ယူနိုက်တက်ဟာ အပြောင်းအရွှေ့ဈေးကွက်တွေအတွင်း လူသစ်ခေါ်ယူဖို့ ပြုစုနေတဲ့ ကစားသမားများစာရင်းမှာတော့ အကယ်ဒမီ ကစားသမားဟောင်းဖြစ်ပြီး လက်ရှိ ဘန်လေအသင်းမှာ ကစားနေတဲ့ အသက် ၁၉ နှစ်အရွယ် Dwight McNeil ပါဝင်လာတယ်လို့ သိရပါတယ်။

Dwight McNeil ဟာ လွန်ခဲ့တဲ့ ၅ နှစ်က မန်ချက်စတာကနေ ထွက်ခွာသွားတာဖြလလလလစ်ပြီး မနှစ်ကရာသီကစလို မန်နေဂျာဒိုင်ချီရဲ့ အသင်းမှာ နေရာစရလာသူဖြစ်ပါတယ်။ တောင်ပံသမားအဖြစ် ယူနိုက်တက်အကယ်ဒမီက ပျိုးထောင်ခဲ့ပေမယ့် အသက် ၁၄ နှစ်အရွယ်မှာ ထွက်ခွာသွားတဲ့ ကစားသမားကို ခေါ်ယူလိုတယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းလောက် အသုံးပြုရနိုင်တယ်လို့ သိထားရတယ်။

သူဟာ ဖန်တီးမှုကောင်းသလို လှုပ်အားနှုန်းကောင်းတဲ့ ကစားသမားဖြစ်ပြီး ဒါဟာ မန်နေဂျာဆိုးရှား လက်ရှိ ကျင့်သုံးနေတဲ့ နည်းစနစ်မှာ အံဝင်မယ်လို့ ယူဆခံရတယ်။ ဘန်လေက ချယ်ဆီးကို ၄-၂ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ယူနိုက်တက်ကင်းထောက်တွေက ဘန်လေကွင်းထံ သွားရောက်ပြီး ကစားသမားလေးရဲ့ ခြေစွမ်းကို စောင့်ကြည့်မှုတွေလည်း လုပ်ခဲ့ပါသေးတယ်။

ဇန်နဝါရီမှာ အသင်းလူစာရင်းအတွက် ဖန်တီးမှုပိုင်းကို ပိုမိုထည့်သွင်းလိုတဲ့ မန်နေဂျာဆိုးရှားဟာ အကယ်ဒမီ ကစားသမားဟောင်းကို ကမ်းလှမ်းမယ်ဆိုရင် ခေါ်ယူခွင့်အတွက် အရေးသာမယ်လို့ ယူဆထားတယ်။ ကစားသမား ကိုယ်တိုင်ကလည်း အိုထရတ်ဖိုဒ့်မှာ ပွဲထွက် ကစားခွင့်ကို မျှော်လင့်နေတဲ့ အနေအထားမှာ ရှိနေပါတယ်။

McNeil က ‘ ကျနော်က အသက် ၁၄ နှစ်အရွယ်မှာ မန်ချက်စတာကနေ ထွက်ခွာလာခဲ့တယ်။ ကျနော် ထွက်ခွာလာရတဲ့ အကြောင်းရင်းတစ်ချက် ရယ်စရာကောင်းပြီး တည်ကန်ဘောမှာ အကောင်းဆုံး အရည်အချင်း မရှိတာကြောင့် ဖြစ်ပါတယ်။ အဲ့သည် အချိန်တွေကို ကျနေ်ာ စိတ်ပျက်မိပြီး ကောင်းကောင်းကြီး ဆက်လက် လေ့လာ သင်ယူနေခဲ့ပါတယ်။

ဘန်လေကို ၆ ပတ် လေ့ကျင့်ဖို့ ရောက်လာခဲ့ပြီး လက်မှတ်ထိုးမှု လုပ်နိုင်ခဲ့တယ်။ ဘာတွေပဲ ဖြစ်နေပါစေ ကျနေ်ာက ယူနိုက်တက်အသင်း ပရိသတ်တစ်ဦးပဲဖြစ်ကာ အမြဲတမ်းလည်း ယူနိုက်တက်ပရိသတ် ဖြစ်နေပါမယ်။ ’ လို့ ပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္ဟာ အေျပာင္းအေရႊ႔ေစ်းကြက္ေတြအတြင္း လူသစ္ေခၚယူဖို႔ ျပဳစုေနတဲ့ ကစားသမားမ်ားစာရင္းမွာေတာ့ အကယ္ဒမီ ကစားသမားေဟာင္းျဖစ္ျပီး လက္ရွိ ဘန္ေလအသင္းမွာ ကစားေနတဲ့ အသက္ ၁၉ ႏွစ္အရြယ္ Dwight McNeil ပါဝင္လာတယ္လို႔ သိရပါတယ္။

