အာဆင်နယ်အသင်းဟာ လေးပွဲဆက် ဦးဆောင်နေရာကနေ ဂိုးပြန်ပေးခဲ့ရပြီးနောက် အူနိုင်း အမ်မရီအတွက် ကွင်းတွင်း ပြဿနာတွေ ရှိနေပြီလို့ ကလပ်ဂန္တဝင် မာတင်ကီယွန် က ယုံကြည်နေပါတယ်။ ဗစ်တိုရီးယားနဲ့ ယူရိုပါလိဂ် အုပ်စုပွဲမှာ မူစတာဖီရဲ့ ခေါင်းတိုက်ဂိုးနဲ့ အာဆင်နယ်က ဦးဆောင်ခဲ့သော်လည်း ဘရူနို က အချိန်ပိုမှာ လှပတဲ့ ကန်ချက် နဲ့ ချေပခဲ့တာကြောင့် ဗစ်တိုးရီးယား အသင်းနဲ့ တစ်ဂိုးစီ သရေကျခဲ့ပါတယ်။

ဒါဟာ ၁၀ရက်အတွင်း အာဆင်နယ် တို့ အနိူင်ရလဒ် ကို မထိန်းသိမ်းနိူင်ခဲ့တဲ့ လေးပွဲမြောက်ဖြစ်ပြီး မူစတာဖီရဲ့ မိနစ်၈၀ ခေါင်းတိုက်ဂိုးဟာ ပေါ်တူဂီ မိုးရေထဲမှာ သူတို့တွေ အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ရတဲ့ ပွဲအတွင်း ပထမဆုံး ဂိုးပေါက်ခြိမ်းခြောက်မှု ဖြစ်ခဲ့ပါတယ်။ နည်းပြရဲ့ ဗျုဟာ မှားခဲ့တယ်လို့ ယုံကြည်နေတဲ့ မာတင်ကီယွန် က အမ်မရီကို ဝေဖန်ပြောဆိုခဲ့ပါတယ်။

“ကွင်းထဲမှာ ပြဿနာတွေ ရှိတယ်။ ဒါကို လျင်လျင်မြန်မြန် ပြောင်းလဲနိူင်ပါတယ်။ ကျနော်သာ ပါဝင်ခဲ့မယ်ဆိုရင် တိုက်စစ်ဦးစားပေး ကစားမှာပါ။ ဘာကြောင့်လဲဆိုတော့ ခံစစ်ဆော့လို့မရဘူးလေ။ ကျနော်တို့ ဟာ ဝင်းဂါးလက်အောက်မှာ တည်ဆောက်ခဲ့တဲ့ အသင်းရဲ့ ကိုယ်ပိုင်ဟန် အချို့ ပျောက်ဆုံးနေတယ်။ ”

” ကျနော်တို့ ခံစစ် မဆော့နိူင်ဘူး။ တိုက်စစ် ရသလဲ ပျောက်ဆုံးခဲ့ပါတယ်။ တည်ကန်ဘောတွေ ဘယ်လိုကန်မလဲဆိုတာက ကိုယ်ပိုင်ကိစ္စပါ။ အဲ့မှာ ကြီးမားတဲ့ ကွာဟချက်တွေ ရှိနေတယ်။ သူတို့ လုပ်ခဲ့သမျှက ကန် တင် ပြေး တာလောက်ပဲ။ နှစ်ထပ် ဘတ်စ်ကားလိုပဲ။ အရမ်းရိုးရှင်းတယ်။ ဒါက သာမန် အကွက်လိုမျိုးဖြစ်ပြီး သူတိူ့တွေ ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ” လို့ ကီယွန်က ဆိုပါတယ်။

ဖိအားတွေ များလာတဲ့ အမ်မရီရဲ့ အာဆင်နယ် နည်းပြ နေရာ အတွက် အစားထိုး ခန့်အပ်ဖွယ် ရှိတဲ့ နည်းပြလောင်း အမည်များ ဆက်တိုက် ထွက်ပေါ်နေပြီး လောလောဆယ် ရေပန်းအစားဆုံးကတော့ မော်ရင်ညို ဖြစ်နေဆဲပါ။

