မန်ယူက ကင်းထောက်များ စေလွှတ်ကာ မကြာခဏစောင့်ကြည့်နေတဲ့ အပြင် အခြား ဥရောပကလပ်အသင်းကြီးတွေကလည်း မျက်စိကျ ခေါ်ယူလိုနေကြတဲ့ ဘင်ဖီကာ လူငယ်တိုက်စစ်သမား Joao Felix လက်ရှိ ကလပ်အသင်းမှာပဲ ပျော်ရွှင်နေတယ်လို့ ပြောကြားလိုက်ပါတယ်။ ပေါ်တူဂီကလပ် စပို့တင်းမှာ အငှားကစားနေတဲ့ လူငယ်လေးဟာ ဒီရာသီ ၁၁ ဂိုးသွင်း ၆ ကြိမ် ဂိုးထောက်ပံ့မှု လုပ်ထားပါတယ်။

ဆွီဒင်ဘက်က လာတဲ့သတင်းများအရ မန်ယူ ခံစစ်မှူး လင်ဒီလော့ဖ်ဟာ ဆွီဒင်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရသော်လည်း နိုင်ငံအသင်းထံ သွားဖို့ ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

စပါးနဲ့ လီဗာပူးကစားသမားဟောင်း စကိုင်းစပေါ့မှ သုံးသပ်သူ ဂျင်မီရက်နက်က ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ အဆုံးအဖြတ် ဖြစ်သွားမယ့် ပွဲစဉ်ကို ဖွင့်ဟသွားပါတယ်။ ရက်နက်က မန်ချက်စတာဒါဘီပွဲကသာ ချန်ပီယံဘယ်သူလဲ ကွဲပြားသွားစေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

အက်ဖ်အေဖလား ပွဲစဉ်မှာ ၀ုဗ်ကို ရှုံးနိမ့်ခဲ့ပေမယ့် မန်ယူ ပရိသတ်များက ၀ုဗ်ဘက်မှ ကွင်းလယ်ကစားသမား ရူဘန်နာဗက်စ်ကို အလွန် သဘောကျနေကြပြီး အိုးထရက်ဖို့ဒ်ထံ ခေါ်ယူစေလိုနေကြပါတယ်။

မန်ယူ ကွင်းလယ်လူဟောင်း ပေါလ်စခိုးဟာ အိုဟမ်ကလပ်အသင်းကို တာဝန်ယူမှု 31 ရက်အကြာမှာပဲ ထွက်ခွာခဲ့ပါတယ်။ သူဟာ ကလပ် ကစားသမား 12 ဦးကို သက်တမ်းတိုးစာချုပ်တွေ ချုပ်ဆိုဖို့ သဘောတူညီမှု ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေ စိတ်ဝင်စားနေတဲ့ ပီအက်ဂျီမှ ညာအစွန်လူ ဒန်နီအဲလ်ဗက်စ်နဲ့ ခံစစ်သမား သီယေဂိုဆေးဗားတို့ကို ပြင်သစ်ချန်ပီယံအသင်းက သက်တမ်းတိုးမှုတွေလုပ်ဖို့ စကားပြောနေပါတယ်။

အင်တာမီလန်ဟာ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ မန်ယူနဲ့ အာဆင်နယ်တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသက် 26 နှစ်အရွယ် တိုက်စစ်မှူး အယ်ကာဒီကို ရောင်းချဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။ ဒါ့အပြင် ခရိုအေးရှား တိုက်စစ်သမား ပရီဆစ်ကိုလည်း ရောင်းထုတ်သွားမှာပါ။

ရီးရဲမက်ဒရစ်ကို ဇီဒန်း ပြန်လည်တာဝန်ယူတဲ့နောက် မန်ယူဂိုးသမား ဒီဂီယာကို နွေမှာ ခေါ်ယူဖို့ ပြန်လည် ပစ်မှတ်ထားလာတယ်လို့ သိရပါတယ်။ ဇီဒန်းရဲ့ ပြန်လည်ကိုင်တွယ်မှု ပထမဆုံးပွဲမှာတော့ ဂိုးသမား ကော်တွိုက်စ်ဟာ အရန်ခုံကနေပဲ ပါဝင်ခွင့် ရခဲ့ပါတယ်။