ချယ်ဆီးအသင်းဟာ ကစားသမား ရှင်းထုတ်မှုတွေကို ဇန်နဝါရီမှာ လုပ်ဆောင်မှုတွေ ရှိမှာဖြစ်ပြီး ကလပ်အသင်းမှ ဝါရင့်ကစားသမားတွေဖြစ်ကာ ကမ္ဘာဖလား ချန်ပီယံဟောင်းတွေလည်းဖြစ်တဲ့ ဂျရူးနဲ့ ပက်ဒရိုကို ရောင်းထုတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရတယ်။

ကစားသမား နှစ်ဦးလုံးဟာ ချယ်ဆီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးကြတော့မှာဖြစ်ပြီး နောက်ဆုံးနှစ်ကို ရောက်လာခဲ့ပြီဖြစ်တယ်။ သက်တမ်းတိုးမှုတွေ လုပ်ဆောင်မှာ မဟုတ်ပဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် မပြုရခင်မှာပဲ အပြီးသတ် ရောင်းချမှုနဲ့ ဇန်နဝါရီမှာ ထွက်ခွာခွင့်ပေးမှာဖြစ်တယ်။ ချယ်ဆီးဟာ အထောင်တိုက်စစ်သမားနဲ့ တောင်ပံသမား အင်အားဖြည့်ဖို့လည်း အပြောင်းအရွှေ့ဆိုင်ရာ အယူခံဝင်မှု အောင်မြင်ဖို့ မျှော်လင့်နေပါတယ်။

ဂျရူးဟာ ၂၀၂၀ ယူရိုပြိုင်ပွဲကို ပါဝင်ခွင့်ရဖို့အတွက် ပုံမှန်ပွဲထွက်ခွင့် လိုအပ်နေတာဖြစ်ပြီး ချယ်ဆီးမှာတော့ နေရာမရနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ မန်နေဂျာဒက်ချမ့်ရဲ့ မျက်နှာသာပေးခြင်းကို ခံရဖို့အတွက် ဇန်နဝါရီမှာ ကလပ်အသင်းသစ် ရှာဖွေရမှာဖြစ်ပြီး ဒီအခြေအနေကို မန်နေဂျာလမ်းပတ်ကလည်း နားလည်ထားတယ်လို့ သိရတယ်။ ပက်ဒရိုကတော့ မိခင်နိုင်ငံဖြစ်တဲ့ စပိန်ကို ပြန်သွားမယ့် အလားအလာလည်း ရှိနေတယ်။

ချယ်ဆီးဘက်က ဝီလီယမ်နဲ့ ကာဘယ်လာရိုတို့ကို ဆက်လက် ထိန်းသိမ်းထားဖို့ ရှိနေပေမယ့် သေချာတဲ့ အနာဂတ် စီစဉ်မှုတွေတော့ မလုပ်ရသေးပါဘူး။ မန်နေဂျာလမ်းပတ်ဟာ ဝီလီယမ်ကို အဓိက ကစားသမားအဖြစ် မြင်ထားတာကြောင့် အနည်းဆုံး တစ်ရာသီလောက် ဆက်ထားလိုနေတယ်။ ကာဘယ်လာရိုကတော့ ဂိုးသမားအဖြစ် ဆက်ရှိနေမလား နည်းပြအဖွဲ့ဝင်ထဲ ဝင်ရောက်မလားဆိုတဲ့ အနေအထားမှာ ရှိနေတယ်လို့ သိရတယ်။

ချယ်ဆီးဟာ ဘယ်အစွန်လူ အလွန်ဆိုရဲ့ အနာဂတ်ကိုလည်း သေချာတဲ့ ဆုံးဖြတ်ချက် မလုပ်ရသေးပေမယ့် ကာလရှည် အနေအထားနဲ့တော့ ဆက်ထားဖွယ် မရှိဘူးလို့ သိရတယ်။ ကစားသမားဟာ ချယ်ဆီးနဲ့ သုံးနှစ်ခွဲထိ စာချုပ် ကျန်ရှိနေသေးတာပါ။ သူ့နေရာမှာ အစားထိုးဖို့ လက်စတာ ဘယ်အစွန်လူ ဘမ်ချီဝဲလ်ကို အတော်လေး မျှော်လင့်နေတာဖြစ်ပြီး စောင့်ကြည့်မှုတွေလည်း ဆက်တိုက် လုပ်ဆောင်ထားပါတယ်။

