မန်ချက်စတာယူနိုက်တက် လာမယ့်သီတင်းပတ်တွေအတွင်း ချန်ပီယံလိဂ်မှာ ထိပ်တိုက်တွေ့တော့မယ့် ပြိုင်ဘက် ဘာစီလိုနာ အသင်းမှ အားထားရတဲ့ တိုက်စစ်မှူး ဆွာရက်စ် ဒဏ်ရာရသွားမှုဟာ ချန်ပီယံလိဂ်ပွဲအမှီ ပြန်သက်သာလာနိုင်ပါတယ်။

ဘာစီလိုနာက ၄င်းတို့ တိုက်စစ်မှူးဟာ ညာဘက် ခြေကျင်းဝတ် ဒဏ်ရာရခဲ့ကြောင်း တနင်္ဂနွေနေ့မှာ အတည်ပြုခဲ့ပါတယ်။ ဒီကနေ့မှာတော့ ဆွာရက် ဒဏ်ရာ အခြေအနေနဲ့ ပြန်ကစားနိုင်ဖို့ ကြာချိန်များကို အတည်ပြုသတင်း ကြေငြာသွားခဲ့တာပါ။

ဆွာရက်စ်ရဲ့ ဒဏ်ရာက ပြန်သက်သာလာဖို့ ၁၀ ရက်ကနေ ၁၅ ရက်အထိ အနားယူရမှာပါ။ ယူနိုက်တက်နဲ့ ချန်ပီယံလိဂ်ပွဲက ဧပရယ်လ ၁၀ ရက်နေ့မှဖြစ်ပြီး အချိန်မှီ ပြန်သက်သာလာဖို့ ရှိနေပါတယ်။ ၆ ရက်ကြာတဲ့နောက် နူးကမ့်မှာ ဒုတိယအကျော့ ယှဉ်ပြိုင်မှာပါ။ အသက် ၃၂ နှစ်အရွယ် တိုက်စစ်မှူးဟာ နိုင်ငံအသင်း ဥရုဂွေးလက်ရွေးစင်အသင်းဆီတော့ သွားရောက် ပူးပေါင်းနိုင်ဖွယ် မရှိတော့ပါဘူး။

ဘာစီလိုနာဟာ ပြီးခဲ့တဲ့ အစောပိုင်းရက်ထဲကပဲ လိုင်ယွန်နဲ့ပွဲမှာ ဒမ်ဘီိလီ တံကောက်ကြော ဒဏ်ရာ ရသွားတာကြောင့် ပြင်သစ်သားဟာ မန်ယူနဲ့ နှစ်ပွဲလုံးမှာ ပါဝင်နိုင်ဖို့မရှိတဲ့ ထိုးနှက်ချက် ရှိထားပြီးသားဖြစ်ပါတယ်။