Dwight McNeil ဟာ လြန္ခဲ့တဲ့ ၅ ႏွစ္က မန္ခ်က္စတာကေန ထြက္ခြာသြားတာျဖစ္ျပီး မႏွစ္ကရာသီကစလို မန္ေနဂ်ာဒိုင္ခ်ီရဲ႕ အသင္းမွာ ေနရာစရလာသူျဖစ္ပါတယ္။ ေတာင္ပံသမားအျဖစ္ ယူႏုိက္တက္အကယ္ဒမီက ပ်ိဳးေထာင္ခဲ့ေပမယ့္ အသက္ ၁၄ ႏွစ္အရြယ္မွာ ထြက္ခြာသြားတဲ့ ကစားသမားကို ေခၚယူလိုတယ္ဆိုရင္ ေျပာင္းေရႊ႔ေၾကး ေပါင္ ၃၅ သန္းေလာက္ အသံုးျပဳရႏုိင္တယ္လို႔ သိထားရတယ္။

သူဟာ ဖန္တီးမႈေကာင္းသလို လႈပ္အားႏႈန္းေကာင္းတဲ့ ကစားသမားျဖစ္ျပီး ဒါဟာ မန္ေနဂ်ာဆိုးရွား လက္ရွိ က်င့္သံုးေနတဲ့ နည္းစနစ္မွာ အံဝင္မယ္လို႔ ယူဆခံရတယ္။ ဘန္ေလက ခ်ယ္ဆီးကို ၄-၂ နဲ႔ အေရးနိမ့္ခဲ့တဲ့ပြဲမွာ ယူႏုိက္တက္ကင္းေထာက္ေတြက ဘန္ေလကြင္းထံ သြားေရာက္ျပီး ကစားသမားေလးရဲ႕ ေျခစြမ္းကို ေစာင့္ၾကည့္မႈေတြလည္း လုပ္ခဲ့ပါေသးတယ္။

ဇန္နဝါရီမွာ အသင္းလူစာရင္းအတြက္ ဖန္တီးမႈပိုင္းကို ပိုမိုထည့္သြင္းလိုတဲ့ မန္ေနဂ်ာဆိုးရွားဟာ အကယ္ဒမီ ကစားသမားေဟာင္းကို ကမ္းလွမ္းမယ္ဆိုရင္ ေခၚယူခြင့္အတြက္ အေရးသာမယ္လို႔ ယူဆထားတယ္။ ကစားသမား ကိုယ္တိုင္ကလည္း အိုထရတ္ဖိုဒ့္မွာ ပြဲထြက္ ကစားခြင့္ကို ေမွ်ာ္လင့္ေနတဲ့ အေနအထားမွာ ရွိေနပါတယ္။

McNeil က ‘ က်ေနာ္က အသက္ ၁၄ ႏွစ္အရြယ္မွာ မန္ခ်က္စတာကေန ထြက္ခြာလာခဲ့တယ္။ က်ေနာ္ ထြက္ခြာလာရတဲ့ အေၾကာင္းရင္းတစ္ခ်က္ ရယ္စရာေကာင္းျပီး တည္ကန္ေဘာမွာ အေကာင္းဆံုး အရည္အခ်င္း မရွိတာေၾကာင့္ ျဖစ္ပါတယ္။ အဲ့သည္ အခ်ိန္ေတြကို က်ေန္ာ စိတ္ပ်က္မိျပီး ေကာင္းေကာင္းၾကီး ဆက္လက္ ေလ့လာ သင္ယူေနခဲ့ပါတယ္။

ဘန္ေလကို ၆ ပတ္ ေလ့က်င့္ဖို႔ ေရာက္လာခဲ့ျပီး လက္မွတ္ထိုးမႈ လုပ္ႏုိင္ခဲ့တယ္။ ဘာေတြပဲ ျဖစ္ေနပါေစ က်ေန္ာက ယူႏုိက္တက္အသင္း ပရိသတ္တစ္ဦးပဲျဖစ္ကာ အျမဲတမ္းလည္း ယူႏုိက္တက္ပရိသတ္ ျဖစ္ေနပါမယ္။ ’ လို႔ ေျပာဆိုထားခဲ့တာ ျဖစ္ပါတယ္။