အာဆင်နယ်ဟာ ဒီတပတ် ယူရိုပါလိဂ်ပွဲကို ပေါ်တူဂီကလပ် ဗစ်တိုးရီးယားနဲ့ ဗုဒ္ဓဟူးနေ့ ညမှာ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ တစ်ရက် စော ကစားရတဲ့ အတွက် အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲ မတိုင်ခင် နားရက် ပိုရတော့မှာပါ။

ပေါ်တူဂီကလပ် ဗစ်တိုးရီးယား ဂူမားရက်စ် အသင်းကို အမ်းမရိတ်မှာ ဧည့်ခံ ကစားခဲ့စဉ်က အာဆင်နယ်က ၃-၂ နဲ့ အနိုင်ရခဲ့တာ ဖြစ်ပြီး ဒီတပတ်မှာတော့ ပေါ်တူဂီမှာ အဝေးကွင်း သွားရောက် ကစားရမှာပါ။ ပွဲချိန်ကတော့ ယနေ့ည မြန်မာစံတော်ချိန် ၁၀း၂၀ ပဲ ဖြစ်ပါတယ်။ ဒီပွဲ အတွက် နာမည်ကျော် သုံးသပ်သူ မိုက်ကယ်အိုဝင်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းမှုတွေကို ဖော်ပြပေးပါမယ်။

” လန်ဒန်မှာတော့ နစ်ကိုးလပ်စ်ပီပီရဲ့ နောက်ကျ သွင်းဂိုး နှစ်ဂိုးကြောင့် ပြီးခဲ့တဲ့ နှစ်ပတ်က အာဆင်နယ် အနိုင်ရထားခဲ့တာပါ။ အာဆင်နယ် အနေနဲ့ ဒီရာသီ ယူရိုပါလိဂ် အုပ်စုပွဲတွေမှာ ရာနှုန်းပြည့် နိုင်ပွဲရထားတဲ့ မှတ်တမ်းကို ပေါ်တူဂီမှာလည်း ဆက်လက် ထိန်းသိမ်းဖို့ ကြိုးစားပါလိမ့်မယ်။ ”

” ဗစ်တိုးရီးယားအသင်းက အိမ်ကွင်းမှာတော့ အင်္ဂလိပ်ကလပ်အသင်းတွေကို မရှုံးဖူးပါဘူး။ အာဆင်နယ်က ပေါ်တူဂီမှာ သွားကစားတဲ့ နောက်ဆုံး ၆ ပွဲမှာ နိုင်ပွဲ တစ်ပွဲသာ ရထားပါတယ်။ ဒါပေမယ့် ကျနော်ကတော့ ဒီပွဲမှာ အူနိုင်း အမ်မရီရဲ့ အသင်းကပဲ သုံးမှတ် အပြည့် ယူသွားမယ်လို့ ထင်ပါတယ်။ ၃၂ သင်း အဆင့်ကို တက်ရောက်တာ အတည်ပြုနိုင်ဖို့ ဒီပွဲ အနိုင် ကစားပါလိမ့်မယ်။ ဒီပြိုင်ပွဲမှာ အာဆင်နယ်က ပြီးခဲ့တဲ့ ရာသီ ဗိုလ်လုပွဲထိ တက်ရောက်ခဲ့တဲ့ အသင်း ဖြစ်တယ်။ ” လို့ အိုဝင်က ဆိုထားပါတယ်။

မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းရလဒ်ကတော့ အာဆင်နယ် အနိုင်ပဲ ဖြစ်ပါတယ်။

Zawgyi

အာဆင္နယ္ဟာ ဒီတပတ္ ယူရိုပါလိဂ္ပြဲကို ေပၚတူဂီကလပ္ ဗစ္တိုးရီးယားနဲ႔ ဗုဒၶဟူးေန႔ ညမွာ ယွဥ္ျပိဳင္ ကစားရမွာ ျဖစ္ပါတယ္။ တစ္ရက္ ေစာ ကစားရတဲ့ အတြက္ အာဆင္နယ္က ပရီးမီးယားလိဂ္ ပြဲ မတိုင္ခင္ နားရက္ ပိုရေတာ့မွာပါ။

ေပၚတူဂီကလပ္ ဗစ္တိုးရီးယား ဂူမားရက္စ္ အသင္းကို အမ္းမရိတ္မွာ ဧည့္ခံ ကစားခဲ့စဥ္က အာဆင္နယ္က ၃-၂ နဲ႕ အနုိင္ရခဲ့တာ ျဖစ္ျပီး ဒီတပတ္မွာေတာ့ ေပၚတူဂီမွာ အေ၀းကြင္း သြားေရာက္ ကစားရမွာပါ။ ပြဲခ်ိန္ကေတာ့ ယေန႔ည ျမန္မာစံေတာ္ခ်ိန္ ၁၀း၂၀ ပဲ ျဖစ္ပါတယ္။ ဒီပြဲ အတြက္ နာမည္ေက်ာ္ သံုးသပ္သူ မိုက္ကယ္အို၀င္ရဲ႕ သံုးသပ္ခ်က္နဲ႕ ခန္႔မွန္းမႈေတြကို ေဖာ္ျပေပးပါမယ္။

” လန္ဒန္မွာေတာ့ နစ္ကိုးလပ္စ္ပီပီရဲ႕ ေနာက္က် သြင္းဂိုး နွစ္ဂိုးေၾကာင့္ ျပီးခဲ့တဲ့ နွစ္ပတ္က အာဆင္နယ္ အနိုင္ရထားခဲ့တာပါ။ အာဆင္နယ္ အေနနဲ႕ ဒီရာသီ ယူရိုပါလိဂ္ အုပ္စုပြဲေတြမွာ ရာႏႈန္းျပည့္ နိုင္ပြဲရထားတဲ့ မွတ္တမ္းကို ေပၚတူဂီမွာလည္း ဆက္လက္ ထိန္းသိမ္းဖို႔ ၾကိဳးစားပါလိမ့္မယ္။ ”

” ဗစ္တိုးရီးယားအသင္းက အိမ္ကြင္းမွာေတာ့ အဂၤလိပ္ကလပ္အသင္းေတြကို မရွံဳးဖူးပါဘူး။ အာဆင္နယ္က ေပၚတူဂီမွာ သြားကစားတဲ့ ေနာက္ဆံုး ၆ ပြဲမွာ နုိင္ပြဲ တစ္ပြဲသာ ရထားပါတယ္။ ဒါေပမယ့္ က်ေနာ္ကေတာ့ ဒီပြဲမွာ အူနုိင္း အမ္မရီရဲ႕ အသင္းကပဲ သံုးမွတ္ အျပည့္ ယူသြားမယ္လို႔ ထင္ပါတယ္။ ၃၂ သင္း အဆင့္ကို တက္ေရာက္တာ အတည္ျပဳနိုင္ဖို႔ ဒီပြဲ အနုိင္ ကစားပါလိမ့္မယ္။ ဒီျပိဳင္ပြဲမွာ အာဆင္နယ္က ျပီးခဲ့တဲ့ ရာသီ ဗိုလ္လုပြဲထိ တက္ေရာက္ခဲ့တဲ့ အသင္း ျဖစ္တယ္။ ” လို႔ အို၀င္က ဆိုထားပါတယ္။

မိုက္ကယ္အို၀င္ရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ အာဆင္နယ္ အနုိင္ပဲ ျဖစ္ပါတယ္။