ဥရောပ နာမည်ကျော် တိုက်စစ်သမားဟောင်း မိုက်ကယ်အိုဝင်ရဲ့ ဒီတပတ် ချန်ပီယံလိဂ် ပွဲစဉ်တွေအတွက် သုံးသပ်ချက်တွေကို ပြန်လည်စုစည်း ဖော်ပြပေးလိုက်ပါတယ်။

မန်စီးတီး Vs ရှော်လ်ကေး

မတ်လ ၁၃၊ ဗုဒ္ဓဟူးနေ့ မနက် ၂း၃၀ နာရီ

ပထမအကျော့ရလဒ်။ ။ ရှော်လ်ကေး 2-3 မန်စီးတီး

မန်စီးတီးက မကြုံစဖူး ဖလားလေးလုံး မျှော်လင့်ချက်ကို လိုက်နေဆဲပါပဲ။ သောကြာနေ့က ဝါတာဘရီမင်ကို 4-2 နဲ့ အရေးနိမ့်ခဲ့တဲ့ ရှော်ကေးဟာ ပထမအကျော့အိမ်ကွင်းမှာ 3-2 နဲ့ အရေးနိမ့်ခဲ့မှုကို တုန့်ပြန်နိုင်ရင် အရမ်းကို အံ့သြသင့်ရမှာပဲ။ အီသီဟတ်ကွင်းမှာ ရှော်ကေးတို့ ဂိုးပေါက်ခြိမ်းခြောက်မှုကနေ ဂိုးသွင်းယူနိုင်မယ်ဆိုရင်လည်း အံ့သြမိလိမ့်မယ်။

ရှော်ကေးဟာ ဘွန်ဒက်လီဂါမှာ နောက်ဆုံး သုံးပွဲ ယှဉ်ပြိုင်ကစားပြီး သွင်းဂိုး 2 ဂိုး ပေးဂိုး 11 ဂိုးနဲ့ အရေးနိမ့်ထားတယ်။ ပထမအကျော့ပြီးကတည်းက မန်စီးတီးက နောက်တစ်ဆင့်ကို တက်သွားမယ်လို့ ကျနော် မျှော်လင့်ထားပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ မန်စီးတီး 2-0 ရှော်လ်ကေး

ဂျူဗင်တပ် Vs အက်သလက်တီကိုမက်ဒရစ်

မတ်လ ၁၃၊ ဗုဒ္ဓဟူးနေ့ မနက် ၂း၃၀ နာရီ

ပထမအကျော့ရလဒ်။ ။ အက်သလက်တီကို မက်ဒရစ် 2-0 ဂျူဗင်တပ်

ဂျူဗင်တပ်ဟာ အက်သလက်တီကို ကို ချန်ပီယံလိဂ် နောက်ဆုံး သုံးကြိမ် တွေ့ဆုံမှုမှာ တစ်ကြိမ်မှ ဂိုးမသွင်းနိုင်ပဲ 2 ပွဲသရေ 1 ပွဲ အရေးနိမ့်ထားတယ်။ အက်သလက်တီကိုဟာ နောက်ဆုံးယှဉ်ပြိုင်တဲ့ အဝေးကွင်း ရှူံးထွက်ပွဲ 8 ပွဲမှာ 1 ပွဲပဲ အနိုင်ရထားပေမယ့် ကွာတားအဆင့်ကို တက်ရောက်နိုင်မယ်လို့ ကျနော် ထင်တယ်။

ရော်နယ်ဒိုဟာ တီကိုနဲ့တွေ့ဆုံတဲ့ 32 ကြိမ်မှာ 22 ဂိုးထိ သွင်းယူထားတယ်။ ဒါပေမယ့် ဒီရာသီ ချန်ပီယံလိဂ် နောက်ဆုံး 6 ကြိမ်မှာ တစ်ဂိုးပဲ သွင်းထားပါတယ်။ တူရင်အခြေစိုက်ကလပ်ဟာ သောကြာနေ့က အူဒီးနီးကို 4-1 နဲ့ အနိုင်ရပြီး လိဂ်ကို 18 မှတ်အသာနဲ့ ဦးဆောင်နိုင်တဲ့ပွဲမှာ ရော်နယ်ဒိုကို အနားပေးထားကာ ဒီပွဲမှာ ပေါ်တူဂီသားထံက စွမ်းောဆင်မှုကောင်းတွေ လိုအပ်နေပါတယ်။ ဒီယေဂိုကော်စတာ ပွဲပယ် ခံထားရပေမယ့် တက်ကြွပြီး လန်းဆန်းပြင်းထန်တဲ့ ပွဲကို မြင်ကြရမှာဖြစ်တယ်။ စပိန်အသင်းက ကွာတားကိုရောက်မယ်လို့ ခံစားမိနေပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ ဂျူဗင်တပ် 2-2 အက်သလက်တီကို မက်ဒရစ်

