဘာစီလိုနာက ထိပ်ဆုံးက ရှိနေဆဲဖြစ်ပါတယ်။

အချက်အလက်များအရ စပါးကို ရှုံးနိမ့်တဲ့ ပွဲနောက်ပိုင်း ဆာရီရဲ့ ချယ်ဆီးအသင်းရဲ့ ခြိမ်းခြောက်နိုင်စွမ်းက သိသိသာသာ ထိုးကျသွားပြီး ပရီးမီးယားလိဂ်မှာ ဆာရီရဲ့ ဟန်ကို ပြိုင်ဘက်တွေက ခန့်မှန်းနိုင်သွားကြပြီ ဖြစ်ကြောင်း စကိုင်းစပေါ့မှာ သုံးသပ်ထားပါတယ်။

အင်တာမီလန် တိုက်စစ်မှူး အယ်ကာဒီကို ခေါ်ယူဖို့ ရီးရဲလ်နဲ့ ချယ်ဆီးတို့က နောက်ဆုတ်ထားခဲ့ပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်ကတော့ ဝင်မေးမြန်းမှုတွေ ရှိလာခဲ့ပြီး ကစားသမားရဲ့ အေးဂျန့်ကတော့ တုန့်ပြန်မှုတွေ မပေးသေးပါဘူး။