လာမယ့်နွေမှာသာ ဗာရိန်း ရီးရဲလ်မက်ဒရစ်အသင်းက ထွက်ခွာခဲ့ရင် ဇီဒန်းက နာပိုလီမှ မန်ယူပစ်မှတ် ကစားသမား ကူလီဘိုင်လေကို အစားထိုး ခေါ်ယူရန် ကြံရွယ်နေပါတယ်။ ဇီဒန်ကလည်း အသက် ၂၇ နှစ်အရွယ် ဆီနီဂေါသားကို ကာလရှည် စောင့်ကြည့် သဘောကျနေသူပါ။

မန်ယူ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က နောက်ရာသီ ဆိုးရှားရဲ့ အသင်းမှာ အေဂျက်မှ ခံစစ်မှူး ဒီလစ်ကို မြင်တွေ့လိုကြောင်း ၄င်း ဆန္ဒကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

နာပိုလီအသင်းနည်းပြ အန်ဆာလော့တီက ၄င်းတို့ ခံစစ်မှူး ကူလီဘိုင်လေကို လုံးဝ ရောင်းချမှာ မဟုတ်ကြောင်း ပြောကြားလိုက်ပါတယ်။ ဆီနီဂေါသား ခံစစ်မှူးကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်က အလေးအနက်ထား ကြိုးစားနေတာပါ။

ဆိုးရှားရဲ့ ကိုင်တွယ်နည်းပြမှုအောက်မှာ မန်ယူ ဒီရာသီ အဆင့် ၄ အတွင်း ၀င်ကို ၀င်မယ်လို့ မန်ယူ ကစားသမားဟောင်းကြီး ရိုင်ယန်ဂစ်က ယုံကြည်စွာ ထောက်ခံ ပြောကြားလိုက်ပါတယ်

လုရှော၊ မာတစ်၊ မာရှယ်၊ ရပ်ဖိုဒ့်၊ လူကာကူ အစရှိတဲ့ အဓိက ကစားသမားတွေ အစုံအလင်ဟာ ဝတ်ဖိုဒ့်နဲ့ပွဲကြို မန်ယူလူစာရင်းနဲ့ ပူးပေါင်းမှုလုပ်ဖို့ လိုဝီဟိုတကယ်ကို လာရောက် ပူးပေါင်းခဲ့ကြပါတယ်။ ဒါပေမယ့် ခံစစ်မှူး လင်ဒီအော့ မပါဝင်လာခဲ့ပါဘူး။

ဆိုးရှားက အပြောင်းအရွှေ့အတွက် မန်ယူမှာ ငွေရှိသော်လည်း အသုံးကြမ်းမှာ မဟုတ်ဘူး ထိုက်သင့်တဲ့ အနေအထားနဲ့ သာ သုံးစွဲသွားမှာ ဖြစ်ကြောင်း၊ ကစားသမားများ စောစီးစွာ ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း ထုတ်ဖော် ပြောကြားထားပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ မန်ယူ၊ ချယ်ဆီးနဲ့ ရီးရဲလ်နည်းပြဟောင်း မော်ရင်ညိုကို နောက်ရာသီမှာ ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ဘိုင်ယန်ဟာ လက်ရှိ နည်းပြ ကိုဗက်နဲ့ နောက်ရာသီ ဆက်လက် လက်တွဲရန် မသေချာတော့ပဲ ဖြစ်နေပါတယ်။

မန်ချက်စတာယူနိုက်တက် ကွင်းလယ် ဟာရဲရားက ပီအက်စ်ဂျီရဲ့ ကမ်းလှမ်မးမှုကို လက်ခံစဉ်းစားနေကြောင်း ESPN သတင်းမှာ ဖော်ပြလာပါတယ်။ စပိန်သား ကွင်းလယ်ကစားသမားဟာ ရာသီကုန်ရင် မန်ယူနဲ့ စာချုပ် ကုန်ဆုံးပြီး ဖြစ်ပြီး သက်တမ်းတိုးဖို့ သဘောတူညီမှု မရသေးပါဘူး။ ပီအက်စ်ဂျီကလည်း အသင်းက ထွက်ခွာမယ့် ရာဘီရော့ နေရာအတွက် ဟာရဲရားကို ပစ်မှတ်ထားလာတာာပါ။