ဆိုးရှားဟာ မန်ယူ အမြဲတမ်းမန်နေဂျာဖြစ်လာဖို့ ရေပန်းစားမှုမှာ ပြိုင်ဘက်မရှိ အနေအထားဖြစ်နေပြီး အချိန်တစ်ခုကိုပဲ စောင့်နေရတဲ့ အနေအထားလို့တော့ သိထားရတယ်။ ဆိုးရှားဟာ ကလပ်အသင်း အဝတ်လဲခန်းနဲ့ ဘုတ်အဖွဲ့တွေကနေ ကောင်းမွန်တဲ့ ထောက်ပံ့မှုတွေကို ရရှိထားပြီး ဒီကာလတွေအတွင်း အသင်းကို ပိုင်ဆိုင်သူတစ်ဦးဖြစ်တဲ့ အေဗရမ် ဂလေဇာနဲ့ အကြိမ်အနည်းငယ် တွေ့ဆုံထားပါတယ်။

ဆိုးရှားဟာ ကလပ်ရဲ့ စီနီယာကစားသမား အချို့ကို ရှင်းထုတ်ဖို့ စကားပြောဆိုထားပြီး ရာသီကုန် စာချုပ်ကုန်မယ့် ဗလန်စီယာနဲ့ မကြာခဏ ဒဏ်ရာပြဿနာတွေ ရင်ဆိုင်နေရတဲ့ ရိုဂျို ပါဝင်မှာဖြစ်တယ်။ တတိယတစ်ဦးကတော့ ကလပ်အသင်းမှာက စံချိန်တင်လုပ်ခ ပေးချေနေရတဲ့ တိုက်စစ်မှူး ဆန်းချက်ပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဒေါက်ဂလပ် ကော်စတာကို ဂျူဗင်တပ်ကနေ ခေါ်ယူဖို့ ပီအက်စက်ဂျီနဲ့ အပြိုင် ကြိုးစားဖို့ ရှိနေပါတယ်။ ဘရာဇီးသား တောင်ပံတိုက်စစ်သမားဟာ ဒီရာသီ ရုန်းကန်နေရာပြီး ၄င်းအတွက် ပေါင် သန်း ၃၀ ၀န်းကျင်နဲ့ ၀ယ်ယူနိုင်မှာပါ။

မန်နေဂျာ ဇီဒန်းကိုင်တွယ်နေတဲ့ ရီးရဲလ်မက်ဒရစ်မှာ ကစားရဖို့ဆိုတာက ဘောလုံးသမားတိုင်းရဲ့ အိပ်မက်ပဲဖြစ်ပါလိမ့်မယ်လို့ လက်ရွေးစင်နဲ့ ပူးပေါင်းဖို့ ပြင်သစ်အသင်းမှာ ရောက်နေတဲ့ မန်ယူ ကွင်းလယ်လူ ပေါ့ဘာက ပြောဆိုလာပါတယ်။

မန်ယူ တိုက်စစ်မှူး လူကာကူဟာ ခြေထောက် ဒဏ်ရာ ရှိနေတာကြောင့် ရုရှားနဲ့ ပွဲစဉ်မှာ ဘယ်လ်ဂျီယံအသင်းအတွက် ပါဝင်ကစားပေးနိုင်မှာ မဟုတ်ကြောင်း ဘယ်လ်ဂျီယံအသင်းနည်းပြ မာတီနက်ဇ်က အတည်ပြုသွားပါတယ်။ လူကာကူဟာ မန်ယူနဲ့ ၀ုဗ်ပွဲစဉ်မှာတည်းက ဒဏ်ရာကြောင့် လွဲချော်ခဲ့တာဖြစ်ပြီး တနင်္ဂနွေနေ့ ဆိုက်ပရက်စ်နဲ့ ပွဲအတွက်တော့ မာတီနက်ဇ်က လူကာကူ ပါဝင်နိုင်မလား မပြောကြားသေးပါဘူး။

