ချယ်ဆီးအသင်းဟာ ကာရာဘောင်း ဗိုလ်လုပွဲမှာ မန်စီးတီးကို ပင်နယ်တီအဆုံးအဖြတ်မှာ အရေးနိမ့်ကာ ဖလားလက်လွှတ်ခဲ့ရပေမယ့် ထိုပွဲစဉ်မှာ လူစားလဲလှယ် ထွက်ခွာရန် ငြင်းဆန်ခဲ့တဲ့ ကီပါရဲ့ လုပ်ရပ်ကြောင်း အသင်းနဲ့ နည်းပြ အရှက်တကွဲ ဖြစ်ခဲ့တာက ပိုပြီး လူပြောများစရာ ဖြစ်ခဲ့ပါတယ်။

ဟာဇက်က ဗိုလ်လုပွဲမှာ ချယ်ဆီးရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပြီး မန်စီးတီး နောက်တန်းကို အကြိမ်ကြိမ် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ၀ီလျံနဲ့ပက်ဒရိုတို့လည်း ခါတိုင်းထက် ပို အားထုတ် ခြေစွမ်းပြခဲ့ကြပါတယ်။

အက်သလက်တီကိုမှာ အငှားသွားရောက် ကစားနေတဲ့ တိုက်စစ်မှူး မိုရာတာက ဗီလာရီးရဲလ်နဲ့ ပွဲမှာ ၄င်းရဲ့ အငှားကလပ်အသင်းအတွက် ဘယ်ခြေနဲ့ မြေမထိကန်ချက် ကန်ကာ လှလှပပ ပွဲဦးထွက်ဂိုး သွင်းယူပေးလိုက်ပါတယ်။

ချယ်ဆီးခံစစ်မှူး ဒေးဗစ်လူးဝစ်က နာကျင်အချိန်ပိုမှာ လူစားလဲ ထွက်ခွာရန် ငြင်းဆန်နေတဲ့ ဂိုးသမား ကီပါထံ သွားပြီး နည်းပြရဲ့ ဆုံးဖြတ်ချက်ကို လေးစားမှု ရှိဖို့ ပြောဆို ဖြစ်ခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။

မန်ချက်စတာစီးတီးကို ပင်နယ်တီနဲ့ ရှူံးနိမ့်ခဲ့တဲ့ ခါရာဘောင်းဖလား ဖိုင်နယ်ပွဲစဉ်အတွင်း လူစားလဲဖို့ ငြင်းဆန်ခဲ့တဲ့ ဂိုးသမားကီပါရဲ့ လုပ်ရပ်ဟာ ရှက်စရာကောင်းပြီး ချယ်ဆီးအသင်းအနေနဲ့ သူ့ကို ထုတ်ပယ်ပစ်ဖို့ ထိုက်တန်ပါတယ်လို့ အသင်းကစားသမားဟောင်း ခရစ် ဆက်တန်က တိုက်တွန်းလိုက်ပါတယ်။

ချယ်ဆီး အသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီကလည်း အဆိုပါ ဖြစ်ရပ်ကို မြင်တွေ့ခဲ့သလို ကီပါပြုလုပ်ခဲ့တာက လေးစားမှုမရှိတဲ့ အပြုအမှုလို့ သူယုံကြည်ကြောင်း ဝေဖန်သွားပါတယ်။

ချယ်ဆီး နည်းပြဟောင်း မော်ရင်ညိုက ရီးရဲလ်မက်ဒရစ်သို့ ပြောင်းချင်နေတဲ့ ဟာဇက်ဟာ စပိန်မှာလည်း အောင်မြင်မှုတွေ ရယူနိုင်တဲ့ အရည်အချင်း ရှိတယ်လို့ ထောက်ခံ ပြောဆိုလိုက်ပါတယ်။ မော်ရင်ညိုက လာမယ့်နွေမှာ ဘောလုံးလောကထဲ ပြန်လည် ၀င်ရောက်လာရန် ရည်ရွယ်နေပါတယ်။