ချယ်ဆီးအသင်းဟာ အေဂျက်နဲ့ ချန်ပီယံလိဂ် ပွဲကောင် အပြီးမှာ ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ် ပွဲအတွက် ပြင်ဆင်မှုတွေ စတင်ရတော့မှာပါ။ ချယ်ဆီး အနေနဲ့ ပုံစံကောင်း ရလဒ်ကောင်းတွေကို ဆက်လက် ထိန်းထားဖို့ လိုအပ်နေပြီး အဆင့် ၅ နေရာမှ အာဆင်နယ်ကို အမှတ် ပိုဖြတ်ဖို့ ကြိုးစားရဦးမှာပါ။

ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲ မတိုင်ခင် ဒဏ်ရာရ ချယ်ဆီးအသင်းသားတွေရဲ့ နောက်ဆုံး အခြေအနေ ပြန်ကစားနိုင်မယ့် နေ့ရက်တွေကို လန်ဒန် အခြေစိုက် သတင်းဌာနာက ဖော်ပြပေးထားပါတယ်။

ရူဒီဂါ – ရူဒီဂါက ပြီးခဲ့တဲ့အပတ် ဝက်ဖို့ဒ်နဲ့ ပွဲမတိုင်ခင်ပဲ ကြံ့ခိုင်မှု အပြည့် ရှိနေပြီလို့ သတင်းပေးခဲ့ကာ ပြန်ကစားနိုင်ပြီလို့ ဆိုခဲ့ပါတယ်။ ဂျာမန် ဗဟိုခံစစ်မှူးက နွေမှာ ဒူးဒဏ်ရာ ခွဲစိတ်မှု ခံယူခဲ့တာ ဖြစ်ပြီး အသင်းနဲ့အတူ ပြန် ကစားနိုင်ဖို့ အလွန် နီးစပ်နေပါပြီ။ လမ်းပတ်ကတော့ ရူဒီဂါက စပါယ်ရှယ်လစ် ဆရာဝန်နဲ့ ဆွေးနွေးမှု ခံယူနေတယ်လို့ ဆိုထားပါတယ်။

ရော့စ် ဘာကလေ – ကွင်းလယ်ကစားသမား ဘာကလေက နယူးကာဆယ်နဲ့ ပွဲမှာ ခြေကျင်းဝတ် ဒဏ်ရာ ရသွားခဲ့တာ ဖြစ်ပါတယ်။ ဘာကလေက ပြီးခဲ့တဲ့ အေဂျက်နဲ့ ပွဲ အပါအဝင် ချယ်ဆီးပွဲ ၅ ပွဲ လွဲချော်ထားပါတယ်။ ဒါပေမယ့် အသင်းနဲ့ အတူ ထရိန်နင် ဆင်းနေပြီ ဖြစ်လို့ ပဲလေ့စ်နဲ့ ပွဲမှာ ပါဝင်ကစားနိုင်ချေ ရှိပါတယ်။

မေဆန်ေ်မာင့် – လူငယ်ကွင်းလယ်ကစားသမာ မေဆန်မောင့်က အေဂျက်နဲ့ ပွဲ ဒုတိယပိုင်းမှာ လူစားလဲ ခံခဲ့ရတာ ဖြစ်ပြီး ခြေကျင်းဝတ် ထိခိုက် သွားခဲ့ပုံရပါတယ်။ လမ်းပတ်ကတော့ အသေးစား ဒဏ်ရာ ဖြစ်မယ်လို့ မျှော်လင့်ထားပြီး သေချာစစ်ဆေးမှု ခံယူရဦးမှာပါ။

ကန်တေ – အေဂျက်နဲ့ပွဲမှာ ကန်တေက အရန်ခုံကနေ ပါဝင်ခဲ့ပါ ဝင်ရောက် မကစားဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ကန်တေ ပြန်ကစားနိုင်နေပြီ ဖြစ်တာက လမ်းပတ် အတွက် အင်အားကြီး တစ်ရပ် ဖြစ်ပါတယ်။ ဒီရာသီ ဒဏ်ရာများနဲ့ ရုန်းကန်နေခဲ့ရတဲ့ ပြင်သစ်သားဟာ ပဲလေ့စ်နဲ့ပွဲမှာ ပြန် ပါဝင်လာမယ် မျှော်လင့်ရပါတယ်။

ခရစ္စတန်ဆန် –
ခံစစ်မှူး ခရစ္စတန်ဆန်က နိုင်ငံတကာသီတင်းပတ်မှာ လက်ရွေးစင်အသင်းနဲ့ အတူရှိစဉ် ဒဏ်ရာ ရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အေဂျက်နဲ့ ပွဲမှာ အရန်ကနေ ပါဝင်လာခဲ့ပါတယ်။

လော့ဖ်တပ်ချိ – လော့ဖ်တပ်ချိက အိုဒွိုင်းကဲ့သို့ ခြေဖနောင့် အရွတ် ဒဏ်ရာ ရှိနေတော ဖြစ်ပြီး ပြန်လည် ထူးထောင်ရေး အတွက် လေ့ကျင့်မှုတွေ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

