ဒီရာသီ လီဗာပူးအတွက် ပရီးမီးယားလိဂ် ၂၃ ပွဲ အပါအ၀င် ပြိုင်ပွဲစုံ ပွဲ ၃၀ ကစားထားတဲ့ ကွင်းလယ်ကစားသမား ၀ိုက်နယ်ဒန်က ၄င်းက အများက မချီးကျူးလည်း ဂရုမစိုက်ဘဲ အသင်းအတွက် အကောင်းဆုံး ကစားပေးနိုင်ပြီး မန်နေဂျာနဲ့ အသင်းဖော်တွေက အသိမှတ်ပြုဖို့သာ အရေးကြီးတယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

လီဗာပူးတိုက်စစ်မှူး ဆာဒီယိုမာနေးက ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရမယ့်ပွဲမှာ ဂိုးသွင်းနိုင်မယ်ဆိုရင် ကျေနပ်မိလိမ့်မယ်လို့ ဆိုပါတယ်။ ဒါဘီပွဲမှာ မကြာခဏ ဂိုးသွင်းဖူးတဲ့ မာနေးကတော့ အဲ့သည် သွင်းဂိုးတွေ သွင်းယူနိုင်တာက အသင်းအတွက် အကူအညီဖြစ်သလို သူ့အတွက်လည်း ကျေနပ်ပျော်ရွှင်စေတယ်လို့ ဆိုပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေတဲ့ လီဗာပူးအသင်းဟာ စူပါဆန်းဒေး ယူနိုက်တက်နဲ့ ပွဲစဉ်မှာ အနိုင်ရခဲ့ရင် ကစားသမားတွေ အောင်ပွဲခံမှုကို တားဆီးမှာ မဟုတ်ကြောင်း ကလော့ပ်က ပြောကြားလိုက်ပါတယ်။

ဘိုင်ယန်မြူးနစ် တောင်ပံကစားသမား ကိုးမန်းက ဟယ်သာဘာလင်နဲ့ အိမ်ကွင်းပွဲစဉ်မှာ လူစားဝင်ကစားပြီး ၁၃ မိနစ်အကြာမှာပဲ ပေါင်ခြံဒဏ်ရာ ရသွားကာ ပြန်လည် ထွက်ခွာသွားရပါတယ်။ ကိုးမန်းက လီဗာပူးနဲ့ ဒုတိယအကျော့ ချန်ပီယံလိဂ်ပွဲမှာ ပါဝင်နိုင်ပါ့မလား စိုးရိမ်နေကြပါတယ်။

ပြီးခဲ့တဲ့ရာသီကုန်ခါနီးက ရခဲ့တဲ့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ကာလရှည် ကုသမှု ခံယူနေရတဲ့ လီဗာပူး ကွင်းလယ်ကစားသမား အသင်း ထရိန်နင်မှာ လေ့ကျင့်မှုများ အရှိန်မြှင့်တင်နေတာ တွေ့ရလို့ အသင်းနဲ့ အတူ သူပြန်ကစားနိုင်ဖို့က သိပ်မဝေးတော့ဘူး ယူဆရပါတယ်။

လီဗာပူးတိုက်စစ်မှူး မာနေးက အသင်းသားတွေ အနေနဲ့ ကိုယ့်ကိုယ်ကို ဖိအားမပေးဘဲ ယူနိုက်တက်နဲ့ပွဲမှာ စိတ်အေးအေးထား ကစားကြဖို့ တိုက်တွန်းသွားပါတယ်။ အသင်းဟာ ပွဲတိုင်း အနိုင်ယူဖို့ လိုအပ်ပြီး ဒါက အရေးကြီးတဲ့ ပွဲစဉ်တစ်ခု ဖြစ်ပေမယ့် ဖိအားပေးနေတာက နိုင်ပွဲရဖို့ ဘာအကူအညီမှ မဖြစ်ဘူးလို့ ၄င်းက ဆိုပါတယ်။

ရီယိုဖာဒီနန်က BT Sport မှာ လီဗာပူးကွင်းလယ်ကစားသမား ဖာဘင်ညိုနဲ့ ပတ်သတ်ပြီး ချီးကျူးစကားများ ပြောကြားသွားပါတယ်။ “သူ (ဖာဘင်ညို) က လိုအပ်ရင် တွန်းတွန်းတိုက်တိုက် ခွန်အားသုံး ကစားနိုင်တယ်တယ် ဆိုတာ ပြသနိုင်ခဲ့တယ်။ ဒီလို ကစားသမားတွေဆိုတာ အသင်းအတွက် တန်ဖိုး မဖြတ်နိုင်ဘူး.. နေရာစုံမှာ လိုအပ်ရင် ၀င် ဖြည့်ကစားနိုင်ကြတယ်။ သူက ညာခြမ်း ခံစစ်၊ ကွင်းလယ်ခံစစ် ကစားတယ်. အခု ဗဟိုခံစစ်။ ဂိုးတွေလည်း သွင်းနိုင်တယ်.. သူက အသင်းပေါ်မှာ သက်ရောက်မှု ကြီး ရှိပါတယ်.. အလွန် ကောင်းတဲ့ဘက်ကပါ။” လို့ ပြောကြား ချီးကျူးခဲ့ပါတယ်။