အာဆင်နယ်အသင်းဟာ ဗစ်တိုးရီးယားအသင်းနဲ့ ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ ဒန်နီ ဆီးဘယ်လော့ တံကောက်ကြော ထိခိုက်သွားပုံ ရတာကြောင့် ဒုတိယပိုင်းမှာ စောစောစီးစီး လူစားလဲခဲ့ရပါတယ်။ ထိုပွဲမှာ အာဆင်နယ်က ပွဲပြီးခါနီးမှာ ဦးဆောင်ဂိုး သွင်းခဲ့သော်လည်း နာကျင်အချိန်ပို မိနစ်ပိုင်းမှာ အိမ်ရှင်အသင်းက ချေပဂိုး ပြန်သွင်းခဲ့တာကြောင်း ၁ ဂိုးစီနဲ့ သရေကျခဲ့ပါတယ်။

အာဆင်နယ် ပရိသတ်တွေက ဆီးဘယ်လော့ ကို ကာလရှည် လက်လွှတ်ရမှာ စိုးရိမ်ခဲ့သော်လည်း စပိန်သားရဲ့ ဒဏ်ရာက အသေးစားသာ ဖြစ်တယ်လို့ အမ်မရီက ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

ကြာသပတေးနေ့မှာပဲ ဆီးဘယ်လော့ ဒဏ်ရာအတွက် စစ်ဆေး စမ်းသပ်မှုများ ပြုလုပ်မှာ ဖြစ်ပြီး စနေနေ့ လက်စတာ ပွဲမှာပါဝင်ဖို့ မသေချာသော်လည်း ကာလရှည် မကြာနိုင်ဘူးလို့ ယူဆရပါတယ်။

” မနက်ဖြန် စစ်ဆေးမှုတွေ ပြုလုပ်တာကို စောင့်ကြည့်ရမှာပါ။ ဒါပေမယ့် အစောပိုင်းတည်းက ကျနော်ကြည့်လိုက်တာတော့ ဒါက ဒဏ်ရာ အသေးစားပဲ ဖြစ်မယ်ထင်ပါတယ်။ ” လို့ အမ်မရီက ပွဲအပြီးမှာ ဆိုခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ကနေ အငှားခေါ်ယူထားတဲ့ ကွင်းလယ် ကစားသမား ဆီးဘယ်လော့ဟာ အချိန်တို အတွင်းမှာ ပရိသတ် အကြိုက် ကစားသမား ဖြစ်လာခဲ့ပြီး ဒီရာသီ အာဆင်နယ် အတွက် ပြိုင်ပွဲစုံ ၁၅ ပွဲ ပါဝင်ကစားထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဗစ်တိုးရီးယားနဲ့ ပွဲမှာတော့ သူလည်း အာဆင်နယ် အတွက် ထိရောက်မှု ရှိအောင် မကူညီနိုင်ခဲ့ပါဘူး။

” ကစားသမားတွေက ကြိုးစားခဲ့ကြ အလုပ်လုပ်ခဲ့ကြတယ်။ ကျနော်တို့ နိုင်ပွဲရဖို့ အလွန်နီးစပ်ခဲ့တာပါ။ နောက်ဆုံးမိနစ်မှ သူတို့ အလွန် တွန်းပြီး ကစားခဲ့သလို ဂိုးလည်း သွင်းနိုင်ခဲ့တယ်။ ရည်ရွယ်ချက်က အုပ်စု ပထမ ဖြစ်နေဖို့ပါ။ အခုလည်း ဖြစ်နေပါတယ်။ ဒီပွဲပြီးတဲ့နောက် ကျနော်တို့ စဉ်းစားရမှာက စနေနေ့ လက်စတာနဲ့ ပွဲပဲ ဖြစ်တယ်။” လို့ အမ်မရီက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ စနေနေ့မှာ လက်စတာထံ အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အောက်တိုဘာ ၆ ရက် ဘုန်းမောက်ကို နိုင်တဲ့ ပွဲ နောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ် နိုင်ပွဲ ရဖို့ ရှာရမှာ ဖြစ်ပါတယ်။

