အင်္ဂါနေ့ညက အေဂျက်နဲ့ ဒရမ်ဆန်ဆန် ချျန်ပီယံလိဂ် ပွဲ အပြီးမှာ ချယ်ဆီးက သိပ်ကြာကြာ အနားရလိုက်မှာ မဟုတ်ပါဘူး။ လာမယ့် စနေမှာပဲ လန်ဒန် မြို့ခံပြိုင်ဘက် ခရစ္စတယ်ပဲလေ့စ်ကို စတန်းဖို့ ဘရစ်ချ်မှာ ဧည့်ခံ ကစားရဦးမှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ စနေနေ့ ညနေ ၇ နာရီမှာပါ။

ချယ်ဆီး အသင်းခေါင်းဆောင်ဟောင်း ကာဟေးလ်ကတော့ စတန်းဖို့ဘရစ်ချ်ကို ပဲလေ့စ်နဲ့ အတူ တကျော့ ပြန် ပြန်ရောက်လာမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ် အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်း သုံးသပ်ချက်ကို ဖော်ပြပေးပါမယ်။

” ခရစ္စတယ်ပဲလေ့စ်က သူတို့ရဲ့ နောက်ဆုံး ကစားထားတဲ့ အိမ်ကွင်းနှစ်ပွဲ ရှုံးနိမ့်ထားတာပါ။ ဒါပေမယ့် ဒီရာသီ အိုးထရက်ဖို့ဒ်မှာ နိုင်ပွဲ ရထားပြီး အာဆင်နယ်နဲ့ အဝေးကွင်းပွဲစဉ်မှာလည်း ၂-၀ ရှုံးနေရာက အမှီလိုက်လာပြီး သရေတစ်မှတ် ခွဲယူနိုင်ခဲ့တယ်။ အီးဂဲလ်တွေက ချယ်ဆီးအသင်းကို စတန်းဖို့ ဘရစ်ချ်မှာ ခက်ခဲတဲ့ စိန်ခေါ်မှု ပြုလုပ်ဦးမှာပါ။ ဒါပေမယ့် ဒီလန်ဒန် ဒါဘီမှာ ချယ်ဆီးက အနိုင်သုံးမှတ်ပြည့် ယူသွားမယ်လို့ ကျနော် မျှော်လင့်ထားတယ်။ ”

” ချယ်ဆီးက ပြီးခဲ့တဲ့ အပတ် ဝက်ဖို့ဒ်ကို ရင်ဆိုင်ရာမှာ ရုန်းကန်ခဲ့ရလို့ ခင်ဗျားတို့ အငြင်းပွားကောင်း ပွားမယ်။ ဒါပေမယ့် ထူးချွန်လှတဲ့ ဘန် ဖော်စတာသာ မပါရင် ဖရန့်လမ်းပတ်ရဲ့ အသင်းက နိုင်ပွဲတောင် ရသွားနိုင်ပါတယ်။ ချယ်ဆီးရဲ့ ဒဏ်ရာရ စာရင်းက ကစားသမားတချို့လည်း ပြန်ပါလာပြီ။ အားလုံးက ကမ္ဘာ့ဖလား ချန်ပီယံ ကန်တေကိုလည်း လွမ်းဆွတ်နေလောက်ပြီ။ ကန်တေ မပါဝင်ချိန်မှာတောင် ချယ်ဆီးအသင်းက ကောင်းကောင်းပြပြီး အဆင့် ၄ အတွင်းမှာ ရပ်တည်နေတယ်။” လို့ အိုဝင်က သုံးသပ်ထားပါတယ်။

မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းရလဒ်ကတော့ နှစ်ဘက်လုံး ဂိုးသွင်းမှာ ဖြစ်ပြီး ချယ်ဆီး အနိုင်ပါ။

