လီဗာပူး တိုက်စစ်မှူး မိုဟာမက် ဆာလက်ဟာ ဂိုးရှေ့မှာ ကစားပုံရော စိတ်ဓာတ်ပိုင်းပါ အင်္ဂလန်ကို ရောက်စကနဲ့ မတူတော့ဘဲ ပြောင်းလဲ လာခဲ့ပုံအကြောင်းကို နာမည်ကျော် တိုက်စစ်မှူးဟောင်း အိုဝင်က သုံးသပ် ပြောဆိုသွားပါတယ်။ အိုဝင်က ဆာလက်ကို ဝေဖန်ရှုံ့ချခဲ့ခြင်းတော့ မဟုတ်ဘဲ ပြောင်းလဲလာရခြင်းကိုသာ ထောက်ပြခဲ့တာ ဖြစ်ပါတယ်။

ဆာလက်ဟာ ဒီရာသီ ဂိုးရှေ့မှာ လောဘတကြီး ဖြစ်လာတယ်လို့ ဝေဖန်မှုတွေ ခံနေရသူပါ။ လီဗာပူးမှာ ဆာလက်နဲ့ အပြိုင် အသင်းဖော် တိုက်စစ်မှူး မာနေးကလည်း ဒီရာသီ ခြေစွမ်းတက်ပြီး ဂိုးတွေ ပိုသွင်းလာတာက ဆာလက်အတွက် ဂိုးပိုရစေချင်စရာလည်း ဖြစ်နေပါတယ်။

ဂျန့်နဲ့ ပွဲမှာ အီဂျစ်သားဟာ ဂိုးရလိုစိတ် များများနဲ့ ကြိုးပမ်းခဲ့သော်လည်း သွင်းဂိုးတော့ မရရှိခဲ့ဘဲ ပွဲပြီးခဲ့ပါတယ်။ ဆာလက်က ဒီရာသီ ပရီးမီးယားလိဂ် ၁၀ ပွဲ ကစားပြီးချိန်မှာ ၅ ဂိုးသာ သွင်းရသေးတာ ဖြစ်လို့ ပြီးခဲ့တဲ့ နှစ်ရာသီဆက် ရွှေဖိနပ်ဆု ရခဲ့တဲ့ တိုက်စစ်မှူး အတွက် လုံလောက်မှု မရှိသေးဘဲ ဖြစ်နေတာပါ။

” ဆာလက် ကစားတဲ့ပွဲတွေ နှစ်ရှည် ကြည့်လာသူအတွက်တော့ ဒီနှစ်တွေ အတွင်း သူ ဘာတွေ ပြောင်းလဲလာလဲဆိုတာ မြင်သာစေပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်က သူ ကစားတာကို ကြည့်ရင် သူက ပြိုင်ဘက် ကစားသမားတွေကို ချဲထုတ်မယ် ဘောလုံး လိမ်ခေါက်မယ် စသဖြင့်ပေါ့။ ဒီညမှာ သူ ဂိုးဖန်တီးထောက်ပံ့မှု တစ်ကြိမ် ရခဲ့ပါတယ်။ ဒါပေမယ့် ဒီတလောမှာ သူ့ကို ကြည့်ရတာ ဂိုးတွေ ရဖို့ အရမ်းအရမ်း ဆာလောင်တဲ့ ကစားသမား ဖြစ်လာနေတယ်။ သူက ဂိုးလောဘကြီးလာပြီပေါ့။ ”

” ဒါက ဒီနှစ်ပိုင်းမှ သူပြောင်းလဲလာတဲ့ ဟန်ပါ။ ဒီလို အရင်က သူ ဂိုးလောဘ မကြီးခဲ့ပါဘူး။ ဒါပေမယ့် အခုက အရသာကို သိသွားပြီလေ။ ရွှေဖိနပ်ဆုတွေ ရခဲ့ဖူးပြီ။ အခု အဓိက ကစားသမားလည်း ဖြစ်လာတယ်။ ဒါကြောင့် အချိန်တိုင်း သူ့အနေနဲ့ ဂိုး သွင်းဖို့ ဖိအားကြီး ရှိနေပြီ။ ”

” သူ ကစားတာကို ကြည့်ပြီး ကျနော် မြင်မိတာကို ပြောတာပါ။ သူက လုံး၀ တစ်ဖြောင့်တည်း ဆုံးဖြတ်ထားသလို ဂိုးရှေ့မှာ ဘယ်သူ့ကိုမှ ဘောလုံး မပေးသလောက်နီးပါး ဖြစ်သွားတယ်။ ” လို့ အိုဝင်က ထောက်ပြခဲ့ပါတယ်။

” ဒီလို ဖြစ်တာ မှားတော့ မမှားပါဘူး။ ဒါ ကျနော် သူ့ကို ဝေဖန်နေတာလည်း မဟုတ်ဘူး။ ဒီတလောနှစ်တွေမှာ သူ ဂိုးတွေ ရချင်ဇော ဘာကြောင့် ကြီးလာ ပြောင်းလဲလာလဲ ကျနော် ရှင်းပြတာပါ။ လွန်ခဲ့တဲ့ ငါးနှစ်က သူ ဒီလို လုံး၀ မဟုတ်ခဲ့ပါဘူး။ အခု ဂိုးတွေ ပို လိုချင်လာသလို ရလည်း ရလာတဲ့ ကစားသမား ဖြစ်တယ်။” လို့ အိုဝင်က ဆိုခဲ့ပါတယ်။

