အင်္ဂလန် အနောက်မြောက်ဒါဘီပွဲ မတိုင်ခင်မှာ ယူနိုက်တက်အသင်း လီဗာပူးကို အနိုင်ယူဖို့ ခွန်အားတစ်ရပ် ဖြစ်စေရန် ဂန္တဝင်မန်နေဂျာကြီး ဆာအဲလက်စ်အား ပွဲကြို စကားပြောမှု ပြုလုပ်ဖို့ ဖိတ်ကြားမှု ပြုလုပ်ထားပါတယ်လို့ လက်ရှိ မန်နေဂျာ ဆိုးရှားက ပြောကြားထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ လီဗာပူးနဲ့ ပွဲမတိုင်ခင် အိုးထရက်ဖို့ဒ်ကွင်းပြင်ကို ကြက်သွန်ဖြူရည်များ ဖြန်းပြီး မြက်ခင်းပြင် ထိန်းသိမ်းမှုများ လုပ်ဆောင်နေပါတယ်။

ယူနိုက်တက်နဲ့ အာဆင်နယ်တို့ဟာ နည်းစနစ်ဒါရိုက်တာ နေရာအတွက် ရိုးမားအသင်းမှ မွန်ချီကို အပြိုင် ချိတ်ဆက်မှုတွေ ပြုလုပ်နေကြပြီး အာဆင်နယ်ကတော့ ပိုအရေးသာနေပါတယ်။

ယူနိုက်တက်ခံစစ်မှူးဟောင်း ဗီဒစ်က ဖီးလ်ဂျုံးစ်၊ စမောလင်း၊ လင်ဒီလော့ဖစ် အစရှိတဲ့ အသင်းလက်ရှိ ခံစစ်မှူးတွေကို နာမည်ကျော် ခံစစ်မှူး ဗန်ဒိုက်နဲ့ မလဲနိုင်ကြောင်း ချီးကျူးစကားဆိုလိုက်ပါတယ်။

မန်ချက်စတာဒါဘီကိုတော့ ဘောလုံးရာသီ အဆုံးမသတ်ခင် သုံးပတ်အလိုဖြစ်တဲ့ ဧပရယ်လ 24 ရက်နေ့မှာ ကစားဖို့ ရက်ရွေးဆိုင်းမှု အတည်ပြူချက် ရခဲ့ပါပြီ။ အဲ့သည်ပွဲအပြီးမှာတော့ ယူနိုက်တက်ဟာ ဘန်လေ၊ လက်စတာ၊ ဘရိုက်တန် သုံးသင်းနဲ့ ယှဉ်ပြိုင်ဖို့ ကျန်ရှိမှာပါ။

လီဗာပူးနဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ယူနိုက်တက်ရဲ့ အဓိက တိုက်စစ်သမား ပေါ့ဘာကို အသင်းရဲ့ ခေါင်းဆောင်အဖြစ် ချီးကျူးခဲ့တဲ့ ဆိုးရှားဟာ ထပ်ပြီးလည်း အင်္ဂလန် တိုက်စစ်ကစားသမား မားကပ်ရက်ရှ်ဖို့ဒ်နဲ့ စပိန်ကွင်းလယ်လူ ဟာရဲရားတို့ကို ထုတ်ဖော်ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းဟာ မန်နေဂျာနေရာအတွက် ဒက်ချမ့်ကို ခေါ်ယူဖို့ အလေးသာလာမှုနဲ့အတူ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာကိုလည်း ခေါ်ယူနိုင်ဖို့ ရေပန်းစားနေဆဲဖြစ်တယ်။ ဒက်ချမ့်နဲ့ ပေါ့ဘာတို့ဟာ ပြင်သစ်အသင်းမှာ အဆက်အဆံကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။

ယူနိုက်တက် တိုက်စစ်သမား ရပ်ဖိုဒ့်ရဲ့ စာချုပ်ထဲမှာ စာချုပ်ပါ ဖျက်သိမ်းကြေး မပါဝင်ပါဘူး။ ကစားသမားရဲ့ စာချုပ်သက်တမ်း ကျန်ရှိမှုအရ သူ့ကို ပေါင် 117 သန်းနဲ့ အသင်းပြောင်းခွင့်ပေးရနိုင်ပါတယ်။ အင်္ဂလန်မီဒီယာတွေကတော့ ပြန်လည် အစားထိုးဖို့ဆိုရင် ယူရို သန်း 200 လောက် ကုန်ကျမယ်လို့ ခန့်မှန်း တွက်ချက်ပါတယ်။

မန်ချက်စတာယူနိုက်တက် ကလပ်အသင်းသမိုင်းမှာ စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဖြစ်တဲ့ ပေါ့ဘာဟာ ကမ္ဘာအဆင့် ကွင်းလယ်လူ ဖြစ်ပြီး ကလပ်အသင်းရဲ့ ခေါင်းဆောင်လည်းဖြစ်တယ်လို့ ဆိုးရှားက ချီးကျူးပြောဆိုလိုက်ပါတယ်။