ဘာစီလိုနာအသင်းဟာ နောက်လထဲ နူးကမ့်ကို လာကစားမယ့် မန်ယူနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်အတွက် အဝေးကွင်း လက်မှတ်ဈေးနှုန်းများကို ဈေးတင်ထားလို့ ကလပ်အသင်း နှစ်သင်းကြား တင်းမာမှုတွေ ဖြစ်နေပါတယ်။ လာလီဂါကလပ်ရဲ့ အဝေးကွင်းလက်မှတ်ဈေးနှုန်းကို ၁၀၂ ပေါင် လို့ သတ်မှတ်ထားပြီး ဒါဟာ မန်ယူသမိုင်းနဲ့ချီပြီး ဥရောပပွဲစဉ်တွေမှာ ဈေးအကြီးဆုံး လက်မှတ် ဖြစ်နေတာပါ။

မန်ချက်စတာယူနိုက်တက်ဟာ ဘာစီလိုနာ အိုးထရက်ဖို့ဒ်ကို လာကန်တဲ့ပွဲအတွက် အဝေးကွင်းလက်မှတ်ကို ဘာစီလိုနာ သတ်မှတ်တဲ့ အဝေးကွင်းလက်မှတ်ဈေးနှုန်းနဲ့ အတူ သတ်မှတ်သွားမယ်လို့ အတည်ပြုထားပါတယ်။ ဈေးပိုတင်ထားတဲ့ ပမာဏကို အဝေးကွင်းလိုက်ပါ အားပေးမယ့် ပရိသတ်တွေထံ ငွေပြန်အမ်းပေးဖို့ပါ မန်ယူက စီစဉ်ထားတာပါ။

မန်ယူနည်းပြဟောင်း ဂျို့စ် မော်ရင်ညိုက လာမယ့်နွေမှာ ဘောလုံးနည်းပြဘ၀ထဲ ပြန်လည် ၀င်ရောက်မှာ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ ဘယ်လို ရွေးချယ်မှု ပြုလုပ်ဖြစ်မယ် မသိသေးပေမယ့် လက်ရှိ အချိန်ထိ သူ ပယ်ချထားတဲ့ ကမ်းလှမ်းမှု ၃-၄ ခု ရှိပြီလို့ မော်ရင်ညိုက ဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် တိုက်စစ်သမား ဆန်းချက်ကို အခြားသော ကလပ်အသင်းတွေကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ရှိနေပေမယ့် ချီလီသားကြီးကတော့ မန်ယူမှာပဲ ဆက်နေဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ အသင်းဝက်ဘ်ဆိုဒ်မှာ ပြောကြားထားပါတယ်။

မန်ယူ ဒါမှမဟုတ် အာဆင်နယ်ဟာ ရိုးမားမှ ဂရိခံစစ်မှူး ကော့စ်တက် မန်နိုလက်စ်ကို လာမယ့်နွေမှာ ခေါ်ယူနိုင်ဖွယ် ရှိနေပါတယ်။ တကယ်လို့ ရိုးမားသာ ရာသီကုန် ချန်ပီယံလိဂ် ၀င်ခွင့် လွဲချော်ပါက မန်နိုလက်စ် အတွက် စာချုပ်ပါ ဖျက်သိမ်းကြေးထက် ဈေးလျှော့ရနိုင်ပါတယ်။

မန်ယူ ကစားသမားဟောင်း ဇာလက်တန် အေဗရာ မိုဗစ်ကို မန်စီးတီးက ခေါ်ယူဖို့ ကမ်းလှမ်းဖူးပြီး ထိုစဉ်က မိုဗစ်ဟာ အီတလီသို့ ပြန်ပြီး ပျော်ပျော်ရွှင်ရွှင် ကစားလိုစိတ် ပြင်းပြနေတာကြောင့် ငြင်းပယ်ဖြစ်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။