နိုင်ငံတကာသီတင်းပတ်မှာ ယှဉ်ပြိုင်ကစားရမယ့် မွန်တီနီဂရိုးနဲ့ ကိုဆိုဗိုတို့နဲ့ ယှဉ်ပြိုင်မယ့် အင်္ဂလန်လက်ရွေးစင် လူစာရင်းကို မန်နေဂျာဆောက်ဂိတ်က ထုတ်ပြန်ခဲ့ပြီဖြစ်ပြီး ကွင်းလယ်လူ ချိန်ဘာလိန် အပါအဝင် လီဗာပူးအသင်းသား လေးဦး ရွေးချယ်ခံထားရပါတယ်။

အင်္ဂလန်ဟာ နိုဝင်ဘာလ ၁၄ ရက်နေ့ ဝင်ဘာလေမှာ မွန်တီနီဂရိုး၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ကိုဆိုဗိုတို့နဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲကို ယှဉ်ပြိုင်ကစားရမှာပဲဖြစ်တယ်။ ဒဏ်ရာကနေ ပြန်သက်သာလာပြီး ခြေစွမ်းကောင်းမွန်နေတဲ့ ချိန်ဘာလိန်က သွင်းဂိုးတွေ ပြန်ရယူနိုင်တဲ့နောက် အင်္ဂလန်လူစာရင်းမှာ ပြန်ပါခဲ့ပါတယ်။ သူဟာ ဒဏ်ရာပြဿနာတွေကြောင့် အင်္ဂလန်အသင်းနဲ့ လွဲချော်ခဲ့တာ တစ်နှစ်ကျော်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပွဲမှာ အဖျားရောဂါကြောင့် မပါနိုင်ခဲ့တဲ့ ဟန်ဒါဆန်လည်း ရွေးချယ်ခံခဲ့ရပြီး ခံစစ်သမားတွေဖြစ်တဲ့ ဂိုးမက်စ်နဲ့ ထရန့်လည်း ပြန်လည် ပါဝင်လာခဲ့တယ်။ လက်ရွေးစင် ပြန်ရွေးခံရဖို့ ကြိုးစားနေတယ် လယ်လာနာကတော့ ပါဝင်လာခဲ့ခြင်း မရှိသေးပါဘူး။ အင်္ဂလန်ဟာ ခြေစစ်ပွဲကို အောင်မြင်ဖို့ ရမှတ် တစ်မှတ်ရမယ်ဆိုရင်ကို ၂၀၂၀ ယူရိုပြိုင်ပွဲကို ပါဝင် ယှဉ်ပြိုင်ခွင့်ရပြီဖြစ်ပါတယ်။

England Squad vs. Montenegro & Kosovo

Goalkeepers: Pickford, Heaton, Pope

Defenders: Alexander-Arnold, Gomez, Chilwell, Keane, Maguire, Mings, Rose, Stones, Trippier, Tomori

Midfielders: Henderson, Oxlade-Chamberlain, Barkley, Maddison, Delph, Mount, Rice, Winks

Forwards:Kane, Sancho, Abraham, Rashford, Sterling, Wilson, Hudson-Odoi

ZAWGYI

ႏိုင္ငံတကာသီတင္းပတ္မွာ ယွဥ္ျပိဳင္ကစားရမယ့္ မြန္တီနီဂရိုးနဲ႔ ကိုဆိုဗိုတို႔နဲ႔ ယွဥ္ျပိဳင္မယ့္ အဂၤလန္လက္ေရြးစင္ လူစာရင္းကို မန္ေနဂ်ာေဆာက္ဂိတ္က ထုတ္ျပန္ခဲ့ျပီျဖစ္ျပီး ကြင္းလယ္လူ ခ်ိန္ဘာလိန္ အပါအဝင္ လီဗာပူးအသင္းသား ေလးဦး ေရြးခ်ယ္ခံထားရပါတယ္။

အဂၤလန္ဟာ ႏိုဝင္ဘာလ ၁၄ ရက္ေန႔ ဝင္ဘာေလမွာ မြန္တီနီဂရိုး၊ ႏိုဝင္ဘာလ ၁၇ ရက္ေန႔မွာ ကိုဆိုဗိုတို႔နဲ႔ ယူရို ၂၀၂၀ ေျခစစ္ပြဲကို ယွဥ္ျပိဳင္ကစားရမွာပဲျဖစ္တယ္။ ဒဏ္ရာကေန ျပန္သက္သာလာျပီး ေျခစြမ္းေကာင္းမြန္ေနတဲ့ ခ်ိန္ဘာလိန္က သြင္းဂိုးေတြ ျပန္ရယူႏုိင္တဲ့ေနာက္ အဂၤလန္လူစာရင္းမွာ ျပန္ပါခဲ့ပါတယ္။ သူဟာ ဒဏ္ရာျပႆနာေတြေၾကာင့္ အဂၤလန္အသင္းနဲ႔ လြဲေခ်ာ္ခဲ့တာ တစ္ႏွစ္ေက်ာ္ခဲ့ျပီလည္း ျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ပြဲမွာ အဖ်ားေရာဂါေၾကာင့္ မပါႏုိင္ခဲ့တဲ့ ဟန္ဒါဆန္လည္း ေရြးခ်ယ္ခံခဲ့ရျပီး ခံစစ္သမားေတြျဖစ္တဲ့ ဂိုးမက္စ္နဲ႔ ထရန္႔လည္း ျပန္လည္ ပါဝင္လာခဲ့တယ္။ လက္ေရြးစင္ ျပန္ေရြးခံရဖို႔ ၾကိဳးစားေနတယ္ လယ္လာနာကေတာ့ ပါဝင္လာခဲ့ျခင္း မရွိေသးပါဘူး။ အဂၤလန္ဟာ ေျခစစ္ပြဲကို ေအာင္ျမင္ဖို႔ ရမွတ္ တစ္မွတ္ရမယ္ဆိုရင္ကို ၂၀၂၀ ယူရိုျပိဳင္ပြဲကို ပါဝင္ ယွဥ္ျပိဳင္ခြင့္ရျပီျဖစ္ပါတယ္။

England Squad vs. Montenegro & Kosovo

Goalkeepers: Pickford, Heaton, Pope

Defenders: Alexander-Arnold, Gomez, Chilwell, Keane, Maguire, Mings, Rose, Stones, Trippier, Tomori

Midfielders: Henderson, Oxlade-Chamberlain, Barkley, Maddison, Delph, Mount, Rice, Winks

Forwards:Kane, Sancho, Abraham, Rashford, Sterling, Wilson, Hudson-Odoi