ZAWGYI

ခ်ယ္ဆီးအသင္းဟာ ကစားသမား ရွင္းထုတ္မႈေတြကို ဇန္နဝါရီမွာ လုပ္ေဆာင္မႈေတြ ရွိမွာျဖစ္ျပီး ကလပ္အသင္းမွ ဝါရင့္ကစားသမားေတြျဖစ္ကာ ကမၻာဖလား ခ်န္ပီယံေဟာင္းေတြလည္းျဖစ္တဲ့ ဂ်ရူးနဲ႔ ပက္ဒရိုကို ေရာင္းထုတ္ဖို႔ ျပင္ဆင္ေနတယ္လို႔ သိရတယ္။

ကစားသမား ႏွစ္ဦးလံုးဟာ ခ်ယ္ဆီးနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆံုးၾကေတာ့မွာျဖစ္ျပီး ေနာက္ဆံုးႏွစ္ကို ေရာက္လာခဲ့ျပီျဖစ္တယ္။ သက္တမ္းတိုးမႈေတြ လုပ္ေဆာင္မွာ မဟုတ္ပဲ အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ ထြက္ခြာခြင့္ မျပဳရခင္မွာပဲ အျပီးသတ္ ေရာင္းခ်မႈနဲ႔ ဇန္နဝါရီမွာ ထြက္ခြာခြင့္ေပးမွာျဖစ္တယ္။ ခ်ယ္ဆီးဟာ အေထာင္တုိက္စစ္သမားနဲ႔ ေတာင္ပံသမား အင္အားျဖည့္ဖို႔လည္း အေျပာင္းအေရႊ႔ဆုိင္ရာ အယူခံဝင္မႈ ေအာင္ျမင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

ဂ်ရူးဟာ ၂၀၂၀ ယူရိုျပိဳင္ပြဲကို ပါဝင္ခြင့္ရဖို႔အတြက္ ပံုမွန္ပြဲထြက္ခြင့္ လိုအပ္ေနတာျဖစ္ျပီး ခ်ယ္ဆီးမွာေတာ့ ေနရာမရႏုိင္တဲ့ အေနအထား ျဖစ္ပါတယ္။ မန္ေနဂ်ာဒက္ခ်မ့္ရဲ႕ မ်က္ႏွာသာေပးျခင္းကို ခံရဖို႔အတြက္ ဇန္နဝါရီမွာ ကလပ္အသင္းသစ္ ရွာေဖြရမွာျဖစ္ျပီး ဒီအေျခအေနကို မန္ေနဂ်ာလမ္းပတ္ကလည္း နားလည္ထားတယ္လို႔ သိရတယ္။ ပက္ဒရိုကေတာ့ မိခင္ႏုိင္ငံျဖစ္တဲ့ စပိန္ကို ျပန္သြားမယ့္ အလားအလာလည္း ရွိေနတယ္။

ခ်ယ္ဆီးဘက္က ဝီလီယမ္နဲ႔ ကာဘယ္လာရိုတို႔ကို ဆက္လက္ ထိန္းသိမ္းထားဖို႔ ရွိေနေပမယ့္ ေသခ်ာတဲ့ အနာဂတ္ စီစဥ္မႈေတြေတာ့ မလုပ္ရေသးပါဘူး။ မန္ေနဂ်ာလမ္းပတ္ဟာ ဝီလီယမ္ကို အဓိက ကစားသမားအျဖစ္ ျမင္ထားတာေၾကာင့္ အနည္းဆံုး တစ္ရာသီေလာက္ ဆက္ထားလိုေနတယ္။ ကာဘယ္လာရိုကေတာ့ ဂိုးသမားအျဖစ္ ဆက္ရွိေနမလား နည္းျပအဖြဲ႔ဝင္ထဲ ဝင္ေရာက္မလားဆိုတဲ့ အေနအထားမွာ ရွိေနတယ္လို႔ သိရတယ္။

ခ်ယ္ဆီးဟာ ဘယ္အစြန္လူ အလြန္ဆိုရဲ႕ အနာဂတ္ကိုလည္း ေသခ်ာတဲ့ ဆံုးျဖတ္ခ်က္ မလုပ္ရေသးေပမယ့္ ကာလရွည္ အေနအထားနဲ႔ေတာ့ ဆက္ထားဖြယ္ မရွိဘူးလို႔ သိရတယ္။ ကစားသမားဟာ ခ်ယ္ဆီးနဲ႔ သံုးႏွစ္ခြဲထိ စာခ်ဳပ္ က်န္ရွိေနေသးတာပါ။ သူ႔ေနရာမွာ အစားထိုးဖို႔ လက္စတာ ဘယ္အစြန္လူ ဘမ္ခ်ီဝဲလ္ကို အေတာ္ေလး ေမွ်ာ္လင့္ေနတာျဖစ္ျပီး ေစာင့္ၾကည့္မႈေတြလည္း ဆက္တိုက္ လုပ္ေဆာင္ထားပါတယ္။