ချယ်ဆီးအသင်း၊ ၄င်းအနာဂတ်နဲ့ ပတ်သတ်ပြီး အသင်းပိုင်းရှင် ရိုမန် အေဗရာမိုဗစ် ဒါမှမဟုတ် ဒါရိုက်တာ မာရီနာတို့နဲ့ ပြောဆိုဆွေးနွေးမှု မရှိသေးကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ချယ်ဆီးနည်းပြ ဆာရီရဲ့ အနာဂတ်ကို လာမယ့် ပွဲစဉ် ၃ ပွဲ ပေါ် မူတည်ပြီး အဆုံးအဖြတ် ဖြစ်သွားတော့မှာ ဖြစ်ပါတယ်။ ဒီ ၃ပွဲမှာ ရလဒ်ကောင်းတွေ မယူပေးနိုင်ရင် ချယ်ဆီးက ဆာရီကို ထုတ်ပယ်တော့မှာ ဖြစ်ကြောင်း Goal သတင်းမှာ ဖော်ပြထားပါတယ်။ ထို ၃ ပွဲကတော့ မယ်လ်မိုနဲ့ ယူရိုပါလိဂ်ပွဲ၊ မန်စီးတီးနဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲ၊ စပါးနဲ့ပရီးမီးယားလိဂ် ပွဲ တို့ ဖြစ်ပါတယ်။

ချယ်ဆီးဂိုးသမား ကီပါဟာ တံကောက်ကြော ဒဏ်ရာ ရှိနေတာကြောင့် မယ်လ်မိုနဲ့ ယူရိုပါလိဂ်ပွဲအပြင် မန်စီးတီးနဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲစဉ်ကို လွဲချော်ဖွယ် ရှိနေပါတယ်။

ကီပါက စတမ်းဖိုဒ်ဘရစ်ခ်ျမှာ ရင်ဆိုင်ကစားရမယ့် မယ်မိုနဲ့ ယူရိုပါလိဂ်ပွဲမှာ ပါဝင်နိုင်ဖွယ် မရှိတဲ့ ကစားသမား သုံးဦးထဲက တစ်ဦး အပါအဝင်ဖြစ်တယ်။ ချယ်ဆီးအသင်းသားတွေဖြစ်တဲ့ ပက်ဒရို၊ ဇာပါ ကော်စတာတို့ကလည်း ယူရိုပါလိဂ်ပွဲမှာ ပါဝင်ဖို့ မသေချာပါဘူး။

ဆာရီကို ထုတ်ပယ်ပြီးရင် ရေရှည် ချယ်ဆီးအသင်းကို ကိုင်တွယ်စေဖို့ ဇီဒန်းနဲ့ လမ်းပတ်တို့ နှစ်ဦးထဲက တစ်ဦး ကို မန်နေဂျာ အဖြစ် ခေါ်ယူဖို့ ချယ်ဆီးက ပစ်မှတ်ထားနေပါတယ်။

ပြင်သစ်နဲ့ ပီအက်စ်ဂျီ မန်နေဂျာဟောင်း လောရန့် ဘလန့်က နောက်တစ်ပတ်ထဲ အဆုံးအဖြတ် ဖြစ်ဦးမယ့် ချယ်ဆီး နည်းပြ နေရာအတွက် ဆာရီနေရာ အစားထိုးမယ့် နည်းပြစာရင်းထဲ ပါဝင်နေပါတယ်။

စပို့တင်းလစ္စဘွန်းဟာ ဥရောပ ထိပ်သီးကလပ်အသင်းကြီးများ အပြိုင်အဆိုင် စိတ်ဝင်စားနေတဲ့ ကွင်းလယ်တိုက်စစ်သမား ဘရူနို ဖာနန်ဒက်စ်ကို လာမယ့်နွေမှာ ရောင်းချလိုက်ဖို့ ကြံရွယ်နေပါတယ်။ ၄င်းကို ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ လီဗာပူး၊ ချယ်ဆီး၊ အေစီမီလန်၊ ဂျူဗင်တပ်နဲ့ ပီအက်စ်ဂျီအသင်းတို့က အပြိုင် ချိတ်ဆက်မှုတွေ ပြုလုပ်ထားပါတယ်။

ဘိုင်ယန်မြူးနစ်က ခရစ္စတယ်ပဲလေ့စ် ခံစစ်မှူး ၀မ် ဘစ်ဆာကာကို ခေါ်ဖို့ စိတ်ဝင်စားမှု ပြသလာကြောင်း ဒေးလီးမေးလ်မှာ ဖော်ပြထားပါတယ်။ ညာခြမ်းခံစစ်မှူးကို မန်ချက်စတာ ကလပ် နှစ်သင်းလုံး အပြင် ချယ်ဆီး၊ ဒေါ့မွန်၊ အဲဗာတန်တို့ကလည်း ခေါ်ယူလိုနေကြတာပါ။ ပဲလေ့စ်ကတော့ သူတို့ရဲ့ ပေါင် သန်း ၄၀ ၀န်းကျင် တန်ကြေးရှိ အသက် ၂၁ နှစ်အရွယ် ခံစစ်မှူးကို လက်မလွှတ်လိုသေးပါဘူး။