နွေအပြောင်းအရွှေ့မှာ မန်ယူအတွက် ကစားသမားသစ်တွေခေါ်ဖို့ ဘိုင်လီကို ရောင်းချပါတော့မယ်။ မန်နေဂျာဆိုးရှားဟာ နွေမှာ ကစားသမား ရှင်းထုတ်မှုအချို့ကို ပြုလုပ်ကာ ထိပ်တန်းကစားသမားကောင်းတွေ ခေါ်ယူဖို့ အသင်းအတွင်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ရှိနေတာပါ။

အင်္ဂလန်မီဒီယာတွေက ဖော်ထုတ်လာမှုအရ ဆိုးရှားဟာ နွေမှာ အသုံးစရိတ် ပေါင် သန်း 200 လောက် ရနိုင်ပါတယ်။ အဆိုပါ အသုံးစရိတ်နဲ့ အင်အားနည်းနေတဲ့ နေရာ လေးနေရာလောက်ကို အားဖြည့်လိုပြီး ဆိုးရှားကတော့ ခံစစ်ထက် တိုက်စစ်ကိုပဲ အဓိက အားဖြည့်လိုတယ်။ အထူးသဖြင့်က ကာလရှည် ဟာကွက်ဖြစ်နေတဲ့ ညာတောင်ပံ၊ ကွင်းလယ်နေရာတွေကို အသုံးစရိတ်ကြီးတွေ သုံးလိုနေတာဖြစ်တယ်။

အသင်းနဲ့ နီးစပ်သူတွေကတော့ အစွန်နဲ့ ဗဟိုခံစစ်တွေကို အင်အားဖြည့်ဖို့ ကိစ္စတွေကို ဦးစားပေးစေလိုတာပါ။ ဒီကိစ္စတွေကို ပြေလည်ဖို့ရာ ဆိုးရှားဟာ ကလပ်အသင်းမှ ကစားသမားအချို့ကို ရှင်းထုတ်မှုတွေ ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။ ဘိုင်လီကိုတော့ ပရီးမီးယားလိဂ်ကလပ်တွေက ဇန်နဝါရီမှာ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ကြောင်း သတင်းရှိထားပြီး နွေမှာတော့ ၄င်းကလပ်တွေဘက်က ကမ်းလှမ်းမှုတွေကို အသင်းဘက်က နားထောင်သွားပါမယ်။

မော်ရင်ညိုရဲ့ ပထမဆုံးရာသီမှာ အိုထရတ်ဖိုဒ့်ကို ရောက်ရှိလာတဲ့ အိုင်ဗရီကိုစ့် ခံစစ်သမားဟာ ကြံ့ခိုင်မှုဆိုင်ရာ ပြဿနာတွေမှာ ရုန်းကန်နေရတဲ့နောက် ဆိုးရှားဟာ စမောလင်းနဲ့ လင်ဒီအော့တို့ကိုပဲ အဓိက ထုတ်သုံးနေရတာပါ။ ကလပ်အသင်းဟာ ခံစစ်ကို ကြီးကြီးမားမား ပြုပြင်ဖို့ လိုအပ်နေချိန်မှာ ဆိုးရှားဟာ ကစားသမားဟောင်းတွေကိုပဲ အဓိက အခွင့်အရေး ပေးမှာဖြစ်ပေမယ့် ဘိုင်လီကိုတော့ ဈေးကောင်းတစ်ခုနဲ့ ရောင်းထုတ်ဖွယ်ရှိပါတယ်။

ဘိုင်လီကနေ ပေါင် သန်း 30 လောက် တန်ကြေးရှိမယ့် ပြောင်းရွှေ့ကြေးမျိုး မန်ယူဘက်က မျှော်လင့်ထားပါတယ်။ စမောလင်း၊ လင်ဒီအော့နဲ့ ဖီးဂျုံးတို့ပဲ ကျန်ရှိမယ့် ခံစစ်အတွက် ဘိုင်လီထံကရတဲ့ အသုံးစရိတ်ကို ထပ်ဖြည့်ပြီး နောက်ထပ် ခံစစ်မှူးတစ်ဦး ခေါ်ယူဖို့က အလားအလာရှိတဲ့ ကိစ္စပဲဖြစ်ပါတယ်။