ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ မှာတော့ ဒီရာသီရဲ့ အကောင်းဆုံးနဲ့ စိတ်ဝင်စားခြင်း အခံရဆုံး အန်ဖီးကွင်း ပွဲနှစ်ပွဲထဲက တစ်ပွဲဖြစ်မယ့် လီဗာပူးနဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့တဲ့ပွဲ ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးက ရလဒ်ရယူနိုင်စွမ်း အကောင်းဆုံး အနေအထားမှာ ရှိနေပြီး မန်စီးတီးကလည်း နှစ်ကြိမ်ဆက် ချန်ပီယံပီပီ အတွေ့အကြုံကောင်းနဲ့ ကစားသမား အင်အားကောင်းကောင်း ရှိနေတာပါ။ ဒီတစ်ကြိမ် တွေ့ဆုံမှုဟာ မပြတ်သားတဲ့ သရေရလဒ်မဟုတ်ပဲ တစ်သင်းက အနိုင်ရလဒ် ထွက်ပေါ်မယ်လို့ မိုက်ကယ်အိုဝင်က သုံးသပ်သွားပါတယ်။

” တချက်ကြည့်လိုက်တာနဲ့ပဲ ပရီးမီးယားလိဂ် အကောင်းဆုံး နှစ်သင်း အန်းဖီးမှာ ထိပ်တိုက်တွေ့တဲ့ ပွဲက ဒီတပတ် ဥရောပမှာပါ စောင့်ကြည့်စရာ အကောင်းဆုံး တိုက်စစ်ဖွင့်ကစားမယ့် ရသအပြည့် ပွဲလို့ ဆိုရမှာပါ။ ဒါပေမယ့် မန်နေဂျာ နှစ်ယောက်လုံးက တစ်မှတ်စီပဲ ရရင် ကျေနပ်ပြီလားတော့ မပြောတတ်ပါဘူး။

သရေကျမယ်ဆိုရင် လီဗာပူးက ပက် ဂွာဒီယိုလာရဲ့ မန်စီးတီးကို ၆ မှတ် အသာရကာ အမှတ်ပေးဇားကို ဆက်လက် ဦးဆောင်နေဦးမှာ ဖြစ်ပါတယ်။ ဂွာဒီယိုလာက အားထားရတဲ့ ခံစစ်မှူး လာပေါ်တေးကို ကာလရှည် လက်လွှတ်ထားရလို့ တစ်မှတ်ကို အရယူဖို့ တွေးထားမယ် ထင်ပါတယ်။ နှစ်သင်းလုံးက အနိုင်အတွက် ဦးတည်ပြီး ဖွင့် ကစားမယ်ဆိုရင် လီဗာပူးသာ နိုင်လို့ကတော့ လက်ရှိ ချန်ပီယံကို ၉ မှတ် အထိ ဖြတ်သွားနိုင်မှာ ဖြစ်တယ်။ ”

” မန်စီးတီးကတော့ အော်တာမန်ဒီ၊ ဂျွန်စတုန်းတို့ နှစ်ယောက်ကို အစွန်ထား၊ ဖာနန်ဒင်ဟိုကို ဗဟိုခံစစ်မှာ ထား ပွဲထုတ်လာပါလိမ့်မယ်။ ဒါက ဧည့်သည် အသင်း အနေနဲ့ လီဗာပူး တိုက်စစ်သုံးယောက်ကို ထိန်းဖို့ လက်ပါလိမ့်မယ်။ အထူးသဖြင့် လီဗာပူးမှာ လွှမ်းမိုးမှု ကြီးနေတဲ့ ဆာဒီယို မာနေးရဲ့ လက်တံရှည်ရှည်နဲ့ ထိုးဖောက်မှုကို တားဆီးဖို့ပါ။ ”

” အန်းဖီးကတော့ ဆူညံပြီး အလန်းစား ဖြစ်နေဦးမှာပဲ။ အမှတ်ပေးဖလား ချန်ပီယံကို တနင်္ဂနွေနေ့မှာ ဆုံးဖြတ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ၉ မှတ် ကွာသွားတာက မန်စီးတီး အတွက် ခက်ခဲသွားမှာ ဖြစ်လို့ လီဗာပူးကို အရ ယှဉ်ပြိုင်သွားပါလိမ့်မယ်။ ဒါပေမယ့် လီဗာပူးကပဲ အမှတ် ပိုဖြတ်သွားမယ် ကျေျနာ် မျှော်လင့်တယ်။ ” လို့ အိုဝင်က သုံးသပ်သွားပါတယ်။

လီဗာပူးနဲ့ မန်စီးတီးပွဲအတွက် မိုက်ကယ် အိုဝင်ရဲ့ ခန့်မှန်းရလဒ်ကတော့ လီဗာပူး အနိုင်ပဲဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၂ မွာေတာ့ ဒီရာသီရဲ႕ အေကာင္းဆံုးနဲ႔ စိတ္ဝင္စားျခင္း အခံရဆံုး အန္ဖီးကြင္း ပြဲႏွစ္ပြဲထဲက တစ္ပြဲျဖစ္မယ့္ လီဗာပူးနဲ႔ မန္စီးတီးတုိ႔ ထိပ္တိုက္ေတြ႔တဲ့ပြဲ ပါဝင္လာခဲ့ျပီျဖစ္ပါတယ္။