Zawgyi

ခ်ယ္ဆီးအသင္းဟာ ေအဂ်က္နဲ႕ ခ်န္ပီယံလိဂ္ ပြဲေကာင္ အျပီးမွာ ပဲေလ့စ္နဲ႕ ပရီးမီးယားလိဂ္ ပြဲအတြက္ ျပင္ဆင္မႈေတြ စတင္ရေတာ့မွာပါ။ ခ်ယ္ဆီး အေနနဲ႕ ပံုစံေကာင္း ရလဒ္ေကာင္းေတြကို ဆက္လက္ ထိန္းထားဖို႔ လိုအပ္ေနျပီး အဆင့္ ၅ ေနရာမွ အာဆင္နယ္ကို အမွတ္ ပိုျဖတ္ဖို႔ ၾကိဳးစားရဦးမွာပါ။

ခရစၥတယ္ပဲေလ့စ္နဲ႕ ပြဲ မတိုင္ခင္ ဒဏ္ရာရ ခ်ယ္ဆီးအသင္းသားေတြရဲ႕ ေနာက္ဆံုး အေျခအေန ျပန္ကစားနိုင္မယ့္ ေန႔ရက္ေတြကို လန္ဒန္ အေျခစိုက္ သတင္းဌာနာက ေဖာ္ျပေပးထားပါတယ္။

ရူဒီဂါ – ရူဒီဂါက ျပီးခဲ့တဲ့အပတ္ ၀က္ဖို႔ဒ္နဲ႕ ပြဲမတိုင္ခင္ပဲ ၾကံ႕ခိုင္မႈ အျပည့္ ရွိေနျပီလို႔ သတင္းေပးခဲ့ကာ ျပန္ကစားနုိင္ျပီလို႔ ဆိုခဲ့ပါတယ္။ ဂ်ာမန္ ဗဟိုခံစစ္မွဴးက ေႏြမွာ ဒူးဒဏ္ရာ ခြဲစိတ္မႈ ခံယူခဲ့တာ ျဖစ္ျပီး အသင္းနဲ႕အတူ ျပန္ ကစားနုိင္ဖို႔ အလြန္ နီးစပ္ေနပါျပီ။ လမ္းပတ္ကေတာ့ ရူဒီဂါက စပါယ္ရွယ္လစ္ ဆရာ၀န္နဲ႕ ေဆြးေႏြးမႈ ခံယူေနတယ္လို႔ ဆိုထားပါတယ္။

ေရာ့စ္ ဘာကေလ – ကြင္းလယ္ကစားသမား ဘာကေလက နယူးကာဆယ္နဲ႕ ပြဲမွာ ေျခက်င္း၀တ္ ဒဏ္ရာ ရသြားခဲ့တာ ျဖစ္ပါတယ္။ ဘာကေလက ျပီးခဲ့တဲ့ ေအဂ်က္နဲ႕ ပြဲ အပါအ၀င္ ခ်ယ္ဆီးပြဲ ၅ ပြဲ လြဲေခ်ာ္ထားပါတယ္။ ဒါေပမယ့္ အသင္းနဲ႕ အတူ ထရိန္နင္ ဆင္းေနျပီ ျဖစ္လို႔ ပဲေလ့စ္နဲ႕ ပြဲမွာ ပါ၀င္ကစားနိုင္ေခ် ရွိပါတယ္။

ေမဆန္ေ္မာင့္ – လူငယ္ကြင္းလယ္ကစားသမာ ေမဆန္ေမာင့္က ေအဂ်က္နဲ႕ ပြဲ ဒုတိယပိုင္းမွာ လူစားလဲ ခံခဲ့ရတာ ျဖစ္ျပီး ေျခက်င္း၀တ္ ထိခိုက္ သြားခဲ့ပံုရပါတယ္။ လမ္းပတ္ကေတာ့ အေသးစား ဒဏ္ရာ ျဖစ္မယ္လို႔ ေမွ်ာ္လင့္ထားျပီး ေသခ်ာစစ္ေဆးမႈ ခံယူရဦးမွာပါ။

ကန္ေတ – ေအဂ်က္နဲ႕ပြဲမွာ ကန္ေတက အရန္ခံုကေန ပါ၀င္ခဲ့ပါ ၀င္ေရာက္ မကစားျဖစ္ခဲ့ပါဘူး။ ဒါေပမယ့္ ကန္ေတ ျပန္ကစားနိုင္ေနျပီ ျဖစ္တာက လမ္းပတ္ အတြက္ အင္အားၾကီး တစ္ရပ္ ျဖစ္ပါတယ္။ ဒီရာသီ ဒဏ္ရာမ်ားနဲ႕ ရုန္းကန္ေနခဲ့ရတဲ့ ျပင္သစ္သားဟာ ပဲေလ့စ္နဲ႕ပြဲမွာ ျပန္ ပါ၀င္လာမယ္ ေမွ်ာ္လင့္ရပါတယ္။

ခရစၥတန္ဆန္ – ခံစစ္မွဴး ခရစၥတန္ဆန္က နုိင္ငံတကာသီတင္းပတ္မွာ လက္ေရြးစင္အသင္းနဲ႕ အတူရွိစဥ္ ဒဏ္ရာ ရခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ ေအဂ်က္နဲ႕ ပြဲမွာ အရန္ကေန ပါ၀င္လာခဲ့ပါတယ္။

ေလာ့ဖ္တပ္ခ်ိ – ေလာ့ဖ္တပ္ခ်ိက အိုဒြိဳင္းကဲ့သို႔ ေျခဖေနာင့္ အရြတ္ ဒဏ္ရာ ရွိေနေတာ ျဖစ္ျပီး ျပန္လည္ ထူးေထာင္ေရး အတြက္ ေလ့က်င့္မႈေတြ လုပ္ေဆာင္ေနဆဲ ျဖစ္ပါတယ္။