ဒဏ်ရာကနေ ပြန်သက်သာလာပြီးနောက် လီဗာပူးအသင်းမှာ မီးတောက်နေတဲ့ ခြေစွမ်းတွေ ပြနေတဲ့ ချိန်ဘာလိန်ဟာ မကြာခင်မှာ အင်္ဂလန်လက်ရွေးစင်မှာ နေရာပြန်ရလာမယ်လို့ ယုံကြည်ရပြီး နွေမှာ ယှဉ်ပြိုင်မယ့် ယူရို ၂၀၂၀ ပြိုင်ပွဲအတွက်ပါ ထင်ကြေး ပေးခံလာရပြီဖြစ်တယ်။

လီဗာပူးနဲ့ အင်္ဂလန်ရဲ့ နာမည်အထွက်ဆုံး ကစားသမားဖြစ်လာတဲ့ ချိန်ဘာလိန်ကို စာချုပ်ချုပ်ဖို့ရာအတွက် ကမ္ဘာကျော် အားကစားကုမ္ပဏီ adidas က စတင်ကာ ကြိုးစားလာပြီဖြစ်ပါတယ်။ ချိန်ဘာလိန်ဟာ လက်ရှိမှာ adidas ရဲ့ အပြိုင် အဖွဲ့ကြီးဖြစ်တဲ့ Nike နဲ့ စာချုပ်ရှိထားပေမယ့် ပိုမိုအကျိုးများမယ့် စာချုပ်ကို adidas ဘက်က ပေးဖို့ ပြင်ဆင်နေပြီး သဘောတူညီမှုရဖို့ မျှော်လင့်ခံနေရတယ်လို့ သိရတယ်။

နောက်ဆုံး သုံးပွဲမှာ သွင်းဂိုး ၄ ဂိုးထိ ရယူလာတဲ့ ချိန်ဘာလိန်ဟာ သူဒဏ်ရာမရခဲ့က ယာဂင်ကလော့ပ် ပေးခဲ့တဲ့ ယုံကြည်မှုကို ပြန်ရယူလာခဲ့သလို ခြေစွမ်ပိုင်းကလည်း အတော်လေးကို တောက်ပလာနေတာပါ။ အင်္ဂလန်လက်ရွေးစင်အတွက် မန်နေဂျာဆောက်ဂိတ်ကလည်း ချိန်ဘာလိန်ကို နေရာပြန်ပေးဖွယ်ရှိပြီး ဒီလထဲ ယှဉ်ပြိုင်ကစားဖို့ ရှိနေတဲ့ နိုင်ငံတကာသီတင်းပတ်မှာ စတင်ကာ ရွေးချယ်မလား စောင့်ကြည့်ရမှာဖြစ်တယ်။

အင်္ဂလန်အတွက် ခြေစစ်ပွဲအဆင့်တွေမှာ အမြဲတမ်း ပါဝင်ခဲ့တဲ့ ချိန်ဘာလိန်ဟာ ပွဲကြီးမှာတော့ ကံကောင်းသူမဟုတ်ပဲ ၂၀၁၆ ယူရိုပြိုင်ပွဲနဲ့ ၂၀၁၈ ကမ္ဘာဖလားပြိုင်ပွဲတွေမှာ ဒဏ်ရာကြောင့် အင်္ဂလန်လူစာရင်းကနေ နုတ်ထွက်ခဲ့ရသူပါ။ အကောင်းဆုံး အချိန်တွေတိုင်း ဒဏ်ရာရခဲ့ခြင်းက သူရဲ့ တိုးတက်မှုကို ထိခိုက်စေခဲ့ပေမယ့် ဒီတစ်ကြိမ်မှာ ပြန်ကောင်းလာခဲ့ပြီး ယူရို ၂၀၂၀ အတွက် အဆင့်သင့်ဖြစ်နေမလား စောင့်ကြည့်ရမှာဖြစ်တယ်။

ချိန်ဘာလိန်က ” လေ့ကျင့်ရေးတွေ ပြောင်းလဲသွားပါပြီ။ ဒဏ်ရာကနေ ပြန်လာနိုင်ပြီး အခုချိန်မှာ လေ့ကျင့်မှုတွေ လုပ်နေတယ်။ ပွဲကြိုတွေ မတိုင်ခင်မှာ လေ့ကျင့်ရေးရုံကိုသွားပြီး ဒူးဒဏ်ရာအတွက် ကုသမှုတွေ ဆက်လုပ်နေဆဲပါ။ အချိန်နဲ့အမျှ ပိုကောင်းလာနေပြီလို့ ခံစားရတယ်။ ဒါပေမယ့် သွေးပူလေ့ကျင့်ခန်းတွေနဲ့ အမြဲသေချာအောင် လုပ်ဆောင်ပါတယ်။ ကာလရှည် ဒဏ်ရာပြဿနာတွေက အတူတူပါပဲ။ ဒီအပေါ် အသားကျလာဖို့ လိုပါတယ် ” လို့ ပြောဆိုထားပါသေးတယ်။

