ချယ်ဆီးအသင်းရဲ့ အင်္ဂါနေ့ညက အေဂျက်နဲ့ပွဲမှာ ၁-၄ နဲ့ ရှုံးနိမ့်နေတဲ့ ဒုတိယပိုင်း အစောပိုင်းမှာတင် ချယ်ဆီးပရိသတ် အချိုု့က စောစောစီးစီး အိမ်ပြန်သွားခဲ့ပါတယ်။ ထိုပရိသတ်တွေရဲ့ လုပ်ရပ်အပေါ် ဝေဖန်ရှုံ့ချမှုတွေ ရှိနေပေမယ့် ချယ်ဆီးနည်းပြ လမ်းပတ်ကတော့ ပရိသတ်တွေဘက်က စာနာစကား ပြောကာ ကာကွယ်သွားခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ၃ ဂိုးအကွာ ရှုံးနိမ့်နေရာက ပြန်လာနိုင်ခဲ့ပြီး ပွဲအပြီးမှာ ၄-၄ နဲ့ သရေကျသွားခဲ့ပါတယ်။ ချယ်ဆီး အနိုင်ရလောက်တဲ့ အထိ အခွင့်အရေးတွေ ရခဲ့သော်လည်း တစ်ဂိုးက VAR အဆုံးအဖြတ်မှာ လက်ထိဘောကြောင့် ပယ်ဖျက်ခံခဲ့ရတာ ဖြစ်လို့ သရေနဲ့သာ ကျေနပ်ခဲ့ရတာပါ။

ချယ်ဆီးရဲ့ အံ့အားသင့်ဖွယ် ပြန်ကစားနိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ပွဲကောင်းကို လက်လွှတ်ခဲ့ရတဲ့ ချယ်ဆီးပရိသတ်တွေကို လမ်းပတ်က အပြစ် မတင်ခဲ့ဘဲ ဒီလို စောစောပြန်လေ့ရှိတဲ့သူတွေထဲ သူ့ ဖခင်ဖြစ်သူတောင် ပါကောင်း ပါမယ်လို့ ဆိုခဲ့ပါတယ်။

” စောစောပြန်သွားတဲ့သူတွေထဲ ကျနော့် အဖေတောင် ပါမယ် ထင်တယ်။ သူက များသောအားဖြင့် လမ်းပိတ်မှာစိုးလို့ စောစော ပြန်လေ့ ရှိတယ်။ ပြီးရင် အိမ်ပြန်ရောက်ရင် ပွဲအကြောင်း သူ လွတ်သွားတာတွေ ပြန်ပြောရတယ်။ နားထောင်ပါဦး။ တချို့လူတွေရဲ့ အနေအထားကို ကျနော် သဘောပေါက်တယ်။ အထူးသဖြင့် ညနေဆို တချို့လူတွေက အလုပ်သွားရသေးတယ်လေ။ ”

” ဒါပေမယ့် ကွင်းထဲမှာ ဆက်နေတဲ့သူတွေ ရှိပါတယ်။ အဲ့ဒီပွဲပြီးတော့ တချို့ ပွဲကြည့်နေခဲ့တဲ့ သူငယ်ချင်းတွေ ပရိသတ်တွေနဲ့ ကျနော် စကားပြောဖြစ်တယ်။ သူတို့ကလည်း စပါယ်ရှယ် ညနေခင်းလို့ ပြောကြတယ်။ ကျနော် စိတ်ပျက်တာ တစ်ခုက နောက်ထပ် တစ်ဂိုးလောက် မရခဲ့တာကိုပါ။ အဆုံးမှာ နိုင်ပွဲ ရခဲ့သင့်ပေမယ့် ကံမကောင်းခဲ့ဘူး။” လို့ လမ်းပတ်က ဆိုခဲ့ပါတယ်။

ချန်ပီယံလိဂ် အုပ်စု H ဟာ လောလောဆယ် ချယ်ဆီး၊ အေဂျက်နဲ့ ဗလင်စီယာ သုံးသင်းလုံး ၇ မှတ်စီနဲ့ ရမှတ်တူနေပါတယ်။ ဒီလထဲမှာ နောက်ထပ် ချန်ပီယံလိဂ် ပွဲ အဖြစ် ချယ်ဆီးအသင်းက ဗလင်စီယာထံ အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ကာ အနိုင်ရအောင် ယူလို့ လိုတဲ့ပွဲ ဖြစ်ပါတယ်။