လီဗာပူးက ရလဒ္ရယူႏုိင္စြမ္း အေကာင္းဆံုး အေနအထားမွာ ရွိေနျပီး မန္စီးတီးကလည္း ႏွစ္ၾကိမ္ဆက္ ခ်န္ပီယံပီပီ အေတြ႔အၾကံဳေကာင္းနဲ႔ ကစားသမား အင္အားေကာင္းေကာင္း ရွိေနတာပါ။ ဒီတစ္ၾကိမ္ ေတြ႔ဆံုမႈဟာ မျပတ္သားတဲ့ သေရရလဒ္မဟုတ္ပဲ တစ္သင္းက အႏုိင္ရလဒ္ ထြက္ေပၚမယ္လို႔ မုိက္ကယ္အိုဝင္က သံုးသပ္သြားပါတယ္။

” တခ်က္ၾကည့္လိုက္တာနဲ႕ပဲ ပရီးမီးယားလိဂ္ အေကာင္းဆံုး နွစ္သင္း အန္းဖီးမွာ ထိပ္တိုက္ေတြ႔တဲ့ ပြဲက ဒီတပတ္ ဥေရာပမွာပါ ေစာင့္ၾကည့္စရာ အေကာင္းဆံုး တိုက္စစ္ဖြင့္ကစားမယ့္ ရသအျပည့္ ပြဲလို႔ ဆိုရမွာပါ။ ဒါေပမယ့္ မန္ေနဂ်ာ နွစ္ေယာက္လံုးက တစ္မွတ္စီပဲ ရရင္ ေက်နပ္ျပီလားေတာ့ မေျပာတတ္ပါဘူး။

သေရက်မယ္ဆိုရင္ လီဗာပူးက ပက္ ဂြာဒီယိုလာရဲ႕ မန္စီးတီးကို ၆ မွတ္ အသာရကာ အမွတ္ေပးဇားကို ဆက္လက္ ဦးေဆာင္ေနဦးမွာ ျဖစ္ပါတယ္။ ဂြာဒီယိုလာက အားထားရတဲ့ ခံစစ္မွဴး လာေပၚေတးကို ကာလရွည္ လက္လႊတ္ထားရလို႔ တစ္မွတ္ကို အရယူဖို႔ ေတြးထားမယ္ ထင္ပါတယ္။ နွစ္သင္းလံုးက အနုိင္အတြက္ ဦးတည္ျပီး ဖြင့္ ကစားမယ္ဆိုရင္ လီဗာပူးသာ နုိင္လို႔ကေတာ့ လက္ရွိ ခ်န္ပီယံကို ၉ မွတ္ အထိ ျဖတ္သြားနုိင္မွာ ျဖစ္တယ္။ ”

” မန္စီးတီးကေတာ့ ေအာ္တာမန္ဒီ၊ ဂၽြန္စတုန္းတို႔ နွစ္ေယာက္ကို အစြန္ထား၊ ဖာနန္ဒင္ဟိုကို ဗဟိုခံစစ္မွာ ထား ပြဲထုတ္လာပါလိမ့္မယ္။ ဒါက ဧည့္သည္ အသင္း အေနနဲ႕ လီဗာပူး တိုက္စစ္သံုးေယာက္ကို ထိန္းဖို႔ လက္ပါလိမ့္မယ္။ အထူးသျဖင့္ လီဗာပူးမွာ လႊမ္းမိုးမႈ ၾကီးေနတဲ့ ဆာဒီယို မာေနးရဲ႕ လက္တံရွည္ရွည္နဲ႕ ထိုးေဖာက္မႈကို တားဆီးဖို႔ပါ။ ”

” အန္းဖီးကေတာ့ ဆူညံျပီး အလန္းစား ျဖစ္ေနဦးမွာပဲ။ အမွတ္ေပးဖလား ခ်န္ပီယံကို တနဂၤေႏြေန႔မွာ ဆံုးျဖတ္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ ၉ မွတ္ ကြာသြားတာက မန္စီးတီး အတြက္ ခက္ခဲသြားမွာ ျဖစ္လို႔ လီဗာပူးကို အရ ယွဥ္ျပိဳင္သြားပါလိမ့္မယ္။ ဒါေပမယ့္ လီဗာပူးကပဲ အမွတ္ ပိုျဖတ္သြားမယ္ က်ေ်နာ္ ေမွ်ာ္လင့္တယ္။ ” လို႔ အို၀င္က သံုးသပ္သြားပါတယ္။

လီဗာပူးနဲ႔ မန္စီးတီးပြဲအတြက္ မိုက္ကယ္ အို၀င္ရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ လီဗာပူး အနိုင္ပဲျဖစ္ပါတယ္။