Zawgyi

အာဆင္နယ္အသင္းဟာ ေလးပြဲဆက္ ဦး​ေဆာင္ေနရာကေန ဂိုးျပန္ေပးခဲ့ရၿပီးေနာက္ အူႏိုင္း အမ္မရီအတြက္ ကြင္းတြင္း ျပႆနာေတြ ရွိေနၿပီလို႔ ကလပ္ဂႏၲဝင္ မာတင္ကီယြန္ က ယုံၾကည္ေနပါတယ္။ ဗစ္တိုရီးယားနဲ႔ ယူရိုပါလိဂ္ အုပ္စုပြဲမွာ မူစတာဖီရဲ႕ ေခါင္းတိုက္ဂိုးနဲ႕ အာဆင္နယ္က ဦးေဆာင္ခဲ့ေသာ္လည္း ဘရူနို က အခ်ိန္ပိုမွာ လွပတဲ့ ကန္ခ်က္ နဲ႔ ေခ်ပခဲ့တာေၾကာင့္ ဗစ္တိုးရီးယား အသင္းနဲ႔ တစ္ဂိုးစီ သေရက်ခဲ့ပါတယ္။

ဒါဟာ ၁၀ရက္အတြင္း အာဆင္နယ္ တို႔ အႏိူင္ရလဒ္ ကို မထိန္းသိမ္းႏိူင္ခဲ့တဲ့ ေလးပြဲေျမာက္ျဖစ္ၿပီး မူစတာဖီရဲ႕ မိနစ္၈၀ ေခါင္းတိုက္ဂိုးဟာ ေပၚတူဂီ မိုးေရထဲမွာ သူတို႔ေတြ အားသြန္ခြန္စိုက္ ႀကိဳးပမ္းခဲ့ရတဲ့ ပြဲအတြင္း ပထမဆုံး ဂိုးေပါက္ၿခိမ္းေျခာက္မႈ ျဖစ္ခဲ့ပါတယ္။ နည္းျပရဲ႕ ဗ်ဳဟာ မွားခဲ့တယ္လို႔ ယုံၾကည္ေနတဲ့ မာတင္ကီယြန္ က အမ္မရီကို ေဝဖန္​ေျပာဆိုခဲ့ပါတယ္။

“ကြင္းထဲမွာ ျပႆနာေတြ ရွိတယ္။ ဒါကို လ်င္လ်င္ျမန္ျမန္ ေျပာင္းလဲႏိူင္ပါတယ္။ က်ေနာ္သာ ပါဝင္ခဲ့မယ္ဆိုရင္ တိုက္စစ္ဦးစားေပး ကစားမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ခံစစ္ေဆာ့လို႔မရဘူးေလ။ က်ေနာ္တို႔ ဟာ ဝင္းဂါးလက္ေအာက္မွာ တည္ေဆာက္ခဲ့တဲ့ အသင္းရဲ႕ ကိုယ္ပိုင္ဟန္ အခ်ိဳ႕ ေပ်ာက္ဆုံးေနတယ္။ ”

” က်ေနာ္တို႔ ခံစစ္ မေဆာ့ႏိူင္ဘူး။ တိုက္စစ္ ရသလဲ ေပ်ာက္ဆံုးခဲ့ပါတယ္။ တည္ကန္ေဘာေတြ ဘယ္လိုကန္မလဲဆိုတာက ကိုယ္ပိုင္ကိစၥပါ။ အဲ့မွာ ႀကီးမားတဲ့ ကြာဟခ်က္ေတြ ရွိေနတယ္။ သူတို႔ လုပ္ခဲ့သမွ်က ကန္ တင္ ေျပး တာေလာက္ပဲ။ ႏွစ္ထပ္ ဘတ္စ္ကားလိုပဲ။ အရမ္း ႐ိုးရွင္းတယ္။ ဒါက သာမန္ အကြက္လိုမ်ိဳးျဖစ္ၿပီး သူတိူ႔ေတြ ေျပာင္းလဲဖို႔ လိုအပ္ပါတယ္။ ” လို႔ ကီယြန္က ဆိုပါတယ္။

ဖိအားေတြ မ်ားလာတဲ့ အမ္မရီရဲ႕ အာဆင္နယ္ နည္းျပ ေနရာ အတြက္ အစားထိုး ခန္႔အပ္ဖြယ္ ရွိတဲ့ နည္းျပေလာင္း အမည္မ်ား ဆက္တိုက္ ထြက္ေပၚေနျပီး ေလာေလာဆယ္ ေရပန္းအစားဆံုးကေတာ့ ေမာ္ရင္ညိဳ ျဖစ္ေနဆဲပါ။