အသင်း ကစားပုံရော ရလဒ်တွေပါ ဆိုးဝါးနေလို့ ဝေဖန်မှု ဖိအားတွေ ရင်ဆိုင်နေရတဲ့ အမ်မရီနဲ့ အာဆင်နယ် အသင်းဟာ ဒီရာသီ ခြေစွာနေပြီး အဆင့် ၃ နေရာမှာ ရှိနေတဲ့ လက်စတာကို ဒီတပတ် အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရတော့မှာ ဖြစ်ပါတယ်။ ကြားရက် ယူရိုပါလိဂ်ပွဲမှာ အဝေးကွင်း သရေကျလာတဲ့ အာဆင်နယ် အနေနဲ့ ပရီးမီးယားလိဂ်မှာတော့ နိုင်ပွဲ ပြန်ရှာဖို့ လိုအပ်နေပြီ ဆိုရမှာပါ။

ပွဲချိန်ကတော့ စနေနေ့ည ၁၂ နာရီ တိတိပါ။ ဒီပွဲစဉ်အတွက် စကိုင်းစပေါ့မှ နာမည်ကျော် သုံးသပ်သူ ချာလီ နစ်ကိုးလပ်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်တွေကို ဖော်ပြပေးပါမယ်။

” စိန့်မေရီမှာ စံချိန်တင် အောင်ပွဲခံ နိုင်ပွဲရပြီးတဲ့ နောက် ပြီးခဲ့တဲ့ တနင်္ဂနွေမှာလည်း လက်စတာက ခရစ္စတယ်ပဲလေ့စ်ကို နိုင်ခဲ့ပေမယ့် ချီးကျူးသံတွေ တိတ်ခဲ့ပါတယ်။ ထိုပွဲကလည်း ဘရန်ဒန်ရော်ဂျာ အသင်းရဲ့ ပရော်ဖက်ရှင်နယ် ဆန်တဲ့ စွမ်းဆောင်ရည်ကောင်း မြင်ခဲ့ရပြီး ပုံစံကောင်းတွေ ဆက်တိုက် ရနေတာပါ။ ”

” ဆဲလ်ဟက် ပါ့ခ်က ပွဲမှာ ဂျိမ်းစ် မက်ဒီဆန်က အသင်းဖော်တွေ အတွက် အခွင့်အရေး ၈ ကြိမ် ဖန်တီးမှု ပြုလုပ်ခဲ့ပြီး ဗာဒီကလည်း ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ၎င်းတို့ နှစ်ဦး အတွဲအဖက်က ဒီရာသီ ထူးချွန်စွာ ခြေစွမ်းပြနေပြီး လက်စတာအသင်းအတွက် အရေးပါတဲ့ ကစားသမားတွေ ဖြစ်ကြပါတယ်။ ”

” အာဆင်နယ်ကလည်း ကင်းပါဝါမှာ အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်မှာပါ။ ဒါပေမယ့် အိမ်ရှင်အသင်းကပဲ ခြေပျက်နေတဲ့ အာဆင်နယ်ထံက အနိုင်သုံးမှတ် အပြည့်ယူသွားနိုင်မယ် ထင်ပါတယ်။” လို့ အိုဝင်က သုံးသပ်ထားပါတယ်။

မိုက်ကယ်အိုဝင် ရလဒ်ခန့်မှန်းကတော့ နှစ်သင်းလုံး ဂိုးသွင်းပြီး လက်စတာ အနိုင်ပါ။

Zawgyi

အသင္း ကစားပံုေရာ ရလဒ္ေတြပါ ဆိုး၀ါးေနလို႔ ေ၀ဖန္မႈ ဖိအားေတြ ရင္ဆိုင္ေနရတဲ့ အမ္မရီနဲ႕ အာဆင္နယ္ အသင္းဟာ ဒီရာသီ ေျခစြာေနျပီး အဆင့္ ၃ ေနရာမွာ ရွိေနတဲ့ လက္စတာကို ဒီတပတ္ အေ၀းကြင္းမွာ သြားေရာက္ ရင္ဆိုင္ ကစားရေတာ့မွာ ျဖစ္ပါတယ္။ ၾကားရက္ ယူရိုပါလိဂ္ပြဲမွာ အေ၀းကြင္း သေရက်လာတဲ့ အာဆင္နယ္ အေနနဲ႕ ပရီးမီးယားလိဂ္မွာေတာ့ နိုင္ပြဲ ျပန္ရွာဖို႔ လိုအပ္ေနျပီ ဆိုရမွာပါ။

ပြဲခ်ိန္ကေတာ့ စေနေန႔ည ၁၂ နာရီ တိတိပါ။ ဒီပြဲစဥ္အတြက္ စကိုင္းစေပါ့မွ နာမည္ေက်ာ္ သံုးသပ္သူ ခ်ာလီ နစ္ကိုးလပ္ရဲ႕ သံုးသပ္ခ်က္နဲ႕ ခန္႔မွန္းရလဒ္ေတြကို ေဖာ္ျပေပးပါမယ္။

” စိန္႔ေမရီမွာ စံခ်ိန္တင္ ေအာင္ပြဲခံ နုိင္ပြဲရျပီးတဲ့ ေနာက္ ျပီးခဲ့တဲ့ တနဂၤေႏြမွာလည္း လက္စတာက ခရစၥတယ္ပဲေလ့စ္ကို နုိင္ခဲ့ေပမယ့္ ခ်ီးက်ဴးသံေတြ တိတ္ခဲ့ပါတယ္။ ထိုပြဲကလည္း ဘရန္ဒန္ေရာ္ဂ်ာ အသင္းရဲ႕ ပေရာ္ဖက္ရွင္နယ္ ဆန္တဲ့ စြမ္းေဆာင္ရည္ေကာင္း ျမင္ခဲ့ရျပီး ပံုစံေကာင္းေတြ ဆက္တိုက္ ရေနတာပါ။ ”

” ဆဲလ္ဟက္ ပါ့ခ္က ပြဲမွာ ဂ်ိမ္းစ္ မက္ဒီဆန္က အသင္းေဖာ္ေတြ အတြက္ အခြင့္အေရး ၈ ၾကိမ္ ဖန္တီးမႈ ျပဳလုပ္ခဲ့ျပီး ဗာဒီကလည္း ဂိုးသြင္းနုိင္ခဲ့ပါတယ္။ ၄င္းတို႔ နွစ္ဦး အတြဲအဖက္က ဒီရာသီ ထူးခၽြန္စြာ ေျခစြမ္းျပေနျပီး လက္စတာအသင္းအတြက္ အေရးပါတဲ့ ကစားသမားေတြ ျဖစ္ၾကပါတယ္။ ”

” အာဆင္နယ္ကလည္း ကင္းပါ၀ါမွာ အခြင့္အေရးေကာင္းေတြ ဖန္တီးနုိင္မွာပါ။ ဒါေပမယ့္ အိမ္ရွင္အသင္းကပဲ ေျခပ်က္ေနတဲ့ အာဆင္နယ္ထံက အနုိင္သံုးမွတ္ အျပည့္ယူသြားနိုင္မယ္ ထင္ပါတယ္။” လို႔ အို၀င္က သံုးသပ္ထားပါတယ္။

မိုက္ကယ္အို၀င္ ရလဒ္ခန္႔မွန္းကေတာ့ နွစ္သင္းလံုး ဂိုးသြင္းျပီး လက္စတာ အနိုင္ပါ။