မန်ယူဟာ လာမယ့်ရာသီအတွက် ပြင်ဆင်မှုတွေ လုပ်နေချိန်မှာ နာပိုလီမှ ဆီနီဂေါခံစစ်မှူး ကူလီဘာလီကို ကမ္ဘာစံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့လည်း ပါဝင်လာပါတယ်။ ဆိုးရှားလက်ထက် မန်ယူကို ပြန်လည်တည်ဆောက်မှုတွေမှာ အဓိက ကျလာမယ့် အပြောင်းအရွှေ့ တစ်ရပ်အဖြစ်တော့ ကူလီဘာလီလည်း ပါဝင်လာတာဖြစ်တယ်။

နာပိုလီအသင်းဟာ 2014 ခုနှစ်မှာ ဂျန့်အသင်းကနေ ပေါင် 6.5 သန်းနဲ့ ခေါ်ယူထားခဲ့တဲ့ ခံစစ်သမားအတွက် ပြောင်းရွှေ့ကြေးကို ခံစစ်သမားအတွက် ကမ္ဘာစံချိန်တင်ကြေးထိ တောင်းဆိုမှာပါ။ မန်ယူဟာ ဆီနီဂေါ ခံစစ်မှူးအတွက် နာပိုလီက တောင်းဆိုတဲ့ ပမာဏကို ပေးချေဖို့ ပြသနာမရှိပေမယ့် ဈေးဆစစ်မှု ပြုလုပ်မယ်လို့လည်း သိရပါတယ်။

နွေမှာတော့ မန်ယူရဲ့ ခံစစ်သမားတွေဖြစ်တဲ့ ရိုဂျို၊ ဘိုင်လီတို့ ထွက်ခွာမှာပါ။ ခံစစ်ကို အင်အားဖြည့်ဖို့နဲ့ ကလပ်မှာ လိုအပ်နေတဲ့ ဟာကွက်ကို ဖြည့်ဖို့ ကူလီဘာလီကို ပေါင် 128 သန်းနဲ့ ခေါ်ယူမယ်ဆိုရင်တော့ ခံစစ်သမားတစ်ယောက်အတွက် ကမ္ဘာစံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်လာနိုင်ပါတယ်။

ဇန်နဝါရီ အပြောင်းအရွှေ့မှာတုန်းက မန်ယူဟာ ကူလီဘာလီကို ကမ်းလှမ်းမှု နှစ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် ငြင်းဆန်ခံခဲ့ရတယ်။ နွေမှာတော့ ကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားမှုအား ပြန်ဆက်လာတော့မှာဖြစ်တယ်။ နာက်ထပ် သိလာရတာကတော့ မန်ယူဟာ ခံစစ်အတွက် အဓိက ချိန်ရွယ်ထားတဲ့ ကစားသမား သုံးဦးရှိပြီး အာလုံးက စီးရီးအေက ဖြစ်ပါတယ်။