အာဆယ်နယ်နည်းပြဟောင်း အာဆင်ဝါးဂါးက PSG အသင်း အားကစားဒါရိုက်တာ နေရာ တာဝန်ယူဖို့ ရေပန်းစားနေပါတယ်။ ပြီးခဲ့တဲ့ အပတ် က ပီအက်စ်ဂျီ ဥက္ကဌ Nasser al-Khelaifi နဲ့ အာဆင်ဝင်းဂါး ဒိုဟာမှာ ဆုံဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီအသင်းက ၄င်းတို့ အားရကျေနပ်မှု မရှိတဲ့ အားကစားဒါရိုက်တာ Antero Henrique နေရာအတွက် အာဆင်ဝင်းဂါးကို ခန့်အပ်ဖို့ ကြံရွယ်နေတာပါ။

အာဆင်နယ်ကွင်းလယ်ဟောင်း လက်ရှိ အာဆင်နယ် U23 နည်းပြ Freddie Ljunberg က BATE ဘိုရီဆော့ နဲ့ နောက်တကျော့ ယူရိုပါလိဂ် ပွဲစဉ်မှာ လာကာဇက်တီ ပွဲပယ်ခံရထားရတာ ဖြစ်လို့ လူငယ်တိုက်စစ်သမား Eddie Nketiah ပွဲထွက် ကစားခွင့် ရသင့်တယ်လို့ ယူဆနေပါတယ်။

မီဆွတ်အိုဇေးလ်က ကြာသပတေးည ဘိုရီဆော့နဲ့ပွဲအတွက် ကြံ့ခိုင်မှုအပြည့်နဲ့ ကစားခွင့်ရရန် အသင့် ဖြစ်နေပါတယ်။ ပါဝင်ခွင့် ရ မရကတော့ အမ်မရီပေါ်ပဲ မူတည်မှာပါ။ အိုဇေးလ်က ပထမအကျော့ ပွဲစဉ်မှာ ချန်လှပ်ခြင်း ခံထားရပါတယ်။ ဒီပွဲမှာ ရမ်ဆေးလည်း ဒူးဒဏ်ရာကနေ ပြန်လည် သက်သာလာလို့ ပါဝင်နိုင်ဖွယ် ရှိပါတယ်။

အမ်မရီက ရမ်ဆေးကို ထွက်ခွာခွင့် ပြုလိုက်တာအတွက် နားမလည်နိုင်အောင် ဖြစ်ရကြောင်း အာဆင်ဝင်းဂါးက ပြောဆိုလိုက်ပါတယ်။ အဆိုပါ ပြဿနာက ငွေရေးကြေးရေး ကြောင့် မဟုတ်သလို ကစားသမားက အသင်းပြောင်းချင်လို့လည်း မဟုတ်ကြောင်းနဲ့ သူ ရှိစဉ်က ရမ်ဆေးကို သက်တမ်းတိုးဖို့ ဖြောင့်ဖျထားပြီး ဖြစ်တယ်လို့ ၄င်းက ဆိုပါတယ်။

ခြေကျင်းဝတ် ဒဏ်ရာကြောင့် မတ်လလယ်ထိ အနားယူရမယ်ဆိုတဲ့ စပါးတိုက်စစ်မှူး ကိန်းက လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်လို့ ဒီလကုန် အာဆင်နယ်နဲ့ လန်ဒန် ဒါဘီပွဲမှာ ပြန်လည် ပါဝင်လာတော့မှာပါ။

အာဆင်နယ်မှ နာပိုလီမှာ အငှား လာရောက် ကစားနေတဲ့ ဂိုးသမား ဒေးဗစ် အော့စ်ပီနာက နောက်ဘောလုံးရာသီမှာလည်း နာပိုလီမှာပဲ ဆက်ရှိမှာ ဖြစ်ကြောင်း နည်းပြ အန်ဆာလော့တီက အတည်ပြု ပြောကြားလိုက်ပါတယ်။ နာပိုလီက အငှားသဘောတူ စာချုပ်မှာ ပါရှိတဲ့ အချက်အရ ယူရို ၄ သန်းနဲ့ အော့စ်ပီနာကို ခေါ်ယူဖို့ ပြင်ဆင်နေပါပြီ။

အာဆင်ဝင်းဂါးက တပည့်ဟောင်း အွန်နရီ မိုနာကို အသင်းကနေ ထုတ်ပယ်ခံခဲ့ရပေမယ့် တချိန်မှာ အောင်မြင်တဲ့ အသင်း မန်နေဂျာ တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ထောက်ခံပြောဆိုလိုက်ပါတယ်။