Zawgyi

အာဆင္နယ္အသင္းဟာ ဗစ္တိုးရီးယားအသင္းနဲ႕ ညက ယွဥ္ျပိဳင္ ကစားခဲ့တဲ့ ယူရိုပါလိဂ္ ပြဲစဥ္မွာ ဒန္နီ ဆီးဘယ္ေလာ့ တံေကာက္ေၾကာ ထိခိုက္သြားပံု ရတာေၾကာင့္ ဒုတိယပိုင္းမွာ ေစာေစာစီးစီး လူစားလဲခဲ့ရပါတယ္။ ထိုပြဲမွာ အာဆင္နယ္က ပြဲျပီးခါနီးမွာ ဦးေဆာင္ဂိုး သြင္းခဲ့ေသာ္လည္း နာက်င္အခ်ိန္ပို မိနစ္ပိုင္းမွာ အိမ္ရွင္အသင္းက ေခ်ပဂိုး ျပန္သြင္းခဲ့တာေၾကာင္း ၁ ဂိုးစီနဲ႕ သေရက်ခဲ့ပါတယ္။

အာဆင္နယ္ ပရိသတ္ေတြက ဆီးဘယ္ေလာ့ ကို ကာလရွည္ လက္လႊတ္ရမွာ စိုးရိမ္ခဲ့ေသာ္လည္း စပိန္သားရဲ႕ ဒဏ္ရာက အေသးစားသာ ျဖစ္တယ္လို႔ အမ္မရီက ပြဲအျပီးမွာ ေျပာဆိုခဲ့ပါတယ္။

ၾကာသပေတးေန႔မွာပဲ ဆီးဘယ္ေလာ့ ဒဏ္ရာအတြက္ စစ္ေဆး စမ္းသပ္မႈမ်ား ျပဳလုပ္မွာ ျဖစ္ျပီး စေနေန႔ လက္စတာ ပြဲမွာပါ၀င္ဖို႔ မေသခ်ာေသာ္လည္း ကာလရွည္ မၾကာနုိင္ဘူးလို႔ ယူဆရပါတယ္။

” မနက္ျဖန္ စစ္ေဆးမႈေတြ ျပဳလုပ္တာကို ေစာင့္ၾကည့္ရမွာပါ။ ဒါေပမယ့္ အေစာပိုင္းတည္းက က်ေနာ္ၾကည့္လိုက္တာေတာ့ ဒါက ဒဏ္ရာ အေသးစားပဲ ျဖစ္မယ္ထင္ပါတယ္။ ” လို႔ အမ္မရီက ပြဲအျပီးမွာ ဆိုခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ကေန အငွားေခၚယူထားတဲ့ ကြင္းလယ္ ကစားသမား ဆီးဘယ္ေလာ့ဟာ အခ်ိန္တို အတြင္းမွာ ပရိသတ္ အၾကိဳက္ ကစားသမား ျဖစ္လာခဲ့ျပီး ဒီရာသီ အာဆင္နယ္ အတြက္ ျပိဳင္ပြဲစံု ၁၅ ပြဲ ပါ၀င္ကစားထားျပီး ျဖစ္ပါတယ္။ ဒါေပမယ့္ ဗစ္တိုးရီးယားနဲ႕ ပြဲမွာေတာ့ သူလည္း အာဆင္နယ္ အတြက္ ထိေရာက္မႈ ရွိေအာင္ မကူညီနိုင္ခဲ့ပါဘူး။

” ကစားသမားေတြက ၾကိဳးစားခဲ့ၾက အလုပ္လုပ္ခဲ့ၾကတယ္။ က်ေနာ္တို႔ နုိင္ပြဲရဖို႔ အလြန္နီးစပ္ခဲ့တာပါ။ ေနာက္ဆံုးမိနစ္မွ သူတို႔ အလြန္ တြန္းျပီး ကစားခဲ့သလို ဂိုးလည္း သြင္းနုိင္ခဲ့တယ္။ ရည္ရြယ္ခ်က္က အုပ္စု ပထမ ျဖစ္ေနဖို႔ပါ။ အခုလည္း ျဖစ္ေနပါတယ္။ ဒီပြဲျပီးတဲ့ေနာက္ က်ေနာ္တို႔ စဥ္းစားရမွာက စေနေန႔ လက္စတာနဲ႕ ပြဲပဲ ျဖစ္တယ္။” လို႔ အမ္မရီက ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္ဟာ စေနေန႔မွာ လက္စတာထံ အေ၀းကြင္း သြားေရာက္ ယွဥ္ျပိဳင္ရမွာ ျဖစ္ျပီး ေအာက္တိုဘာ ၆ ရက္ ဘုန္းေမာက္ကို နုိင္တဲ့ ပြဲ ေနာက္ပိုင္း ပထမဆံုး ပရီးမီးယားလိဂ္ နုိင္ပြဲ ရဖို႔ ရွာရမွာ ျဖစ္ပါတယ္။