ပြင်သစ်လက်ရွေးစင် တိုက်စစ်သမား ဂရစ်စမန်းဟာ လာမယ့်နွေမှာ အက်သလက်တီကို မက်ဒရစ်ကနေ ထွက်ခွာလိုနေပါတယ်။ ဂရစ်စမန်းဟာ ပြီးခဲ့တဲ့နွေက ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး ထိုဆုံးဖြတ်ချက်အပေါ် နောင်တလဲ ရနေပါတယ်။ ဒါပေမယ့် ဘာစီလိုနာဘက်က စိတ်ဝင်စားမှု သွေးအေးသွားပြီ ဖြစ်ကာ ၄င်းကို ပစ်မှတ်ထားနေတဲ့အသင်းတွေထဲ မန်ယူက ထိပ်ဆုံးမှာရှိနေပါတယ်။

မန်ယူ နည်းပြဟောင်း ဂျို့စ် မော်ရင်ညိုက လက်ရှိ ဘောလုံးလောကမှာ ရိုနယ်ဒို၊ မက်ဆီ၊ နေမာတို့ထက် တန်ကြေးကြီး ကစားသမား ရှိနေပြီလို့ ပြောကြားလိုက်ပါတယ်။ မော်ရင်ညို အမွှမ်းတင်လိုက်တာက ပီအက်စ်ဂျီ တိုက်စစ်သမား အမ် ဘတ်ပီ ဖြစ်ပြီး ကမ္ဘာ့ဈေးအကြီးဆုံး ကစားသမားဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

မန်ယူဟာ တိုက်စစ်မှူး ရက်ဖို့ဒ်ရဲ့ လက်ရှိ စာချုပ်ပါ တစ်နှစ် သက်တမ်းတိုးခွင့်ကို အသက်သွင်းလိုက်ပြီ ဖြစ်ပြီး စာချုပ်သစ် ကိစ္စ ဆွေးနွေးမှုများလည်း ဆက်လက် လုပ်ဆောင်နေပါတယ်။ အသင်းဘက်က ရက်ဖို့ဒ်ကို တစ်ပတ် လုပ်ခ ပေါင် ၁သိန်း ၈သောင်းနဲ့ ၅ နှစ် စာချုပ်သစ် ချုပ်ဆိုလိုနေတာပါ။

မန်ယူဟာ နွေမှာတော့ အလားအလာရှိတဲ့ တိုက်စစ်ပိုင်း အားဖြည့်မှုအဖြစ် ဘာစီလိုနာမှ ကော်တင်ညို၊ ဒေါ့မွန်မှ ဆန်ချိုတို့ကိုလည်း ပေါင် သန်း 100 တန်ကြေးရှိမယ့် ကမ်းလှမ်းမှုတွေနဲ့ ချိတ်ဆက်မယ်လို့ သတင်းထွက်ထားခဲ့တယ်။ ဒါ့အပြင် တူညီတဲ့ ပမာဏနဲ့ ဂရစ်စမန်းကိုပါ ရွေးချယ်လာနိုင်လို့ ဘယ်လို တိုက်စစ်သမားကို အားဖြည့်မယ် စောင့်ကြည့်ရပါမယ်။

မန်ချက်စတာယူနိုက်တက်က ရီးရဲလ်ဂိုးသမား ကော်တိုရစ်ကို ဒီဂီယာနဲ့ အလဲအထပ်လုပ်ဖို့ ကမ်းလှမ်းလိုပေမယ့် ကော်တိုရစ်က ငြင်းဆန်နေတယ်လို့ သတင်းများမှာ ဖော်ပြလာပါတယ်။ ရီးရဲလ်သို့ ပြီးခဲ့တဲ့နွေကမှ ရောက်ရှိသွားတဲ့ ချယ်ဆီး ဂိုးသမားဟောင်း ကော်တိုရစ်က ဇီဒန်းပြန်လာပြီးနောက် ရီးရဲလ်မှာ အနေအထား မရေမရာ ဖြစ်နေပြီး အင်္ဂလန်သို့ ပြန်ချင်ရင်တောင် အိုးထရက်ဖို့ဒ်သို့ မသွားလိုဘူးလို့ သိရပါတယ်။

မန်ယူဟာ အသင်းမှ အသက် ၂၃ နှစ်အရွယ် ဘရာဇီးသား ကွင်းလယ်ကစားသမား ပါရဲရားကို နောက်ဘောလုံးရာသီမှာ ပွဲအတွေ့အကြုံ ပိုရဖို့ အငှားစေလွှတ်ရန် စဉ်းစားနေပါတယ်။

စပိန်အခြေစိုက် AS သတင်းဌာနက ဖော်ပြမှုအရ ဂရစ်စမန်းကို နွေမှာ ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင် သန်း 103 ထိ ကျဆင်းသွားနိုင်တယ်လို့ ဆိုပါတယ်။ ပြင်သစ်သား တိုက်စစ်သမားဟာ စပိန်ကလပ်နဲ့ 2023 ခုနှစ်ထိ စာချုပ်သစ် ချုပ်ဆိုထားတာပါ။ စာချုပ်မှာတော့ စာချုပ်ဖျက်သိမ်းကြေား ပေါင် 171 သန်းတန် သဘောတူညီမှုကို ထည့်သွင်းထားခဲ့တယ်လို့ သတင်းရှိထားခဲ့တယ်။

မန်ချက်စတာယူနိုက်တက်ဟာ ရာသီကုန် အပြောင်းအရွှေ့ကာလမှ ရိုးမားအသင်းမှ အသက် ၂၇ နှစ်အရွယ် ဂရိသား ခံစစ်မှူး မန်နိုလတ်စ်ကို လျှော့ဈေးနဲ့ ခေါ်ယူနိုင်ဖွယ် ရှိနေပါတယ်။ ၄င်းရဲ့ စာချုပ်ပါ ဖျက်သိမ်းကြေးက ပေါင် သန်း ၃၀.၈ သန်း ဖြစ်ပါတယ်။