ချယ်ဆီး ကွင်းလယ်ကစားသမား မေဆန်မောင့်ဟာ အင်္ဂါနေ့ညက အေဂျက်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ခြေကျင်းဝတ် ထိခိုက်သွားတာကြောင့် လာမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲ အပြင် အင်္ဂလန်အသင်းရဲ့ ယူရို ခြေစစ်ပွဲ နောက်ဆုံး နှစ်ပွဲပါ ပါဝင်ကစားဖိုပ မသေချာတော့ဘဲ ဖြစ်လာပါတ်ယ။

အသက် ၂၀ အရွယ် အင်္ဂလန်သားဟာ အေဂျက်နဲ့ပွဲ ပွဲချိန် မိနစ် ၆၀မှာ ဗန်ဒါဘိနဲ့ ထိမိရာမှ လဲကျသွားခဲ့တာ ဖြစ်ပါတယ်။ မောင့်က ဆက်လက် မကစားနိုင်တာကြောင့် ချယ်ဆီးဆေးအဖွဲ့မှာ တွဲ ခေါ်ယူသွားခဲ့ရပြီး အိုဒွိုင်းနဲ့ လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။

” ဆေးအဖွဲ့က မေဆန်မောင့်ရဲ့ ခြေကျင်းဝတ်ကို စည်းပေးထားပါတယ်။ အသေးစား ထိခိုက်မှုလို့ပဲ ထင်ပါတယ်။ ” လို့ လမ်းပတ်က ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

ဆောက်ဂိတ်ရဲ့ အင်္ဂလန်လက်ရွေးစင် အသင်းမှာ ရွေးချယ်ခံထားရတဲ့ မောင့်က နိုင်ငံအသင်းအတွက် လေးကြိမ် ပါဝင် ကစားပြီး ဖြစ်ကာ နိုဝင်ဘာလထဲ ပွဲစဉ်တွေ အတွက် ထပ်မံ ရွေးချယ်ခံထားရပါတယ်။ အင်္ဂလန်အသင်းဟာ နိုဝင်ဘာ ၁၄ ရက်နေ့ ဝင်ဘာလေမှာ မွန်တီနီဂရိုး အသင်းကို ဧည့်ခံ ကစားမှာ ဖြစ်ပြီး သုံးရက်အကြာမှာ ကိုဆိုဗိုကို ခရီးဆက်ကာ ခြေစစ်ပွဲအောင်ဖို့ အနိုင် ကစားရမှာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းကတော့ စနေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ် ပွဲ ကစားရမှာ ဖြစ်ပါတယ်။ ထိုပွဲ မတိုင်ခင် မေဆန်မောင့်ရဲ့ ပွဲကစားနိုင်မလား အခြေအနေကို အတည်ပြုရမှာပါ။ မောင့်ရဲ့ ဒဏ်ရာကို ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ အသေးစိတ်စစ်ဆေးမယ်လို့ လမ်းပတ်က ပြောဆိုထားပါတယ်။

Zawgyi

ခ်ယ္ဆီး ကြင္းလယ္ကစားသမား ေမဆန္ေမာင့္ဟာ အဂၤါေန႔ညက ေအဂ်က္နဲ႕ ခ်န္ပီယံလိဂ္ပြဲမွာ ေျခက်င္း၀တ္ ထိခိုက္သြားတာေၾကာင့္ လာမယ့္ ခရစၥတယ္ပဲေလ့စ္နဲ႕ပြဲ အျပင္ အဂၤလန္အသင္းရဲ႕ ယူရို ေျခစစ္ပြဲ ေနာက္ဆံုး နွစ္ပြဲပါ ပါ၀င္ကစားဖိုပ မေသခ်ာေတာ့ဘဲ ျဖစ္လာပါတ္ယ။

အသက္ ၂၀ အရြယ္ အဂၤလန္သားဟာ ေအဂ်က္နဲ႕ပြဲ ပြဲခ်ိန္ မိနစ္ ၆၀မွာ ဗန္ဒါဘိနဲ႕ ထိမိရာမွ လဲက်သြားခဲ့တာ ျဖစ္ပါတယ္။ ေမာင့္က ဆက္လက္ မကစားနုိင္တာေၾကာင့္ ခ်ယ္ဆီးေဆးအဖြဲ႕မွာ တြဲ ေခၚယူသြားခဲ့ရျပီး အိုဒြိဳင္းနဲ႕ လူစားလဲခဲ့ရတာ ျဖစ္ပါတယ္။

” ေဆးအဖြဲ႕က ေမဆန္ေမာင့္ရဲ႕ ေျခက်င္း၀တ္ကို စည္းေပးထားပါတယ္။ အေသးစား ထိခိုက္မႈလို႔ပဲ ထင္ပါတယ္။ ” လို႔ လမ္းပတ္က ပြဲအျပီးမွာ ေျပာဆိုခဲ့ပါတယ္။

ေဆာက္ဂိတ္ရဲ႕ အဂၤလန္လက္ေရြးစင္ အသင္းမွာ ေရြးခ်ယ္ခံထားရတဲ့ ေမာင့္က နုိင္ငံအသင္းအတြက္ ေလးၾကိမ္ ပါ၀င္ ကစားျပီး ျဖစ္ကာ နုိ၀င္ဘာလထဲ ပြဲစဥ္ေတြ အတြက္ ထပ္မံ ေရြးခ်ယ္ခံထားရပါတယ္။ အဂၤလန္အသင္းဟာ နို၀င္ဘာ ၁၄ ရက္ေန႔ ၀င္ဘာေလမွာ မြန္တီနီဂရိုး အသင္းကို ဧည့္ခံ ကစားမွာ ျဖစ္ျပီး သံုးရက္အၾကာမွာ ကိုဆိုဗိုကို ခရီးဆက္ကာ ေျခစစ္ပြဲေအာင္ဖို႔ အနုိင္ ကစားရမွာ ျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းကေတာ့ စေနေန႔မွာ ခရစၥတယ္ပဲေလ့စ္နဲ႕ ပရီးမီးယားလိဂ္ ပြဲ ကစားရမွာ ျဖစ္ပါတယ္။ ထိုပြဲ မတိုင္ခင္ ေမဆန္ေမာင့္ရဲ႕ ပြဲကစားနုိင္မလား အေျခအေနကို အတည္ျပဳရမွာပါ။ ေမာင့္ရဲ႕ ဒဏ္ရာကို ဗုဒၶဟူးေန႕ မနက္ပိုင္းမွာ အေသးစိတ္စစ္ေဆးမယ္လို႔ လမ္းပတ္က ေျပာဆိုထားပါတယ္။