Zawgyi

လီဗာပူး တိုက္စစ္မွဴး မိုဟာမက္ ဆာလက္ဟာ ဂိုးေရွ႕မွာ ကစားပံုေရာ စိတ္ဓာတ္ပိုင္းပါ အဂၤလန္ကို ေရာက္စကနဲ႕ မတူေတာ့ဘဲ ေျပာင္းလဲ လာခဲ့ပံုအေၾကာင္းကို နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း အို၀င္က သံုးသပ္ ေျပာဆိုသြားပါတယ္။ အို၀င္က ဆာလက္ကို ေ၀ဖန္ရွံဳ႕ခ်ခဲ့ျခင္းေတာ့ မဟုတ္ဘဲ ေျပာင္းလဲလာရျခင္းကိုသာ ေထာက္ျပခဲ့တာ ျဖစ္ပါတယ္။

ဆာလက္ဟာ ဒီရာသီ ဂိုးေရွ႕မွာ ေလာဘတၾကီး ျဖစ္လာတယ္လို႔ ေ၀ဖန္မႈေတြ ခံေနရသူပါ။ လီဗာပူးမွာ ဆာလက္နဲ႕ အျပိဳင္ အသင္းေဖာ္ တိုက္စစ္မွဴး မာေနးကလည္း ဒီရာသီ ေျခစြမ္းတက္ျပီး ဂိုးေတြ ပိုသြင္းလာတာက ဆာလက္အတြက္ ဂိုးပိုရေစခ်င္စရာလည္း ျဖစ္ေနပါတယ္။

ဂ်န္႔နဲ႕ ပြဲမွာ အီဂ်စ္သားဟာ ဂိုးရလိုစိတ္ မ်ားမ်ားနဲ႕ ၾကိဳးပမ္းခဲ့ေသာ္လည္း သြင္းဂိုးေတာ့ မရရွိခဲ့ဘဲ ပြဲျပီးခဲ့ပါတယ္။ ဆာလက္က ဒီရာသီ ပရီးမီးယားလိဂ္ ၁၀ ပြဲ ကစားျပီးခ်ိန္မွာ ၅ ဂိုးသာ သြင္းရေသးတာ ျဖစ္လို႔ ျပီးခဲ့တဲ့ နွစ္ရာသီဆက္ ေရႊဖိနပ္ဆု ရခဲ့တဲ့ တိုက္စစ္မွဴး အတြက္ လံုေလာက္မႈ မရွိေသးဘဲ ျဖစ္ေနတာပါ။

” ဆာလက္ ကစားတဲ့ပြဲေတြ နွစ္ရွည္ ၾကည့္လာသူအတြက္ေတာ့ ဒီနွစ္ေတြ အတြင္း သူ ဘာေတြ ေျပာင္းလဲလာလဲဆိုတာ ျမင္သာေစပါတယ္။ လြန္ခဲ့တဲ့ ငါးနွစ္က သူ ကစားတာကို ၾကည့္ရင္ သူက ျပိဳင္ဘက္ ကစားသမားေတြကို ခ်ဲထုတ္မယ္ ေဘာလံုး လိမ္ေခါက္မယ္ စသျဖင့္ေပါ့။ ဒီညမွာ သူ ဂိုးဖန္တီးေထာက္ပံ့မႈ တစ္ၾကိမ္ ရခဲ့ပါတယ္။ ဒါေပမယ့္ ဒီတေလာမွာ သူ႔ကို ၾကည့္ရတာ ဂိုးေတြ ရဖို႔ အရမ္းအရမ္း ဆာေလာင္တဲ့ ကစားသမား ျဖစ္လာေနတယ္။ သူက ဂိုးေလာဘၾကီးလာျပီေပါ့။ ”

” ဒါက ဒီနွစ္ပိုင္းမွ သူေျပာင္းလဲလာတဲ့ ဟန္ပါ။ ဒီလို အရင္က သူ ဂိုးေလာဘ မၾကီးခဲ့ပါဘူး။ ဒါေပမယ့္ အခုက အရသာကို သိသြားျပီေလ။ ေရႊဖိနပ္ဆုေတြ ရခဲ့ဖူးျပီ။ အခု အဓိက ကစားသမားလည္း ျဖစ္လာတယ္။ ဒါေၾကာင့္ အခ်ိန္တိုင္း သူ႔အေနနဲ႕ ဂိုး သြင္းဖို႔ ဖိအားၾကီး ရွိေနျပီ။ ”

” သူ ကစားတာကို ၾကည့္ျပီး က်ေနာ္ ျမင္မိတာကို ေျပာတာပါ။ သူက လံုး၀ တစ္ေျဖာင့္တည္း ဆံုးျဖတ္ထားသလို ဂိုးေရွ႕မွာ ဘယ္သူ႔ကိုမွ ေဘာလံုး မေပးသေလာက္နီးပါး ျဖစ္သြားတယ္။ ” လို႔ အို၀င္က ေထာက္ျပခဲ့ပါတယ္။

” ဒီလို ျဖစ္တာ မွားေတာ့ မမွားပါဘူး။ ဒါ က်ေနာ္ သူ႔ကို ေ၀ဖန္ေနတာလည္း မဟုတ္ဘူး။ ဒီတေလာနွစ္ေတြမွာ သူ ဂိုးေတြ ရခ်င္ေဇာ ဘာေၾကာင့္ ၾကီးလာ ေျပာင္းလဲလာလဲ က်ေနာ္ ရွင္းျပတာပါ။ လြန္ခဲ့တဲ့ ငါးနွစ္က သူ ဒီလို လံုး၀ မဟုတ္ခဲ့ပါဘူး။ အခု ဂိုးေတြ ပို လိုခ်င္လာသလို ရလည္း ရလာတဲ့ ကစားသမား ျဖစ္တယ္။” လို႔ အို၀င္က ဆိုခဲ့ပါတယ္။