Zawgyi

အဂၤါေန႔ညက ေအဂ်က္နဲ႕ ဒရမ္ဆန္ဆန္ ခ််န္ပီယံလိဂ္ ပြဲ အျပီးမွာ ခ်ယ္ဆီးက သိပ္ၾကာၾကာ အနားရလိုက္မွာ မဟုတ္ပါဘူး။ လာမယ့္ စေနမွာပဲ လန္ဒန္ ျမိဳ႔ခံျပိဳင္ဘက္ ခရစၥတယ္ပဲေလ့စ္ကို စတန္းဖို႔ ဘရစ္ခ်္မွာ ဧည့္ခံ ကစားရဦးမွာ ျဖစ္ပါတယ္။ ပြဲခ်ိန္ကေတာ့ စေနေန႔ ညေန ၇ နာရီမွာပါ။

ခ်ယ္ဆီး အသင္းေခါင္းေဆာင္ေဟာင္း ကာေဟးလ္ကေတာ့ စတန္းဖို႔ဘရစ္ခ်္ကို ပဲေလ့စ္နဲ႕ အတူ တေက်ာ့ ျပန္ ျပန္ေရာက္လာမွာ ျဖစ္ပါတယ္။ ဒီပြဲစဥ္ အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္အို၀င္ရဲ႕ ခန္႔မွန္း သံုးသပ္ခ်က္ကို ေဖာ္ျပေပးပါမယ္။

” ခရစၥတယ္ပဲေလ့စ္က သူတို႔ရဲ႕ ေနာက္ဆံုး ကစားထားတဲ့ အိမ္ကြင္းနွစ္ပြဲ ရွံဳးနိမ့္ထားတာပါ။ ဒါေပမယ့္ ဒီရာသီ အိုးထရက္ဖို႔ဒ္မွာ နုိင္ပြဲ ရထားျပီး အာဆင္နယ္နဲ႕ အေ၀းကြင္းပြဲစဥ္မွာလည္း ၂-၀ ရွံဳးေနရာက အမွီလိုက္လာျပီး သေရတစ္မွတ္ ခြဲယူနိုင္ခဲ့တယ္။ အီးဂဲလ္ေတြက ခ်ယ္ဆီးအသင္းကို စတန္းဖို႔ ဘရစ္ခ်္မွာ ခက္ခဲတဲ့ စိန္ေခၚမႈ ျပဳလုပ္ဦးမွာပါ။ ဒါေပမယ့္ ဒီလန္ဒန္ ဒါဘီမွာ ခ်ယ္ဆီးက အနုိင္သံုးမွတ္ျပည့္ ယူသြားမယ္လို႔ က်ေနာ္ ေမွ်ာ္လင့္ထားတယ္။ ”

” ခ်ယ္ဆီးက ျပီးခဲ့တဲ့ အပတ္ ၀က္ဖို႔ဒ္ကို ရင္ဆိုင္ရာမွာ ရုန္းကန္ခဲ့ရလို႔ ခင္ဗ်ားတို႔ အျငင္းပြားေကာင္း ပြားမယ္။ ဒါေပမယ့္ ထူးခၽြန္လွတဲ့ ဘန္ ေဖာ္စတာသာ မပါရင္ ဖရန္႔လမ္းပတ္ရဲ႕ အသင္းက နုိင္ပြဲေတာင္ ရသြားနုိင္ပါတယ္။ ခ်ယ္ဆီးရဲ႕ ဒဏ္ရာရ စာရင္းက ကစားသမားတခ်ိဳ႔လည္း ျပန္ပါလာျပီ။ အားလံုးက ကမၻာ့ဖလား ခ်န္ပီယံ ကန္ေတကိုလည္း လြမ္းဆြတ္ေနေလာက္ျပီ။ ကန္ေတ မပါ၀င္ခ်ိန္မွာေတာင္ ခ်ယ္ဆီးအသင္းက ေကာင္းေကာင္းျပျပီး အဆင့္ ၄ အတြင္းမွာ ရပ္တည္ေနတယ္။” လို႔ အို၀င္က သံုးသပ္ထားပါတယ္။

မိုက္ကယ္အို၀င္ရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ နွစ္ဘက္လံုး ဂိုးသြင္းမွာ ျဖစ္ျပီး ခ်ယ္ဆီး အနုိင္ပါ။