ဘာစီလိုနာ Vs လိုင်ယွန်

မတ်လ ၁၄၊ ကြာသပတေးနေ့ မနက် ၂း၃၀ နာရီ

ပထမအကျော့ရလဒ်။ ။ လိုင်ယွန် 0-0 ဘာစီလိုနာ

ဘာစီလိုနာဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လိုင်ယွန်ကို သုံးကြိမ် တွေ့ဆုံ ရင်ဆိုင်ထားပြီး သွင်းဂိုး 10 ဂိုးထိရှိကာ ပေးဂိုး 2 ဂိုးပဲ ရှိထားပါတယ်။ အဝေးဂိုး မရခဲ့ပေမယ့် စပိန်အင်အားကြီးကလပ်ကပဲ နောက်တစ်ဆင့်ကို တက်ရောက်သွားမှာပါ။ လိုင်ယွန်ဟာ ချန်ပီယံလိဂ် နောက်ဆုံး 6 ပွဲကို သရေကျထားပေမယ့် ဘာစီလိုနာက ကွာတားဖိုင်နယ်အဆင့်ကို 12 နှစ်ဆက်တိုက် တက်ရောက်နိုင်တဲ့ မယုံနိုင်လောက်တဲ့ အောင်မြင်မှုကို ရမယ်လို့ မျှော်လင့်တယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ရှူံးထွက်အဆင့် နောက်ဆုံး အဝေးကွင်းပွဲ လေးပွဲမှာ လိုင်ယွန်က အရေးနိမ့်ထားသလို သွင်းဂိုးလည်း တစ်ဂိုးမှ သွင်းယူနိုင်ခြင်း မရှိပါဘူး။ ကျနော်ကတော့ နူးကပ်ကွင်းမှာ ဘာစီလိုနာက သက်သောင့်သက်သာ အနိုင်ရမယ်လို့ မျှော်လင့်ပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ ဘာစီလိုနာ 2-0 လိုင်ယွန်

ဘိုင်ယန်မြူးနစ် Vs လီဗာပူး

မတ်လ ၁၄၊ ကြာသပတေးနေ့ မနက် ၂း၃၀ နာရီ

ပထမအကျော့ရလဒ်။ ။ လီဗာပူး 0-0 ဘိုင်ယန်မြူးနစ်

ပထမအကျော့ ဂိုးမရှိ သရေကျထားတဲ့ ပွဲစဉ် ၃၁ ပွဲမှာ ၂၁ ပွဲက ပထမအိမ်ရှင် အသင်းကပဲ ချန်ပီယံလိဂ် နောက်တစ်ဆင့် တက်သွားတဲ့ မှတ်တမ်းတွေ ရှိထားတာကြောင့် ဒီပွဲမှာ အန်းဖီးလ်မှာ သရေကျထားပြီး အခု Bavaria ကို သွားတော့မယ့် လီဗာပူးက အားသာချက် ရှိနေတယ်လို့ ကျနော် ထင်တယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေက ဘန်လေနဲ့ပွဲမှာ လီဗာပူး သူတို့ အကောင်းဆုံး ပုံစံ ရှိခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့အုလပ် သူတို့ပြီးအောင် လုပ်ပြီး အနိုင် ၃ မှတ် ရအောင်ယူခဲ့တယ်။ အခုတပတ်မှာ ဘွန်ဒစ်လီဂါ အမှတ်ပေးဇယား ထိပ်ဆုံး ပြန်တက်သွားတဲ့ ဘိုင်ယန်မြူးနစ်ကို လီဗာပူးက ဂိုးသွင်းဖို့ ယုံကြည်ချက် အပြည့် ရှိနေမှာပါ။

ဂျာမန်အသင်းတွေထဲမှာ ဒေါ့မွန်က စပါးကို နှစ်ကျော့လုံး မယှဉ်နိုင်ခဲ့သလို ရှော်လ်ကေးကလည်း မန်စီးတီးရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး။ လီဗာပူးအသင်းကလည်း ဒီပွဲကို ကျော်ဖြတ်ပြီး နောက်တစ်ဆင့် တက်သွားနိုင်ဦးမယ် ကျနော်ထင်ပါတယ်။ ဒါကလည်း ဘိုင်ယန်တို့ အန်းဖီးမှာ အဝေးဂိုး မရခဲ့တာကြောင့် ခံစားသွားရတာ ဖြစ်ဖို့ များပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ ဘိုင်ယန်မြူးနစ် 1-1 လီဗာပူး