အက်သလက် တိုက်စစ်သမား ဂရစ်စမန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်တွေအနေနဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ လောက်နဲ့ ခေါ်ယူဖို့ အခွင့်အရေး ရှိလာပါမယ်။ အခြားသော ထိပ်တန်းကလပ်တွေလိုပဲ မန်ယူဟာ ကမ္ဘာဖလား ချန်ပီယံကို ခေါ်ယူဖို့ ရေပန်းအစားဆုံးဖြစ်တယ်။

မန်ယူဟာ လာမယ့်ရာသီမှာ ဆုဖလားတွေကို ပြန်လည်စိန်ခေါ်ဖို့ လူခေါ်မှုကြီးတွေကို လုပ်မှာပါ။ စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြမှုအရ ဂရစ်စမန်းကို လာမယ့် နွေအပြောင်းအရွှေ့မှာ ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ အောက်ထိ ကျဆင်းသွားနိုင်တယ်လို့ ဆိုပါတယ်။ ပြင်သစ်သား တိုက်စစ်သမားဟာ စပိန်ကလပ်နဲ့ ၂၀၂၃ ခုနှစ်ထိ စာချုပ်သစ် ချုပ်ဆိုထားတာပါ။

ယခင် စာချုပ်မှာတော့ စာချုပ်ဖျက်သိမ်းကြေား မြင်မားစွာ ပေးချေရမယ့် သဘောတူညီမှုကို ထည့်သွင်းထားခဲ့တယ်လို့ သတင်းရှိထားခဲ့တယ်။ လက်ရှိ စာချုပ်သစ်မှာ ဂရစ်စမန်းဟာ အဆိုပါ သဘောတူညီမှုအား သူ့သဘောဆန္ဒအတိုင်း ပေါင် ၁၀၃ သန်းထိကို လျော့ချခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် နွေမှာ ခေါ်ယူမယ်ဆိုရင် မူလသိထားရသလို ကမ္ဘာစံချိန်တင် ပြောင်းရွှေ့ကြေးတွေ မဟုတ်ပဲ သန်း ၁၀၀ လောက်နဲ့ ခေါ်ယူနိုင်မှာပါ။

မန်ယူဟာ ကမ္ဘာပေါ်မှာ ဝင်ငွေအကောင်းဆုံး အချမ်းသာဆုံး အသင်းတစ်သင်းဖြစ်လို့ ဂရစ်စမန်းအတွက် ပေးရမယ့် ပြောင်းရွှေ့ကြေးကို ပေးချေနိုင်ပါမယ်။ နောက်ထပ် တိုက်စစ်သမားတွေဖြစ်တဲ့ ဆန်ချို၊ ကူတင်ညိုတို့ကလည်း မန်ယူနဲ့ သတင်းထွက်ထားပါတယ်။

မန်ယူဟာ အဓိကအားဖြင့် ခံစစ်တွေမှာလည်း အားဖြည့်လိုပြီး ထိပ်တန်း ကစားသမားကောင်းတွေကို ချိတ်ဆက်မှုတွေ ရှိနေပါတယ်။ နာပိုလီ ခံစစ်မှူး ကူလီဘာလီဟာ မန်ယူနဲ့ သတင်းအထွက်ဆုံး ခံစစ်မှူးဖြစ်တယ်။ စပါးမှ အန်ဒါဝီရယ်နဲ့ အင်္ဂလန်ခံစစ်မှူး မက်ဂွဲရားတို့ကလည်း မန်ယူ ခေါ်ယူနိုင်တဲ့ ခံစစ်သမားတွေဖြစ်ပါတယ်။