ZAWGYI

ဒဏ္ရာကေန ျပန္သက္သာလာျပီးေနာက္ လီဗာပူးအသင္းမွာ မီးေတာက္ေနတဲ့ ေျခစြမ္းေတြ ျပေနတဲ့ ခ်ိန္ဘာလိန္ဟာ မၾကာခင္မွာ အဂၤလန္လက္ေရြးစင္မွာ ေနရာျပန္ရလာမယ္လို႔ ယံုၾကည္ရျပီး ေႏြမွာ ယွဥ္ျပိဳင္မယ့္ ယူရို ၂၀၂၀ ျပိဳင္ပြဲအတြက္ပါ ထင္ေၾကး ေပးခံလာရျပီျဖစ္တယ္။

လီဗာပူးနဲ႔ အဂၤလန္ရဲ႕ နာမည္အထြက္ဆံုး ကစားသမားျဖစ္လာတဲ့ ခ်ိန္ဘာလိန္ကို စာခ်ဳပ္ခ်ဳပ္ဖို႔ရာအတြက္ ကမၻာေက်ာ္ အားကစားကုမၸဏီ adidas က စတင္ကာ ၾကိဳးစားလာျပီျဖစ္ပါတယ္။ ခ်ိန္ဘာလိန္ဟာ လက္ရွိမွာ adidas ရဲ႕ အျပိဳင္ အဖြဲ႔ၾကီးျဖစ္တ့ဲ Nike နဲ႔ စာခ်ဳပ္ရွိထားေပမယ့္ ပိုမိုအက်ိဳးမ်ားမယ့္ စာခ်ဳပ္ကို adidas ဘက္က ေပးဖို႔ ျပင္ဆင္ေနျပီး သေဘာတူညီမႈရဖို႔ ေမွ်ာ္လင့္ခံေနရတယ္လို႔ သိရတယ္။

ေနာက္ဆံုး သံုးပြဲမွာ သြင္းဂိုး ၄ ဂိုးထိ ရယူလာတဲ့ ခ်ိန္ဘာလိန္ဟာ သူဒဏ္ရာမရခဲ့က ယာဂင္ကေလာ့ပ္ ေပးခဲ့တဲ့ ယံုၾကည္မႈကို ျပန္ရယူလာခဲ့သလို ေျခစြမ္ပိုင္းကလည္း အေတာ္ေလးကို ေတာက္ပလာေနတာပါ။ အဂၤလန္လက္ေရြးစင္အတြက္ မန္ေနဂ်ာေဆာက္ဂိတ္ကလည္း ခ်ိန္ဘာလိန္ကို ေနရာျပန္ေပးဖြယ္ရွိျပီး ဒီလထဲ ယွဥ္ျပိဳင္ကစားဖို႔ ရွိေနတဲ့ ႏုိင္ငံတကာသီတင္းပတ္မွာ စတင္ကာ ေရြးခ်ယ္မလား ေစာင့္ၾကည့္ရမွာျဖစ္တယ္။

အဂၤလန္အတြက္ ေျခစစ္ပြဲအဆင့္ေတြမွာ အျမဲတမ္း ပါဝင္ခဲ့တဲ့ ခ်ိန္ဘာလိန္ဟာ ပြဲၾကီးမွာေတာ့ ကံေကာင္းသူမဟုတ္ပဲ ၂၀၁၆ ယူရိုျပိဳင္ပြဲနဲ႔ ၂၀၁၈ ကမၻာဖလားျပိဳင္ပြဲေတြမွာ ဒဏ္ရာေၾကာင့္ အဂၤလန္လူစာရင္းကေန ႏုတ္ထြက္ခဲ့ရသူပါ။ အေကာင္းဆံုး အခ်ိန္ေတြတိုင္း ဒဏ္ရာရခဲ့ျခင္းက သူရဲ႕ တိုးတက္မႈကို ထိခိုက္ေစခဲ့ေပမယ့္ ဒီတစ္ၾကိမ္မွာ ျပန္ေကာင္းလာခဲ့ျပီး ယူရို ၂၀၂၀ အတြက္ အဆင့္သင့္ျဖစ္ေနမလား ေစာင့္ၾကည့္ရမွာျဖစ္တယ္။

ခ်ိန္ဘာလိန္က ” ေလ့က်င့္ေရးေတြ ေျပာင္းလဲသြားပါျပီ။ ဒဏ္ရာကေန ျပန္လာႏုိင္ျပီး အခုခ်ိန္မွာ ေလ့က်င့္မႈေတြ လုပ္ေနတယ္။ ပြဲၾကိဳေတြ မတိုင္ခင္မွာ ေလ့က်င့္ေရးရံုကိုသြားျပီး ဒူးဒဏ္ရာအတြက္ ကုသမႈေတြ ဆက္လုပ္ေနဆဲပါ။ အခ်ိန္နဲ႔အမွ် ပိုေကာင္းလာေနျပီလုိ႔ ခံစားရတယ္။ ဒါေပမယ့္ ေသြးပူေလ့က်င့္ခန္းေတြနဲ႔ အျမဲေသခ်ာေအာင္ လုပ္ေဆာင္ပါတယ္။ ကာလရွည္ ဒဏ္ရာျပႆနာေတြက အတူတူပါပဲ။ ဒီအေပၚ အသားက်လာဖို႔ လိုပါတယ္ ” လို႔ ေျပာဆိုထားပါေသးတယ္။