Zawgyi

ခ်ယ္ဆီးအသင္းရဲ႕ အဂၤါေန႔ညက ေအဂ်က္နဲ႕ပြဲမွာ ၁-၄ နဲ႕ ရွံဳးနိမ့္ေနတဲ့ ဒုတိယပိုင္း အေစာပိုင္းမွာတင္ ခ်ယ္ဆီးပရိသတ္ အခ်ိုဳ႕က ေစာေစာစီးစီး အိမ္ျပန္သြားခဲ့ပါတယ္။ ထိုပရိသတ္ေတြရဲ႕ လုပ္ရပ္အေပၚ ေ၀ဖန္ရွံဳ႕ခ်မႈေတြ ရွိေနေပမယ့္ ခ်ယ္ဆီးနည္းျပ လမ္းပတ္ကေတာ့ ပရိသတ္ေတြဘက္က စာနာစကား ေျပာကာ ကာကြယ္သြားခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ၃ ဂိုးအကြာ ရွံဳးနိမ့္ေနရာက ျပန္လာနိုင္ခဲ့ျပီး ပြဲအျပီးမွာ ၄-၄ နဲ႕ သေရက်သြားခဲ့ပါတယ္။ ခ်ယ္ဆီး အနုိင္ရေလာက္တဲ့ အထိ အခြင့္အေရးေတြ ရခဲ့ေသာ္လည္း တစ္ဂိုးက VAR အဆံုးအျဖတ္မွာ လက္ထိေဘာေၾကာင့္ ပယ္ဖ်က္ခံခဲ့ရတာ ျဖစ္လို႔ သေရနဲ႕သာ ေက်နပ္ခဲ့ရတာပါ။

ခ်ယ္ဆီးရဲ႕ အံ့အားသင့္ဖြယ္ ျပန္ကစားနိုင္ခဲ့တဲ့ ခ်န္ပီယံလိဂ္ ပြဲေကာင္းကို လက္လႊတ္ခဲ့ရတဲ့ ခ်ယ္ဆီးပရိသတ္ေတြကို လမ္းပတ္က အျပစ္ မတင္ခဲ့ဘဲ ဒီလို ေစာေစာျပန္ေလ့ရွိတဲ့သူေတြထဲ သူ႔ ဖခင္ျဖစ္သူေတာင္ ပါေကာင္း ပါမယ္လို႔ ဆိုခဲ့ပါတယ္။

” ေစာေစာျပန္သြားတဲ့သူေတြထဲ က်ေနာ့္ အေဖေတာင္ ပါမယ္ ထင္တယ္။ သူက မ်ားေသာအားျဖင့္ လမ္းပိတ္မွာစိုးလို႔ ေစာေစာ ျပန္ေလ့ ရွိတယ္။ ျပီးရင္ အိမ္ျပန္ေရာက္ရင္ ပြဲအေၾကာင္း သူ လြတ္သြားတာေတြ ျပန္ေျပာရတယ္။ နားေထာင္ပါဦး။ တခ်ိဳ႕လူေတြရဲ႕ အေနအထားကို က်ေနာ္ သေဘာေပါက္တယ္။ အထူးသျဖင့္ ညေနဆို တခ်ိဳ႕လူေတြက အလုပ္သြားရေသးတယ္ေလ။ ”

” ဒါေပမယ့္ ကြင္းထဲမွာ ဆက္ေနတဲ့သူေတြ ရွိပါတယ္။ အဲ့ဒီပြဲျပီးေတာ့ တခ်ိဳ႔ ပြဲၾကည့္ေနခဲ့တဲ့ သူငယ္ခ်င္းေတြ ပရိသတ္ေတြနဲ႕ က်ေနာ္ စကားေျပာျဖစ္တယ္။ သူတို႔ကလည္း စပါယ္ရွယ္ ညေနခင္းလို႔ ေျပာၾကတယ္။ က်ေနာ္ စိတ္ပ်က္တာ တစ္ခုက ေနာက္ထပ္ တစ္ဂိုးေလာက္ မရခဲ့တာကိုပါ။ အဆံုးမွာ နုိင္ပြဲ ရခဲ့သင့္ေပမယ့္ ကံမေကာင္းခဲ့ဘူး။” လို႔ လမ္းပတ္က ဆိုခဲ့ပါတယ္။

ခ်န္ပီယံလိဂ္ အုပ္စု H ဟာ ေလာေလာဆယ္ ခ်ယ္ဆီး၊ ေအဂ်က္နဲ႕ ဗလင္စီယာ သံုးသင္းလံုး ၇ မွတ္စီနဲ႕ ရမွတ္တူေနပါတယ္။ ဒီလထဲမွာ ေနာက္ထပ္ ခ်န္ပီယံလိဂ္ ပြဲ အျဖစ္ ခ်ယ္ဆီးအသင္းက ဗလင္စီယာထံ အေ၀းကြင္း သြားေရာက္ ယွဥ္ျပိဳင္ရမွာ ျဖစ္ကာ အနုိင္ရေအာင္ ယူလို႔ လိုတဲ့ပြဲ ျဖစ္ပါတယ္။